Latest News
Wednesday, July 19, 2017
ယဉ်တိုက်မှုမှာ ခါးပတ်ပတ်လို့  အသက်မပျောက်ခဲ့ တာလို့ ဆိုတဲ့ ကိုအောင်ကျော်မင်းနဲ့  တိုင်းဧရာကတွေ့ ဆုံထားပါတယ်
ယဉ်တိုက်မှုမှာ ခါးပတ်ပတ်လို့  အသက်မပျောက်ခဲ့ တာလို့ ဆိုတဲ့ ကိုအောင်ကျော်မင်းနဲ့  တိုင်းဧရာကတွေ့ ဆုံထားပါတယ်
ကိုအောင်ကျော်မင်း  မင်္ဂလာပါ ။ကျွန်တော်က တိုင်းဧရာ မီဒီယာက အယ်ဒီတာတစ်ဦးပါခင်ဗျ ဇူလိုင်လ (၁၈)ရက်နေ့ နံနက်(၇း၃၀)ခန့် ကဖြစ်ပွါးခဲ့ တဲ ယဉ်တိုက်မှုက လူမှုကွန်ယက်တွေမှာလည်း ပျံ့ နှံ့ နေပါတယ်.။လူတစ်ဦးလည်းသေဆုံးခဲ့ တယ်ဆိုတော့လေ ဘယ်လိုများဖြစ်ခဲ့ တာလည်းဆိုတာလေးကို ဆက်သွယ်မေးမြန်းချင်လို့ ပါ။
တိုင်းဧရာ။။။။။။။။။။။။ယဉ်တိုက်မှုဖြစ်စဉ်လေးကိုအကျဉ်းပြောပြပါခင်ဗျ
ကိုအောင်ကျော်မင်း။။။။။။။။။။။။။။။။။။။။။။။။ကျနော်ကပုသိမ်ကနေရန်ကုန်အလုပ်ကိစ္စ အတွက်သွားတာပေါ့ကျနော့်ကား Isuzu Bighorn အမျိုးအစား 3B/1659 ကိုယ်ပိုင်ကားကို တစ်ဦးတည်းကိုယ်တိုင်မောင်းနှင်လာခဲ့တာပါ။ဒါးကနားရောက်တော့ ကွမ်းယာဝယ်စားရင်းပထမအကြိမ်ကားအနားပေးခဲ့ပါတယ်နောက်တော့ဆက်မောင်းလာရင်း အင်ဂျင်အပူများလာလို့ ဆိုပြီး ကံကလေးလမ်းဆုံမှာတစ်ခါနားခဲ့ ပါတယ်။
တိုင်းဧရာ။။။။။။။။။။။။။ဆိုတော့ ကိုအောင်ကျော်မင်းရေ ယဉ်တိုက်မှုက ဘယ်နားမှာဖြစ်တာပါလဲ
ကိုအောင်ကျော်မင်း။။။။။။။။။။မီးသွေးတိုက်ရွာအကျော် ကျောင်းကုန်းတံတားရောက်ခါနီး မှာပေါ့ ရန်ကုန်ဘက်ကနေပုသိမ်ဘက်ပေါ့ ကျတော်နဲ့ မျက်နှာချင်းဆိုင်မောင်းလာတဲ့ Toyota Passo ကားလေးဟာ တော်တော် အရှိန်ပြင်းပြင်းနဲ့ မောင်းလာတော့ကျတော့်စိတ်ထဲကတောင်ပြောလိုက်သေးတယ်ဟိုကားလေးကွာ ကွေ့ကိုအားအရှိန်နဲ့ကွေ့ရလားလို့ ပေါ့အဲ့ လိုမောင်းလာတာသိလို့ ကျနော်ကကြိုတင်ရှောင်တဲ့ အနေနဲ့ ကျတော့်ဘက်ယာဉ်ကြောလမ်းဘေးသို့တိုးမောင်နေစဉ်မှာပဲ ရှေ့ကားလေးက ကတ္တရာလမ်းသားအစပ်နဲ့ သူ့ညာဘက်ဘီးတို့ ဟန်ချက်မညီစလစ်ဖြစ်ပြီး ကျတော့်ကားဘယ်ဘက်ရှေ့ခြမ်းနေရာတည့်တည့်ဝင်တိုက်ခဲ့တာပေါ့။
