Latest News
Friday, July 14, 2017
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကို မှတ်ထမ်းတင်ထားခဲ့ ချင်သူဘိုကလေးကျော်ထူး
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကို   မှတ်ထမ်းတင်ထားခဲ့ ချင်သူဘိုကလေးကျော်ထူး
တိုင်းဧရာ     ။။
၂၀၁၇ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းအပါဝင်  အာဇာနည် ခေါင်းဆောင်ကိုးဦး၏ လ်ုကြံ သတ်ဖြတ်ခံရမှုက  နှစ်ခုနစ်ဆယ်မြောက်ခဲ့ ပြီဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မြို့ နယ် အသီးသီးတွင် အာဇာနည်နေ့  ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် လွမ်းသူပန်းခွေ များချကြမည်ဖြစ်သလို ကျောင်းများတွင်လည်း အာဇာနည်နေ့ အထိမ်းအမှတ် ပြပွဲပြိုင်
ပွဲများပြုလုပ်ကြမည်ဖြစ်သည်။
နှစ်ခုနစ်ဆယ်မြောက် ၀မ်းနည်ခြင်းအထိမ်းအမှတ်ပြုလုပ်မည့် သူများထဲတွင် ဘိုကလေးက ပန်းချီ ပန်းပု ဆရာ ကိုကျော်ထူးတစ်ယောက်လည်းပါဝင်သည်။
ရှေးယခင် အစိုးရလက်ထက်တည်းက အိမ်တွင် တစ်ဦးတည်း လူမသိအောင် ဆွမ်းကပ်ခဲ့ သည့် ကိုကျော်ထူးတစ်ယောက် သည်ဘက်ခေတ်တွင် အာဇာနည်ခေါင်းဆောင်များအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်မှုက အခြားသူများထက်ထူးခြားသည်။
ကျွန်တော် ဘိုကလေးမြို့ ရောက်သည့်အခါ တွင် ကိုကျော်ထူးတစ်ယောက် သူ၏ နေအိမ်တွင်
အာဇာနည်ခေါင်းဆောင်များ၏ ပုံတူများကို ထုဆစ်နေသည်။
"ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်ထု ကတော့ ပြီးသွားပြီ ခုကျန်တဲ့  အာဇာနည်ခေါင်းဆောင်တွေကိုဆက်လုပ်နေတာ" ဟုဆိုရင်းဦးရာဇတ်၏ ပုံတူကိုထုဆစ်နေရင်းပြောသည်.။
သူ၏ရည်မှန်းချက်က ဗိုလ်ချုပ် မြင်းစီးရုပ်ထု နှင့် အာဇာနည်ခေါင်းဆောင်များ ၏ပုံတူများကို ပန်းပုထုဆစ်၍
မြို့ အ၀င်တွင် ထားရန်ဖြစ်သည်။
သည်လို ထားရှိနိုင်ဖို့ ရည်မှန်းချက်က သူ ၏ သမိးဖြစ်သူ ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုနှင့်အစပြုခဲ့ ခြင်းဖြစ်
သည်။
"ဒီဘက်ခေတ် ကလေးတွေက အာဇာနည်ဆိုတာကို မသိကြဘူး။ ကျွန်တော့် ကိုယ်တွေ့ တစ်ခုပြောရရင် ဟိုအရင်တည်းက နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ အခမ်းအနားကျင်းပတော့ ကျွန်တော့်သမီးက မေးတယ်။ ဖေဖေဘာလုပ်တာလဲဆိုတော့ဖေဖေ အာဇာနည် နေ့ ကျင်းပတာဆိုတော့ ဖေဖေ အာဇာနည်ဆိုတာဘာလည်း သူတို့ က အဆိုတော် အာဇာနည်လို့ ထင်တယ် ဗျ။ အဲဒါကိုကျွန်တော် တော်တော်ကြေကွဲသွားပြီးကိုယ့်ကလေးတွေတောင်မသိရင်နောက်ကလေးတွေလည်းပိုဆိုးမယ်ဆိုတဲ့ အတွေးခံစားချက်က အမြဲရှိနေတာ" လို့  သူကပြောသည်။
