Latest News

Sunday, July 2, 2017

ဘစ်ဒက်ရှ်ကို ရင်ခုန်ကြောင်း ဝန်ခံလိုက်တဲ့ နန်းသီရိမောင်

ဘစ်ဒက်ရှ်ကို ရင်ခုန်ကြောင်း ဝန်ခံလိုက်တဲ့ နန်းသီရိမောင်

သူ့ကိုမြင်တော့ ရင်တွေအရမ်းခုန်တယ်လို့ ပြောထားပါတယ်။

နန်းသီရိမောင်ကတော့ သူမရင်ခုန်ရတဲ့အကြောင်းကို ဝန်ခံလိုက်ပါတယ်။သူမကတော့  မြန်မာနိုင်ငံဖွား အောင်လ အန်ဆိုင်းက  ကိုယ်ခံပညာပေါင်းစုံ  MMA (One Championship) ပြိုင်ပွဲမှာ One Championship မစ်ဒယ်ဝိတ် တန်းချန်ပီ ယံဆုကို ရရှိခဲ့ပေမယ့်  ပရော်ဖက်ရှင်နယ် ဆန်ဆန် ထိုးသတ်သွားတဲ့ ဘစ်ဒက်ရှ်ကိုလဲ လေးစားတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

ဂုဏ်ယူစရာကောင်းတဲ့ သူတစ်ယောက်ပါလို့လဲ ချီးကျူးထားသလို သူ့ကို မြင်တော့လည်း ရင်တွေအရမ်းခုန်တယ်ဆိုပြီး သူမရဲ့ ခံစားချက်နဲ့အတူ ဘစ်ဒက်ရှ်နဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံကိုပဲ သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

"ကိုယ့်မြန်မာက နိုင်သွားပေမဲ့လဲ မြန်မာနဲ့ ထိုးသတ်သွားတဲ့ BIGDASH ဟာလဲ Professional ဆန်ဆန် တကယ်ရဲရဲရင့်ရင့် ထိုးသတ်သွားတဲ့အတွက် သူကလဲ လေးစား ဂုဏ်ယူစရာ ကောင်းတဲ့သူတစ်ယောက်ပါ။ သူကိုမြင်တော့ ကျွန်မ ရင်တွေ အရမ်းခုန်နေခဲ့တယ်။ အရပ်ပုစ်ပုနဲ့ ကျွန်မ ရင်ခွင်မီအရပ်နဲ့ပေါ့ ။ မကြာခင် အစဉ်အလာအရ ဝိုင်းပြီး ကလောမတုပ် ဂျေမဝင်ကြဖို့တောင်းပန်ရင်း..အားကစားကိုအားပေးတာပါ ..အကောင်းမြင်စိတ်လေး နဲ့ ချစ်ပေးပါ..ခေးလဲ လူပါ"ဆိုပြီး ဇူလိုင်(၁)ရက်နေ့ညက သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ ဖြစ်ပါတယ်။

ဘစ်ဒက်ရှ်နဲ့အတူ တွဲရိုက်ထားတဲ့ သူမရဲ့ ဓာတ်ပုံကိုလည်း Duwun ပရိသတ်များအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ရှမ်းတိုင်းရင်းသူလေး နန်းသီရိမောင်ကတော့ အလန်းစားဓာတ်ပုံများကြောင့် ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။ သူမရိုက်ကူးတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး လက်ခံတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တဲ့ ပရိသတ်တွေရှိပေမယ့် သူမက တော့ အနုပညာတစ်ခုကို ဖော်ကြူးတာဖြစ်တဲ့အတွက် အနုပညာအမြင်နဲ့ပဲ ကြည့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နန်းသီရီမောင်ဟာ "အချစ်ကဘာလည်း" တစ်ကိုယ်တော်အခွေထွက်ရှိထားသူ တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာ ခန္ဓာကိုယ်အလှကို ဖော်ကြူးတဲ့ ဓာတ်ပုံများနဲ့  ပရိသတ်အားပေးမှု ရရှိလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
Duwun

No comments:

Post a Comment