ကိုအောင်ကျော်မင်း။။။။။။။။။။။။။။။။ဖြစ်သွားတဲ့ ကားနှစ်စီးအခြေနေက ဓတ်ပုံတွေမှာမြင်တဲ့ အတိုင်းပေါ့ စဖြစ်ဖြစ်ချင်းသတိယတာကကျွန်တော်ကခါးပတ် ပတ်ထားတဲ့အတွက် အနည်းငယ်ဟန်ချက်ပျက်ပြီးစက္ကန့်ပိုင်းလောက်အသက်ရှူမရတော့ဘဲ ရင်ညွန့်တည့်တည့်မှ အောင့်နေတာပေါ့နောက်ကြိုးစားအသက်ရှုပြီး သတိယလာတဲ့ အခါခါးပတ်ဖြုတ်ကားပေါ်ကဆင်းခဲ့ပြီး အနားမှာအသင့်ရှိနှင့်နေတဲ့ မျက်မြင်သက်သေရွာသားတစ်ယောက်နဲ့အတူ အခင်းဖြစ်နေရာကို မှတ်တမ်းဓာတ်ပုံရိုက်ထားလိုက်ပါတယ်။
တိုင်းဧရာ  ။။။။။။။။။။။။။။။။။။။။တစ်ဖက်က ကားကရောဘာဖြစ်သွားလဲ ကားပေါ်က သူတွေကရော ဘယ်လိုအခြေနေဖြစ်သွားလည်း
ကိုအောင်ကျော်မင်း။။။။။။။။။။။။။။။။။အဲ့ ဒီနောက်မှာတော့ အနီးနားကရွာသားတွေနဲ့ ခရီးသွားတွေလည်းဝိုင်းအုံလာကြပြီးသက်ဆိုင်ရာကိုအကြောင်းကြားခဲ့ကြပါတယ်
တိုင်းဧရာ။။။။။။။။။။။တစ်ဖက်ကားထဲမှာပါလာတဲ့ သူတွေရဲ့ အခြေနေကိုလည်းပြောပါဦး။
ကိုအောင်ကျော်မင်း။။။။။။။။။။။။။။နည်းနည်းကြာလာတော့မှာ ယာဉ်မောင်းက သတိရလာ့ပြီး ကယ်ပါ လူနာတင်ကားခေါ်ပေးပါ လိုအော်တော့ သူ့ကို ကားထဲကနေကျနော်ကိုယ်တိုင်ပဲထုတ်ပေးခဲ့ ပါတယ်။တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်လို့ သိရပါတယ်။နောက်ဆုံးအခြေနေကတော့ ရန်ကုန်မှာပြောင်းရွေ့ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
တိုင်းဧရာ ။။။။။။။။။။။။သက်ဆိုင်ရာရဲတပ်ဖွဲ့ က ဘယ်ချိန်လောက်မှရောက်လည်း
ကိုအောင်ကျော်မင်း။။။။။။။။။။။။
ဖြစ်တာက ၇း၃၀ လောက်ဆိုတော့ ဆယ့် ငါးမိနစ်လောက်ပဲကြာတယ်ရဲတွေလည်းရောက်လာပြီး လူနာတင်ယာဉ်လည်းရောက်လာပြီး သတိယနေသေးတဲ့ ယာဉ်မောင်းနဲ့ နောက်တစ်ယောက်ကို လူနာတင်ယာဉ်နဲ့ ခေါ်သွားပါတယ် ။
တိုင်းဧရာ။။။။။။။။။။။။နောက်တော့ ဘာတွေဆက်လုပ်ကြလည်း
ကိုအောင်ကျော်မင်း။။။။။။။။။။။။။။။လမ်းလယ်မှာ  တစောင်းတင်နေတဲ့ passo ကားလေးကို  ရွာသားတွေအကူအညီနဲ့ လမ်းဘေးရောက်နေတဲ့ (ကျတော့်ကားရှေ့တည့်တည့်) ကိုတွန်းပြီးနေရာချကြပါတယ်အဲ့ တော့ကားလေးကမီးခိုးတွေထွက်နေလို့ ဘက္ထရီအိုးကလစ်များဖြုတ်လိုက်ရသေးတယ်.။
ကိုအောင်ကျော်မင်းး။။။။။။။။။။။။။။ကျတော့်ကိုကျောင်းကုန်းမြို့ပြည်သူ့ဆေးရုံကိုခေါ်ပြီးဆေးစစ်ခြင်းမှတ်တမ်းယူပြီး ရဲစခန်းကစစ်ဆေးချက်များတောင်းပါတယ်ကျတော့်ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်သက်သေခံကတ်ပြားတွေပေးခဲ့ ပါတယ်.။ကားကိုလည်းအပ်ခဲ့ ပါတယ်။