သူ၏စိတ်ထဲတွင် နောင်လာနောင်သားများ တိုင်းပြည်အတွက် အသက်ကိုပဓာနမထားပဲ ကိုယ်ကျိုးစွန့် 
လွှတ်ခဲ့ သူများကို ရင်ထဲတွင် ကိန်းအောင်းနေစေချင်သည်။
"မဖြစ်မနေ နောင်မျိုးဆက်တွေအတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ငါ့ မြို့ မှာ ငါလုပ်မယ် ဆိုတဲ့ ပြင်းပြတဲ့ စိတ် နဲ့  လုပ်ဖြစ်တာပဲ" ဟု သူကပြောသည်။
အဆိုပါ ပြုလုပ်ရန် အတွက် ဘိုကလေးမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်NLDပါတီဥက္ကဌ ကလည်းပူးပေါင်းပါဝင်ခဲ့ သည်။
သူ့ ရဲ့ လက်မှုပညာ ခ လုပ်အားခကစုစုပေါင်း သိန်း(၁၀၀)နီးပါးရှိသော်လည်း အဆိုပါအခကြေးငွေကို
လက်မခံခဲ့ ပေ။
"ကျွန်တော်ရဲ့ လက်မှုပညာခက မြင်းစီးရုပ်နဲ့  အာဇာနည်ခေါင်းဆောင်တွေ အားလုံးဆို သိန်းတစ်ရာနီးပါးရှိတယ်။ဒါပေမဲ့ ဒါတွေကို ကျွန်တော် တစ်ပြားမှ မယူဘူး" လို့  သူကပြောသည်။
သူ၏ စိတ်ထဲတွင် နောင်လာနောင်သားများ တိုင်းပြည်က စံထားလောက်ရသည့် ပုဂ္ဂိုလ်များကို သိစေချင်သည့်အကြောင်းတစ်ခုသာရှိသည်။
ထို့ ကြောင့်လည်း ချိန်ကာလကြာမြင့်စွာရှိနေသည့်စိတ်ကြောင့် မြင်းစီးရုပ်ထုအပါဝင်အာဇာနည်ခေါင်းဆောင်များရဲ့ ရုပ်ထုများကိုသာမာန် ရုပ်ထုများကဲ့ သို့ မစီမံပဲ ကြာရှည်ခံအောင် တတ်နိုင်သည်ထက် စီမံခဲ့ သည်။
"သာမာန်ကြည့်ရင်တော့ ကွန်ကရစ်ပဲ။ ဒါပေမဲ့ ကျွန်တော်က နိုင်ငံခြားသားဆရာတစ်ယောက်ဆီကနည်းပညာရထားတဲ့  ကွန်ကရစ်ကနေ စကျင်ကျောက် အတု ဖြစ်အောင်လုပ်တဲ့ နည်းနဲ့ စီမံထားတယ်။ ကွန်ကရစ်ကနေ စကျင် (၇၅)ရာနှန်းဖြစ်သွားတာပေါ့ ။နှစ်ပေါင်းတစ်ရာခံနိုင်အောင် လုပ်ထားတယ်" ဟု သူကပြောသည်။
အာဇာနည်ခေါင်းဆောင်များရဲ့ ရုပ်ထုများအတွက် သူအနေဖြင့် တစ်နှစ်ကျော် အချိန်ယူခဲ့ ရသလို ဗိုလ်ချုပ်မြင်းစီးရပ်ထုကို ထုဆစ်နေစဉ် သားဖြစ်သူမွေးဖွားခဲ့ သည်။
"၂၀၁၅ ဒီဇင်ဘာ ၁၄ မှာ စထုတာ စထုနေစဉ် မှာပဲ သားသားကိုမွေးတော့  ဗိုလ်ချုပ်နာမည်လေးလည်းပါအောင်ေ ကျာ်တေဇထူး လို့ နာမည်ပေးလိုက်တယ်" ဟု ရယ်လျက်ပြောသည်။
ဒါကိုကြည့်ခြင်းကလည်း ဗိုလ်ချပ်ကို လေးစားမြတ်နိုးထားမှု အတိုင်းအတာကို ပေါ်လွင်စေသည်။
နှစ်ခုနစ်ဆယ်မြောက်နေ့ တွင်တော့  သူထုဆစ်သည့် ဗိုလ်ချုပ် မြင်းစီးရုပ်ထုနှင့် အာဇာနည်ကိုးဦး၏ ရုပ်တုများက ဘိုကလေးမြို့ အ၀င်တွင် သမိုင်းမှတ်တမ်းတစ်ခုအဖြစ် တည်ရှိနေပေတော့မည်။
တိုင်းဧရာ
No comments:
Post a Comment