Latest News

Sunday, July 2, 2017

လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည့်အိမ်တွင် မိသားစုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည့်အိမ်တွင် မိသားစုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှု
နှင့်ပတ်သက်၍ ရဲတပ် ဖွဲ့ထုတ်ပြန်ချက်အပေါ် သေဆုံး သူများ၏ မိသားစုဝင်များက လူ သတ်မှုဖြစ်ပွားသည့်နေအိမ်၌ ပင် ယခုလ
ပထမပတ်အတွင်း သတင်းစာရှင်းလင်းပွဲ ကျင်းပမည် ဖြစ်သည်။

‘‘အမျိုးတွေက သတင်းစာ တွေဖတ်ပြီး မကျေနပ်ဘူး။ သ တင်းစာထဲမှာ ပါတဲ့အချက်အ လက်တွေက မမှန်တာတွေရှိနေ တယ်။ ဒီအတွက် အဖြစ်မှန်ကို ပြောပြချင်လို့ စာနယ်ဇင်းသမား တွေဖိတ်ပြီး သတင်းစာ
ရှင်းလင်း ပွဲလုပ်ဖို့ မိသားစုတွေတိုင်ပင်နေ တယ်။ အန်တီအပါအ၀င် စိုး နောင်မိသားစုဝင်တွေကလည်း ပြောပြသွားမှာပါ’’ ဟု သေဆုံးသူ မချယ်ရီပွင့်၏ မိခင် ဒေါ်ရီရီနွဲ့က ဆိုသည်။

သေဆုံးသူ ကိုစိုးနောင်၏ အစ်ကိုအရင်းဆရာတော် ဦးဝိစာရလည်း သတင်းစာရှင်းလင်းပွဲတွင် ပါဝင်ရှင်းလင်းပြောကြားမည်ဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်မှုအပေါ် ကျေနပ်မှုမရှိကြောင်း မိန့်ကြားသည်။

‘‘သတင်းစာထဲမှာ ရေးထား တဲ့အတိုင်းဖတ်ရတာ တော်တော် စိတ်မကောင်းဖြစ်ရတယ်။နောက် ပြီး စိုးနောင်က ညာသန်တစ် ယောက်ပါ။ ဒီလိုကွဲလွဲချက်တွေ ကို ပြည်သူတွေအမှန်သိရအောင် ပြောပြချင်လို့ သတင်းစာရှင်း လင်းပွဲလုပ်ရတာပါ’’ ဟု ဆရာ တော်က ဆက်လက်မိန့်ကြား သည်။

လူသတ်မှု မဖြစ်ပွားမီ ၂၀၁၆ ဩဂုတ် ၁၉ ရက်နေ့လယ် တွင် သေဆုံး
သူကိုစိုးနောင်မိသား စုက ဆရာတော်ကို နေ့ဆွမ်းဆပ် ကပ်ခဲ့ပြီး လက်ရှိနေထိုင်သည့် အိမ်၌ မနေထိုင်လိုကြောင်း ပြော ကြားခဲ့သည်ဟု ဆရာတော်ဦးဝိ စာရက မိန့်ကြားသည်။

‘‘သူ့အကြီးအကဲလူတွေ အ ကုန်ပြုတ်ကုန်တယ်ပြောတယ်။ ခြိမ်းခြောက်မှုတွေရှိနေလို့ ရန် ကုန်အိမ်ကနေ အမေရှိတဲ့ ညောင် လေးပင်ပြန်မယ်ပြောတယ်။ ဆ ရာတော်ကတောင် ကလေးတွေ ပညာရေးရှိသေးတယ်လို့ ပြော လိုက်သေးတယ်။ ဘယ်သူက ခြိမ်းခြောက်နေလဲတော့ မပြော ဘူး။ လက်ရှိတက်လာတဲ့သူတွေ နဲ့အဆင်မပြေဘူးတော့ ပြော တယ်။ အဲဒါ ဘယ်သူတွေလဲတော့ မသိဘူး’’ ဟု ဆရာတော်က ဆက် လက်မိန့်ကြားသည်။

ဦးဝိစာရရော ဒေါ်ရီရီနွဲ့ပါ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကွဲလွဲမှု အပေါ် မီဒီယာများသို့ ပြောကြား ခဲ့သော်လည်း သတင်းစာရှင်း လင်းပွဲ
ထပ်မံပြုလုပ်ရန် စီစဉ်နေ ခြင်း ဖြစ်သည်။

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာ ပတ္တမြားမြို့သစ် မြအေး ချမ်းသာလမ်းရှိ အိမ်တွင် ၂၀၁၆ ဩဂုတ် ၁၉ ရက်၌ ဖြစ်ပွားခဲ့သော လူသတ်မှုသည် အိမ်ထောင်ဦးစီး ကိုစိုးနောင်က သားနှစ်ဦးနှင့် ဇနီးကို ဓားဖြင့်ထိုးသတ်ပြီးကိုယ့်ကိုယ် ကိုယ်ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှုဖြစ်ပွား ပြီး ၁၀ လအကြာတွင် ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ကိုစိုးနောင်ကို ဘယ်သန်ဟုထုတ် ပြန်ခဲ့ခြင်းအပေါ် မိသားစုဝင်များ က ကွဲလွဲကြောင်း ထောက်ပြခဲ့ ပြီး ကိုစိုးနောင်သည် ညာသန်ဟု မိသားစုဝင်များက ပြောသည်။
7Day News

No comments:

Post a Comment