Latest News

Tuesday, July 11, 2017

E-Government Integrated Data Center ကို လာမယ့်နှစ်မှာ တည်ဆောက်သွားမည်

E-Government Integrated Data Center ကို လာမယ့်နှစ်မှာ တည်ဆောက်သွားမည်

မြန်မာနိုင်ငံ ICT ကဏ္ဍကို အရှိန်အဟုန် မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ e-Government Integrated Data Center စီမံကိန်းကို လာမယ့် ၂၀၁၈ ခုနှစ်မှာ တည်ဆောက်သွားတော့မှာ ဖြစ်ပါတယ်။

နေပြည်တော်မှာ တည်ဆောက်သွားမယ့် ဒီစီမံကိန်းကို တောင်ကိုရီးယားကုမ္ပဏီကနေ ကွင်းဆင်းလေ့လာနေပြီလို့ လည်း သိရပါတယ်။ ဒီ Data Center မှာ နိုင်ငံတော်အဆင့် အရေးကြီးသတင်းအချက်အလက်များ လုံခြုံမှုရှိစေဖို့ ဒေတာ Backup စနစ်များ နဲ့ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်များကြောင့် အချက်အလက်မဆုံးရှုံးစေရေး စနစ်များပါ ထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ Data Center တည်ဆောက်ဖို့အတွက် လိုအပ်တဲ့မြေနေရာကိုလည်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီကို တင်ပြတောင်းခံခဲ့ပြီးနောက် ဇမ္ဗုသီရိမြို့နယ်မှာ မြေနေရာအသုံးပြုခွင့်ရရှိခဲ့ပြီးဖြစ်တယ် လို့သိရပါတယ်။
ယခု စီမံကိန်းကို လာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းကာလမှာ သုံးနှစ်ခန့် ကြာမြင့်မယ်လို့သိရပါတယ်။ စီမံကိန်းဆောင်ရွက်တဲ့အခါမှာလည်း EDCF ရဲ့မူဝါဒနဲ့အညီ အတိုင်ပင်ခံငှားပြီး ဆောင်ရွက်မယ် လို့ဆိုပါတယ်။၂၀၁၅ ခုနှစ်မှာ ကိုရီးယား သမ္မတနိုင်ငံရဲ့ EDCF ချေးငွေနဲ့ Myanmar Basic e-Government စီမံကိန်းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


အဲဒီအစီအစဉ်နဲ့ တပ်ကုန်းမှာ e-Government Data Center တစ်ခုကို တည်ဆောက်ပြီး ဝန်ကြီးဌာနများအားလုံးအတွက် Sever များ အသီးသီးတပ်ဆင်ပေးခဲ့ပြီး Common e-Government Application များအဖြစ် Government Personnel Management System(GPMS), Electronic Document Management System (EDMS)နဲ့ e-mail စနစ်တွေကို ဝန်ကြီးဌာနတွေက ဆောင်ရွက်ပေးခဲ့တယ် လို့ဆိုပါတယ်။
e-Government Integrated Data Center ကို ကိုရီးယားသမ္မတနိုင်ငံ Economic Development Cooperation Fund (EDCF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့်ရယူပြီး တည်ဆောက် နိုင်ရေးအတွက် စီမံကိန်းအဆိုပြုလွှာကို ၉-၆-၂၀၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးက သဘောတူခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Souce: Internet Journal

Duwun

No comments:

Post a Comment