Latest News

Tuesday, July 11, 2017

ကမ္ဘာ့ဈေးအရှိုန်ကြောင့် ပြည်တွင်းရွှေဈေး ဆက်တိုက်ကျဆင်း

ကမ္ဘာ့ဈေးအရှိုန်ကြောင့် ပြည်တွင်းရွှေဈေး ဆက်တိုက်ကျဆင်း

နိုင်နိုင်ဇော်/ရန်ကုန်၊ဇူလိုင် ၁၁

ကမ္ဘာ့ရွှေဈေးအရှိုန်ကြောင့် ပြည်တွင်းရွှေဈေးဆက်တိုက်
ကျဆင်းလာနေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းထံ
ကသိရပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ရဲ့ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်
သားကို ကျပ် ၈ သိန်း ၈ သောင်းဝန်းကျင်သာရှိတော့ ပြီး လဝက်အတွင်းကျပ် ၃ သောင်းဝန်းကျင် ကျဆင်းသွား
တာဖြစ်ပါတယ်။

တိတ်စိန်ရွှေဆိုင်ရှင်ဦးဇော်အောင်က “ ကမ္ဘာ့ဈေးဆက်တိုက်
ကျလာတဲ့အတွက် ပြည်တွင်းရွှေဈေးကလည်း နေစဉ်လိုလို
ကျနေတာ၊ ဒီနေဆိုကမ္ဘာ့ဈေးက ၁၂၁၂ ဒေါ်လာလောက်ပဲရှိ
တော့ ပြည်တွင်းဈေးက ကျပ် ၈ သိန်း ၈ သောင်းလောက်ပဲရှိ
တော့တယ်” လို့ပြောပါတယ်။

လက်ရှိကမ္ဘာ့ဈေးက အကျဘက်မှာရှိနေပြီး ပြည်တွင်းရွှေဈေး
ကွက်မှာလည်း အရောင်းအဝယ်အေးနေတာမို့ ဈေးပိုမိုကျ
ဆင်းဖို့ များလာတယ်လို့လည်း ရွှေဘုံသာလမ်းအခြေစိုက်
ရွှေလုပ်ငန်းရှင်တွေက ခန့်မှန်းကြပါတယ်။

ဇွန်လကုန်ပိုင်းပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို
ကျပ် ၉ သိန်း ၈ ထောင်ဝန်းကျင်အထိ ထောင်တက်ခဲ့ပြီး
ကနေ့ဇူလိုင် ဒုတိယပတ်မှာရွှေဈေးက ကျပ် ၈ သိန်း ၈ သောင်းဝန်းကျင်အထိကျဆင်းတာကြောင့် ဈေးကွက်
အ တွင်း အဝယ်အနည်းငယ်လိုက်လာတယ်လို့
သိရပါတယ်။

လက်တလောရဲ့ဒေါ်လာဈေးက ၁၃၅၅ ကျပ်ဝန်းကျင်
မှာဆက်ရှိနေတာကြောင့် ကမ္ဘာ့အပြောင်းအလဲကြောင့် သာ ပြည်တွင်းရွှေဈေးကျဆင်းနေတာဖြစ်ပြီး အခြားသော
ထူခြားမှုမရှိသေးဘူးလို့လည်း မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်အသင်းတာဝန်ရှိသူထံကသိရပါတယ်။
SFJ Strategy First Journal

No comments:

Post a Comment