Latest News

Wednesday, July 19, 2017

ဧရာဝတီ၊ ချင်းတွင်းနှင့် ငဝန်မြစ်ရေ မြို့ကိုးမြို့တွင် စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေ၍ ရေဘေးသတိပြုရန် မိုးဇလသတိပေး

ဧရာဝတီ၊ ချင်းတွင်းနှင့် ငဝန်မြစ်ရေ မြို့ကိုးမြို့တွင် စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေ၍ ရေဘေးသတိပြုရန် မိုးဇလသတိပေး

ဧရာဝတီ၊ ချင်းတွင်းနှင့် ငဝန်မြစ်ရေသည် မြို့ကြီးကိုး မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ ရေဘေးသတိ ပြုရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် ပခုက္ကူ၊ညောင်ဦး၊ ဟင်္သာတ၊ ဇလွန်မြို့ နှင့် ချင်းတွင်းမြစ်ရေသည် မော်လိုက်၊ ကလေးဝ၊ မင်းကင်း နှင့် မုံရွာမြို့တွင် စိုးရိမ်ရေမှတ် အထက်တွင် မြင့်တက်နေသည်။ ငဝန်မြစ်သည် ငါးသိုင်းချောင်း မြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့် ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း ပေဝက် ခန့် ဆက်လက်တက်လာနိုင် ကြောင်း သတိပေးထားသည်။

ဧရာဝတီမြစ်ရေသည် ဇူ လိုင် ၁၈ ရက် တိုင်းတာချက်အရ ပခုက္ကူနှင့် ညောင်ဦးမြို့တွင် အနည်းငယ် ပြန်ကျနေသော် လည်း ဟင်္သာတနှင့် ဇလွန်မြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် တွင်ရှိနေကာ နောက်သုံးရက် အတွင်း တစ်ပေခန့်စီ ဆက်တက် လာနိုင်ကြောင်း သတိပေးထား သည်။ ချင်းတွင်းမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေ မှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်ကြောင်း သတင်းထုတ်ပြန် ထားသည်။

ဘားအံမြို့တွင် စိုးရိမ်ရေ မှတ်အထက်သို့ တစ်ပေခန့်မြင့် တက်ခဲ့သော သံလွင်မြစ်ရေ သည် ဇူလိုင် ၁၈ ရက်တွင် စိုးရိမ် ရေမှတ်အောက်သို့ ပြန်ကျသွားခဲ့ သည်။ သံလွင်မြစ်ရေ မြင့်တက်ခဲ့ ၍ ဘားအံမြို့၌ မြေနိမ့်ရပ်ကွက် များ ရေလွှမ်းမိုးမှု ရင်ဆိုင်ခဲ့ရ သည်။ ဧရာဝတီ၊ ချင်းတွင်းနှင့် ငဝန်မြစ်တို့ စိုးရိမ်ရေမှတ်အထက် မြင့်တက်နေ၍ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် လူဦးရေ ၅၀,၀၀၀ ခန့် ရေဘေး ရင်ဆိုင်နေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
7Day News

No comments:

Post a Comment