တိုင်းဧရာ။။။။။။။။။။။။ခုကရော ဘယ်မှာရှိနေလည်း
ကိုအောင်ကျော်မင်း။။။။။။။။။။။ကျတော့်ရင်ဘတ်အောင့်လာတော့ဓာတ်မှန်ရိုကဖို့ စခန်းမှာ ခွင့်ပြုချက်တောင်းပြီးပုသိမ်မှာပဲဆေးကုသမှု ခံယူနေရပါတယ်။
တိုင်းဧရာ။။။။။။။။။။။။။။အသက်မသေပဲကျန်ရှိတဲ့ သူနှစ်ဦးရဲ့ အခြေနေကရော
ကိုအောင်ကျော်မင်း။။။။။။။။။။။။။။မင်္ဂလာတောင်ညွန့် ကတော့သိတယ် လာလောဆယ်တော့ ရန်ကုန်မှာပြောင်းလဲ ကုသမှုခံယူနေတယ်လို့ ပဲဒီလောက်ပဲသိပါတယ်.။
တိုင်းဧရာ ။။။။။။။။။။။။။သည်ယာဉ်တိုက်မှု အဓိကဖြစ်သွားတဲ့ အကြောင်းကဘာကြောင့်လို့ ထင်ပါလဲ
 ကိုအောင်ကျော်မင်း။။။။။။။။။။။။။လမ်းပုခုံးတွေအနည်းဆူံး တဘက် ၃ ပေလောက်ရှိစေချင်တယ် လမ်းပုခုံးသာရှိရင် အခုလိုအဖြစ်ဆိုးမျိုးမဖြစ်ဘူး လမ်းပခုံးမရှိတော့လမ်းသားက ဘေးမြေသားထက် ၆ လက်မနီးပါးမြင့်နေတယ် အရှိန်နည်းနည်းနဲ့အာ့လမ်းသားအစပ်ကိုနင်းမိရင်မသိသာပေမယ့်အရှိန်များရင် ကားရောလူပါသွားတာပဲအခုဖြစ်စဉ်မှာ အဓိက အာ့တာပဲ တစ်ဘက်ကားလေးကအရှိန်များပြီးမထိမ်းနိုင်ခဲ့ ဘူး  ကားသေးသလိုတာယာသေးတယ် ကွေ့ကြောဖြစ်တဲ့အတွက်ပိုလူးတယ် အရှိန်ထိမ်းမရဘဲ ကားအလူးမှာတဘက်ယာဉ်ကြောကိုအရှိန်နဲ့ပစ်ဝင်လိုက်သလိုဖြစ်ပြီး ဖြစ်ခဲ့ ရတာပဲ အဓီကအကြောင်းအရင်းကတော့ ဒါပါပဲ
တိုင်းဧရာ။။။။။။။။။။သည်ကားတိုက်မှုဖြစ်စဉ်မှာ ကြုံတွေ့ လိုက်ရတဲ့ သူတစ်ယောက်အနေနဲ့  တစ်ခြားယာဉ်မောင်းသူတွေ ကိုဘာများပြောခြင်လဲ
ကိုအောင်ကျော်မင်း။။။။။။။။။။။ကားမောင်းရင်ခါးပတ်ပတ်ပါ သတိမလစ်ပါနဲ့  ကျွန်တော်ခါးပတ်ကြောင့် အသက်ဘေးကလွတ်ခဲ့ တာပါ နောက်တစ်ခုကနိုင်နင်းတဲ့အရှိန်နဲ့မောင်းဖို့  အလျင်စလိုမဖြစ်ဖို့  အထူးသဖြင့် ကွေ့ကိုအရှိန်လျှော့ဘို့ရယ်အရေးကြီးပါတယ်ဒါလေးကိုတော့ ကားမောင်သူတွေကို အထူးဂရုစိုက်စေချင်ပါတယ်.။
တိုင်းဧရာ။။။။။။။။။။။။။။။ခုလိုဖြေကြားပေးတဲ့ အတွက် တိုင်းဧရာက ကျေးဇူးတင်ပါတယ် ။ယာဉ်တိုက်မှုဖြစ်စဉ်အတွက် သေဆုံးသူရောဒဏ်ရာရသူအတွက်ပါ ၀မ်းနည်းကြေကွဲရပါတယ်။ကျေးဇူးပါခင်ဗျ…
No comments:
Post a Comment