Latest News

Tuesday, July 11, 2017

စစ်ကိုင်းမြို့ ဧရာဝတီကမ်းတွင် ရေယာဉ်နစ်မြုပ်ကာ မြန်မာ့သစ်လုပ်ငန်းမှ သစ်လုံးများ မျောပါ

စစ်ကိုင်းမြို့ ဧရာဝတီကမ်းတွင် ရေယာဉ်နစ်မြုပ်ကာ မြန်မာ့သစ်လုပ်ငန်းမှ သစ်လုံးများ မျောပါ


စစ်ကိုင်းမြို့ ဧရာဝတီမြစ်မှာ ဇူလိုင်လ ၁၁ ရက်နေ့ မနက်က သူရိန်မျိုးဝင်း မော်တော်ရေယာဉ် နစ်မြုပ်မှုကြောင့် တင်ဆောင်လာတဲ့ မြန်မာ့သစ်လုပ်ငန်းမှ သစ်တွေ မျောပါလာတာကြောင့် မီးသတ်တပ်ဖွဲ့က ဆယ်ယူခဲ့ရပါတယ်။

အဆိုပါ မော်တော်ရေယာဉ်က သယ်ဆောင်လာတဲ့ သစ်တွေဟာ လွန်ခဲ့တဲ့ ၂ လလောက်က ကသာမြို့ဘက်က သယ်ဆောင်ခဲ့တဲ့သစ်တွေ ဖြစ်ပြီး စစ်ကိုင်းမြို့ မင်းလမ်းထိပ်ရှိ ကမ်းနားလမ်းအနီးမှာ ဂွဲကြိုးပြတ်ပြီး ယာဉ်ဝမ်းဗိုက်ပေါက်ကာ အခုလို နစ်မြုပ်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ဦးသိန်းသူက “တကယ်တမ်း ဖြစ်တာက အရင်ည ၁၂ နာရီလောက်က ဖြစ်တာ။ သစ်တွေက ကသာကနေ သယ်လာတာကြာပြီ။ ၂ လလောက်ရှိပြီ။ ပို့ဆောင်ဖို့ အမိန့်မကျသေးလို့ ဝါးချပ်ဆေးရုံဘက်က ဆိပ်ကမ်းမှာ သစ်တွေ ထားတာ။ အမိန့်ကျတော့ အဲဒီကမှတဆင့် ပို့ဖို့ရာ သယ်လာရင်း အခုလို ဖြစ်တာပါ။ မနက်ကျတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ ၃ နေရာစီ လူစုခွဲ ဆယ်ရတယ်” လို့ ပြောပါတယ်။

အဆိုပါ ရေယာဉ်တိမ်းမှောက်မှုကြောင့် သစ်လုံးတွေ မျောပါခဲ့ပေမယ့် ဒဏ်ရာရသူနဲ့ သေဆုံးသူတော့ မရှိခဲ့ပါဘူး။

မြစ်အတွင်း မျောပါနေတဲ့ သစ်လုံးတွေနဲ့ ဆယ်ယူရရှိထားတဲ့ စုစုပေါင်းသစ်အရေတွက် တန်ဖိုး စာရင်းတွေကိုတော့ တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပြီး အုပ်စုခွဲပြီး ဝိုင်းဝန်းဆယ်ယူနေတယ်လို့ သိရပါတယ်။
DVB

No comments:

Post a Comment