Latest News

Tuesday, July 18, 2017

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးဟောင်း တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခံရ



ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးဟောင်း တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခံရ
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးဟောင်း ဦး---------- တစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်
ခြင်းခံရထားရတယ်လို့ ပုသိမ်မြို့ မရဲစခန်းကအတည်ပြုပြောဆိုပါတယ်။
တိုင်းရဲတပ်ဖွဲ့ မှူးဟောင်းကို ပုသိမ်မြို့ မရဲစခန်းက(ပ)၂၂၅ တစ်လင်တစ်မယားဥပဒေ ပုဒ်မ ၁၃ဖြင့် အမှုဖွင့်ထားတာ ဖြစ်ပါတယ်.။
ဘယ်သူ က ဖွင့်ထားတယ် ဘာကြောင့် ဖွင့်ထားတယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့ က အသေးစိတ်
ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ရဲမှူးဟောင်းဟာ ဧရာဝတီတိုင်းဒေသကြီးမှာတိုင်းရဲတပ်ဖွဲ့ မှူးကြီးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆာင်
ခဲ့ ပြီး အငြိမ်းစားယူခဲ့ တာပါ။
သူတာဝန်ထမ်းဆောင်ခဲ့ ချိန်မှာ မူးယစ်ဆိုင်များနဲ့ KTVဆိုင်များကို ည ၁၁ နာရီ နောက်ဆုံးထားဖွင့်
ခွင့်ပြုခဲ့ ပြီးလိုင်စင်မဲ့ အရက်တွေကိုလည်းဖော်ထုတ်ဖမ်းဆီးခဲ့ တာတွေရှိပါတယ်.။
 မျိုးမင်းပိုင်

No comments:

Post a Comment