Latest News

Friday, July 7, 2017

တားဆီးနှိမ်နင်းရေးနှင့် တရားစီရင်ရေး မဟာဗျူဟာ တစ်ခုတည်းဖြင့် မူးယစ်ပြဿနာကို ဖြေရှင်း၍ မရတော့ဟု ပြည်ထဲရေး ဒုတိယဝန်ကြီး ဆို

တားဆီးနှိမ်နင်းရေးနှင့် တရားစီရင်ရေး မဟာဗျူဟာ တစ်ခုတည်းဖြင့်  မူးယစ်ပြဿနာကို ဖြေရှင်း၍ မရတော့ဟု ပြည်ထဲရေး ဒုတိယဝန်ကြီး ဆို


နေပြည်တော်၊ဇူလိုင်၇

မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ တားဆီးနှိမ်နင်းရေးနှင့် တရားစီရင်ရေး မဟာဗျူဟာ တစ်ခုတည်းကိုသာ အသုံးချ၍မရဘဲ အခြားစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီ ဟု မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒရေးဆွဲရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ရေးဆွဲရေး ဦးစီးကော်မတီ အစည်းအဝေးတွင် ဒုတိယဝန်ကြီး က အထက်ပါ စကားကို ပြောခဲ့ခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာကို အရေးယူ အပြစ်ပေး၊တားဆီးနှိမ်နင်းမှုဖြင့်သာ ကိုင်တွယ်ဖြေရှင်းနေပြီး၊ယနေ့အချိန်အထိ အောင်မြင်မှုမရှိသေးပေ။

ပြည်ထဲရေးဝန်ကြီးဌာနက မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ရေးဆွဲ ဖော်ဆောင်ရေး အစီရင်ခံစာကို ရေးသားတော့မည် ဖြစ်သည်။

Popular News

No comments:

Post a Comment