Latest News

Saturday, July 1, 2017

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုံခြုံရေးဆောင်ရွက်ရန် ပြည်ပကုမ္ပဏီ သုံးခုနှင့် ဆွေးနွေးဆဲဟုဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုံခြုံရေးဆောင်ရွက်ရန် ပြည်ပကုမ္ပဏီ သုံးခုနှင့် ဆွေးနွေးဆဲဟုဆို

ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်လုံခြုံရေး တာဝန်ယူ ဆောင်ရွက်ရန် အမေရိကန်အပါ အ၀င် ပြည်ပကုမ္ပဏီကြီးသုံးခုက အဆိုပြုကမ်းလှမ်းထားပြီး ကုမ္ပ ဏီများဘက်မှပေးမည့်ဝန် ဆောင်မှုနှင့် ကုန်ကျမည့်ငွေကြေးတို့ကို တွက်ချက်နေဆဲဖြစ်ကြောင်း  လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးရဲထွဋ်အောင်က ပြောကြားသည်။

‘‘လက်ရှိမှာတော့ အဆိုပြု လွှာကို တင်ခိုင်းထားတယ်။ အ မေရိကန်ကုမ္ပဏီတစ်ခုရယ်၊ အစ္စ ရေးရယ်၊ အင်္ဂလန်က ကုမ္ပဏီတစ်ခုပါ။ အဓိကကတော့ လုံခြုံရေးကိစ္စကို စီမံခန့်ခွဲမှုကို ကန်ထရိုက်ပေးထားပါ’’ဟု ၎င်းကပြောသည်။

အဆိုပြုလွှာတင်သွင်းထား သူများ ပြန်လည်စိစစ်ခြင်းကို အ ချိန်ကန့်သတ်ထားခြင်း မရှိသော် လည်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဦးဆောင်သည့် အဖွဲ့နှင့် လေကြောင်းပို့ဆောင် ရေးဦးစီးဌာနတို့က ဦးစီးဆောင် ရွက်မည် ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal(1)ရှေ့တွင် ဇန်န၀ါရီ ၂၉ ရက်က NLD ပါတီ ၏ ဥပဒေအထောက်အကူပြုအ ဖွဲ့ဝင် (ဗဟို)တရားလွှတ်တော် ရှေ့နေ ဦးကိုနီလုပ်ကြံခံရပြီး နောက် ရန်ကုန်လေဆိပ် လုံခြုံရေးအားနည်းကြောင်း ပြည်သူများက ဝေဖန်မှုများရှိကာ လေဆိပ်လုံခြုံရေးကို အဆင့်မြှင့်တင်မှုများ ပြု လုပ်ခဲ့သည်။

‘‘ဦးကိုနီ လုပ်ကြံခံရပြီးတဲ့ နောက်ပိုင်း လေဆိပ်လုံခြုံရေးအ ပေါ် ဝေဖန်မှုတွေကြားရပါတယ်။ အခုနောက်ပိုင်း လုံခြုံရေးပိုပြီးအ ဆင်မြှင့်တင်ထားတယ်။ လေဆိပ် အတွင်း၊ အပြင် လိုအပ်တဲ့နေရာ တွေမှာ စစ်ဆေးမှုတွေလုပ်နေပါ တယ်’’ဟု ရန်ကုန်လေဆိပ် ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

လေဆိပ်လုံခြုံရေးအတွက် မိုင်းရှာဖွေရန်နှင့် မူးယစ်ဆေးဝါး များ ရှာဖွေရန် ခွေး ၁၀ ကောင်ဖြင့်လုံခြုံရေးဆောင်ရွက်နေပြီး ခွေး၁၀ ကောင်ကို ထပ်မံဝယ်ယူကာ လုံခြုံရေးအင်အား ထပ်မံဖြည့်တင်းမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၆၉ ခုအနက်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအ၀င် ပြည်တွင်းလေဆိပ်  ၃၁ခုသာ အမှန်တကယ်လုပ်ငန်း လည်ပတ်နေပြီး အပြည်ပြည်ဆိုင် ရာ လေကြောင်းလိုင်း ၂၈ ခုနှင့် ပြည်တွင်းလေကြောင်းလိုင်း ၁၀ ခုပြေးဆွဲနေကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၆ ဇန်န၀ါရီ ၁ ရက်မှဒီဇင်ဘာ ၃၁ ရက်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၂ဒသမ ၉ သန်းကျော်လာရောက်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှနိုင်ငံခြားသားခရီးသွား တစ်သန်းကျော် ၀င်ရောက်ခဲ့ကာ အာရှနိုင်ငံသားအများဆုံး လာ ရောက်လည်ပတ်ခဲ့သည်။

7Day News

No comments:

Post a Comment