Latest News

Sunday, July 2, 2017

သာသနာ သန့်တည်ပွားရေးတွင် ပြင်ပရန်သူထက် အတွင်းလှိုက်စား ရန်သူများကို သတိထားရန် လိုအပ်ကြောင်း သာ ၀န်ကြီး လျှောက်ထား

သာသနာ သန့်တည်ပွားရေးတွင် ပြင်ပရန်သူထက် အတွင်းလှိုက်စား ရန်သူများကို သတိထားရန် လိုအပ်ကြောင်း သာ ၀န်ကြီး လျှောက်ထား


ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးတွင် သာသနာတော်၏ ပြင်ပမှာလာသည့် ရန်သူများထက် အတွင်းမှ လှိုက်စားနေသော ရန်သူများ၏ အန္တရာယ်ကို သတိပြုကာ အဓမ္မ၀ါဒများကို စောင့်ကြည်ရန် လိုအပ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ အစည်းအဝေးတွင် လျှောက်ထားခဲ့သည်။

သာသနာတော် တော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အဓမ္မ၀ါဒများကို တစိုက်မတ်မတ်စောင့်ကြည့်ကာ သံဃမဟာနာယက အဖွဲ့နှင့် အစိုးရတို့ ပူးပေါင်းလျက် ဓမ္မစက်နှင့် အာဏာစက် ယှဉ်တွဲကာ ထိရောက်စွာ အရေးယူဆောင်ရွက် သွားရန် လိုအပ်ကြောင်း ၄င်းက ဆိုသည်။

သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက ရဟန်းသံဃာတော်များသည် ဆန့်ကျင် ဘက် စကားများဖြင့် အငြင်းပွားပြောဆိုခြင်းကို အထူးရှောင် ကြဉ်ရန်လိုအပ်ကာ ရဟန်းတော်များအားလုံး တစ်သားတည်း စည်းလုံးညီညွတ်နေမှသာလျှင် သာသနာတော် သန့်ရှင်း တည်တံ့နေမည်ဖြစ်ကြောင်း၊ မိမိနှင့် သဘောထား မတိုက် ဆိုင်သူများကို အငြင်းပွားနေခြင်းသည် ကြောက်မက်ဖွယ် ဘေးအဖြစ် ရှုမြင်လျက် အမှန်အတိုင်း သိမြင်ကာ သာသနာ့ရေးရာ ကိစ္စများကို နူးညံပြေပြစ်သော စကားများဖြင့် ပြောဆိုကြရန် လိုအပ်ကြောင်း မိန့်ကြားပြောဆိုသည်။

ယခုအခါ သာသနာ့ဝန်ထမ်း ရဟန်းတော်များသည် ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့သည့် စာပေကျမ်းဂန်သင်ကြားပို့ချခြင်းနှင့် ၀ိပဿနာ တာဝန်လုပ်ငန်းတာဝန်နှစ်ရပ်ကို ကျော်လွန်ကာ လောကီလူမှုရေး ကိစ္စများတွင် ပါဝင်ဆောင်ရွက်ရှိကြောင်း၊ ထိုဆောင်ရွက်ချက်သည် သံဃမဟာနာယက အဖွဲ့၏ ညွန် ကြားလွှာ အမှတ် ၇၂ ပါ ရဟန်းသာမဏေများ လောကီလူမှုကိစ္စရပ်များတွင် မပါဝင်စေရန် တားမြစ်ချက်ကို ချိုးဖောက် လျက်ရှိကြောင်း ၀န်ကြီးသူရဦးအောင်ကိုက ပြောသည်။

ညွန်ကြားလွှာ ၇၂ နှင့်အညီ ကျောင်းတိုက်နာယကဆရာတော်များက မိမိကျောင်းတိုက်ရှိ ရဟန်းသာမဏေများ တိတိကျကျ လိုက်နာစေရန် တာဝန်ယူကြီးကြပ်မှသာလျှင် ရဟန်းတော်အချို့၏ မဆင်မခြင် ဆောင်ရွက်မှုများက ဖြစ်ပေါ်လာမည့် "ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်"ဆိုသည့် ဥပမာအတိုင်း အခြားဘာသာ ၀င်များ၏ လက်ညှိုးထိုး ခြင်းမှ ကင်းလွတ်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

စာပေလွတ်လပ်ခွင့်နှင့်အတူ လွတ်လပ်စွာ ဟောပြောခွင့်များကို အခွင့်ကောင်းယူကာ ဗုဒသာသနာတော်ကို ထိပါးရေးသား ဟောပြောလာသည့် အဓမ္မ၀ါဒများ ပြန်လည်ပေါ်ပေါက်လာကြောင်း၊ အဓမ္မ၀ါဒဟု ဆုံးဖြတ်ပြီးသော ၀ါဒများကို ပြန်လည်အသက်သွင်း ကာ ရေးသားခြင်း၊ ဟောပြောခြင်း၊ ၀ါဒဖြန့်ချီခြင်း၊ စာအုပ်စာတမ်းများကို မိတ္တူပွားကာ ဖြန့်ချီခြင်း၊ ဗုဒ္ဓဘာသာကို သုံးနူန်းကာ ၀ါဒသစ် ထူထောင်လျက် အဓမ္မ၀ါဒများ ပြန်လည်ခေါင်းထောင်လျက်ရှိကြောင်း မဟနအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြား ပြောဆိုသည်။

ထိုကြောင့် ဘာသာရေးဆိုင်ရာ စာပေထုတ်ဝေမှုနှင့် ပတ်သက်ပြီး လက်ရှိကျင့်သုံးလျက်ရှိသော ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေအရ ဘာသာရေးဆိုင်ရာစာပေစာအုပ်များ ထုတ်တင်စနစ်ဖြင့် စီစစ်ဆောင်ရွက်ခြင်းသည် အခက်အခဲများပေါ်ပေါက်လျက်ရှိသဖြင့် ဘာသာရေးဆိုင်ရာ စာပေ ထုတ်ဝေမှုကို ထုတ်တင်စနစ်မှ တင်ထုတ်စနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရန် နိုင်ငံတော်အစိုးရ အနေဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်ရန် လိုအပ်ကြောင်း မဟနအဖွဲ့ဝင် ဆရာတော် က မိန့်သည်။

Photos Credit: U Aung Ko

အောင်ကျော်မင်း, Myanmar Times

No comments:

Post a Comment