Latest News

Friday, July 7, 2017

လာမည့်နှစ်မော်တော်ယာဉ်တင်သွင်းရာတွင်ကောက်ခံမည့်(CIF)ဈေးနှုန်းကိုမူလဝယ်ယူရသည့်တန်ဖိုးအတိုင်းသာ ကောက်ခံရန်စီစဉ်နေ

လာမည့်နှစ်မော်တော်ယာဉ်တင်သွင်းရာတွင်ကောက်ခံမည့်(CIF)ဈေးနှုန်းကိုမူလဝယ်ယူရသည့်တန်ဖိုးအတိုင်းသာ ကောက်ခံရန်စီစဉ်နေ

နေပြည်တော်ဇူလိုင် (၈)

၂၀၁၀ခုနှစ်မှစ၍ယခုနှစ်အထိ မော်တော်ယာဉ်တင်သွင်းရာတွင် စည်းကြပ်သည့်အခွန်တန်ဖိုးကို သတ်မှတ်ထားသည့် (CIF/AV)နှုန်းထားများပေါ်တွင်သာကောက်ခံခဲ့သော်လည်း လာမည့်နှစ်မှစတင်ကာ တင်သွင်းလာသည့်မော်တော်ယာဉ်၏မူလဈေးနှုန်းအမှန်အတိုင်းသာပြောင်းလဲကောက်ခံသွားရန်စီစဉ်လျှက်ရှိကြောင်းသိရသည်။

ယခုအချိန်ထိမော်တော်ယာဉ်တင်သွင်းရာ၌ ကားအမျိုးအစားနှင့်မော်ဒယ်နှစ်အပေါ်တွင် (CIF/AV)ဈေးနှုန်းများကိုအသီသီးသတ်မှတ်ထားပြီး မူလဝယ်ရင်းဈေးမည်မျှပင်ရှိစေကာမူ သတ်မှတ်ထားသည့် နှုန်းထားပေါ်တွင်သာ တွက်ချက်၍အခွန်ပေးဆောင်နေရခြင်းဖြစ်သည်။ယခုနှစ်ကုန်မှစ၍ တင်သွင်းလာမည့်မော်တော်ယာဉ်၏ (In voice)ပါဈေးနှုန်းအတိုင်းကောက်ခံသွားရန်စီစဉ်နေခြင်းဖြစ်သည်။

"ကားတွေက အခုဆိုအင်ဂျင်ပါဝါ(၁၃၅၀)စီစီအောက်ကားတိုင်းကို (CIF)ဈေးကိုဒေါ်လာ(၅၀၀၀)ဆိုပြီးသတ်မှတ်ထားတယ်။များသောအားဖြင့်အိမ်စီးအဲဒီကားလေးတွေက ဝယ်ဈေးဒေါ်လာ(၅၀၀၀)မရှိပါဘူး၊လာမယ့်နှစ်မှာဆိုရင်တော့ဝယ်ရင်းဈေးအတိုင်းအခွန်တွေဆောင်ရမယ်ဆိုရင် သက်သာသွားနိုင်ပါတယ်၊ယန္တရားတွေကတော့ မူလသတ်မှတ်ထားတဲ့(CIF)ထက်ဈေးများတဲ့တချို့ဟာတွေဆိုရင် (In voice)ကိုမှန်မှန်ကန်ကန်ပြကြဖို့တော့လိုပါမယ်"ဟု မန္တလေးမြို့မှကားတင်သွင်းရောင်းချနေသည့်လုပ်ငန်းရှင် ဦးအေးဆွေ ကဆိုသည်။

လက်ရှိအချိန်တွင် လူသုံးများနေသည့် (၆၆၀)စီစီခွေးဘီလူးကားလေးများ၏ တန်ဖိုးမှာ ဒေါ်လာ(၂၀၀၀)ဝန်းကျင်သာဝယ်ရသော်လည်း (CIF/AV)နှုန်းအရဒေါ်လာ(၅၀၀၀)နှင့်တွက်ချက်၍အခွန်ဆောင်နေရခြင်းဖြစ်သည်။ထိုကြောင့် လာမည့်နှစ်တွင် အိမ်စီးကားအချို့၏အခွန်ပေးဆောင်ရနှုန်းလျှော့ကျလာဖွယ်ရှိနေပြီး တင်သွင်းလာမည့်သူများအနေဖြင့် အမှန်တကယ်ဝယ်ယူရသည့်(In voice)နှင့်(Sale contract)ဈေးများအတိုင်းအခွန်ဆောင်ကြရမည်ဖြစ်ပြီး မမှန်မကန်ပြုလုပ်ခြင်းအတုအပပြုလုပ်ခြင်းများတွေ့ရှိပါက လုပ်ထုံးလုပ်နည်းများအတိုင်းအရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း စီးပွားရေးနှင့်ကူးသန်းရာင်းဝယ်ရေးဝန်ကြီးဌာနမှ ဇွန်လ(၂၁)ရက်နေ့ကကြေငြာထားပြီးဖြစ်သည်။

အောင်ပြည့်စုံ
Popular News

No comments:

Post a Comment