Latest News

Friday, July 14, 2017

မဘသဆိုင်းဘုတ်များ ယနေ့အပြီးသတ်မဖြုတ်သိမ်းပါက အာဏာစက်ဖြင့်အရေးယူမည်ဟု အစိုးရကြေညာ

မဘသဆိုင်းဘုတ်များ ယနေ့အပြီးသတ်မဖြုတ်သိမ်းပါက အာဏာစက်ဖြင့်အရေးယူမည်ဟု အစိုးရကြေညာ

နိုင်ငံတစ်ဝန်းရှိ အမျိုးဘာသာ သာသ နာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ဆိုင်းဘုတ် များကို ယနေ့(ဇူလိုင် ၁၅ ရက်) နောက်ဆုံးထား ဖြုတ်သိမ်းရန်အချက်အပါအဝင် မဟန၏ ဆုံး ဖြတ်ချက်များကို လိုက်နာခြင်းမပြုပါက အာဏာ စက်ဖြင့် အရေးယူမည်ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံမီဒီယာက ဇူလိုင် ၁၄ ရက်ည ၈ နာရီသတင်း ၌ ထုတ်ပြန်ကြေညာခဲ့သည်။

အဆင့်မြင့်ဆုံး သံဃာ့အဖွဲ့အစည်းကြီးဖြစ် သည့် နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့ ၏ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ ဝိနည်း ဓမ္မကံ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားလွှာများ၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေနှင့်ဆုံးဖြတ် ချက်များကို လိုက်နာခြင်းမရှိပါက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်ခြင်းတို့ ကြောင့် မလွှဲမရှောင်သာဘဲ အာဏာစက်ဖြင့် အရေးယူဆောင်ရွက်မည်ဟု ထုတ်လွှင့်ကြေညာ ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ မေလ ၂၃ ရက်တွင် ကျင်းပသည့် မဟန သတ္တမအ ကြိမ်မြောက် ၄၇ ပါးစုံညီအစည်း အဝေးအရ မဘသအမည်ခံပုဂ္ဂိုလ်  များသည် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မဘသအမည် ကို သုံးစွဲ၍ မည်သည့်ကိစ္စမဆို ဆောင်ရွက်ခြင်းမပြုရန်နှင့် နိုင်ငံ တစ်ဝန်းရှိ မဘသအမည်ခံဆိုင်း ဘုတ်များကို ဇူလိုင် ၁၅ ရက်နောက်ဆုံးထားကာ အပြီးအပိုင်ဖြုတ် သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်များကို မလိုက်နာပါက ရဟန်းဖြစ်လျှင် သံဃာ့စည်းမျဉ်း ၂၀/၉၀ ဖြင့် အ ရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်ပါက တည်ဆဲဥပဒေအရ အရေးယူရန် ညွှန်ကြားခဲ့သည်။

မဟန၏အထက်ပါဆုံးဖြတ် ချက်များကို မဘသဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌဆရာတော်များက အဖွဲ့ဝင် များအား အသိပေးမည်ဖြစ်ကြောင်း  မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြီးပါဝင်သည့် မဟနဆရာတော် များရှေ့၌ မေလ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟုဆို သည်။

အဆိုပါဝန်ခံကတိများကို နိုင်ငံတစ်ဝန်းရှိ မဘသအဖွဲ့ဝင် များက လိုက်နာခြင်းရှိသော် လည်း ကရင်ပြည်နယ် ဘားအံမြို့ နှင့် မန္တလေးမှ မဘသအဖွဲ့ဝင်များက ဆုံးဖြတ်ချက်လိုက်နာရန် ပျက် ကွက်နေကြောင်း နိုင်ငံပိုင်ရုပ်သံ မီဒီယာက ကြေညာသည်။

ယင်းအခြေအနေများကို မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြီးက သီလ၊ သမာဓိ၊ ပညာဂုဏ် တို့နှင့်ပြည့်စုံတော်မူကြသော ဆရာတော်ကြီးများထံ လျှောက် ထားခဲ့ရာ ဖားအောက်တောရ ဆရာတော်နှင့် တိပိဋကယော ဆရာတော်တို့က သံဃာထုထံ ပန် ကြားလွှာများရေးသားထုတ်ပြန် လျှောက်ထားတော်မူခဲ့ကြောင်း ကြေညာချက်တွင် ပါရှိသည်။

သံဃာထုထံ ပန်ကြားလွှာ တွင် သံဃာ့အဖွဲ့အစည်းကွဲပြား သွားပါက မလိုလားအပ်သော ဆိုးကျိုးများသက်ရောက်လာနိုင် ကြောင်း၊ သံဃာတော်များညီ ညွတ်မှ ဒါယကာများလည်း ညီ ညွတ်မည်ဖြစ်ကြောင်းနှင့် သံဃာ ညီညွတ်ရေးကို ရှေးရှုကြောင်း ပါရှိသည်ဟုဆိုသည်။

နိုင်ငံတစ်ဝန်းမှ ဆရာတော် ကြီးများနှင့် ရဟန်းသံဃာအများ စုအနေဖြင့် မဟနက ထုတ်ပြန်ထားသော ဆုံးဖြတ်ချက်နှင့် ညွှန်ကြားလွှာများသည် ဓမ္မစက်အဖြစ် တည်ရှိသင့်သည်ဟု လက်ခံတော် မူကြကြောင်း ဆက်လက်ကြေ ညာသည်။

မဟန၏ဆုံးဖြတ်ချက်နှင့် ညွှန်ကြားချက်များကို လိုက်နာ ခြင်းမပြုပါက လိုအပ်သလို အ ရေးယူပေးနိုင်ပါရန် သံဃာအများ စု လိုလားနေကြောင်းနှင့် ပြည်သူ အများစုကလည်း အလားတူ တောင်းဆိုနေကြောင်း ထည့် သွင်းပြောကြားသည်။

မဘသအဖွဲ့အစည်းနှင့်ပတ် သက်၍ ၂၀၁၆ ဇူလိုင် ၁၄ ရက် တွင် ကျင်းပသော မဟန ၄၇ ပါး စုံညီအစည်းအဝေးအရ မဘသ သည် သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်းအရလည်းကောင်း၊ သံ ဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ် နည်းအရ ညီညွတ်ခြင်းမရှိခြင်း ကြောင့် လည်းကောင်း၊ တရားဝင် အဖွဲ့အစည်းမဟုတ်ကြောင်း ဆုံး ဖြတ်ခဲ့သည်။

ယင်းကဲ့သို့ တရားမဝင် သံ ဃာ့အဖွဲ့အစည်းမျိုးစုံပေါ်ပေါက် လာခြင်းသည် ဘာသာရေးနှင့်လူ မျိုးရေးဆိုင်ရာ အယူအဆများကွဲ ပြားလာပြီး မလိုလားအပ်သည့် ပဋိ ပက္ခများဖြစ်ပွားလာနိုင်ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာက ထုတ် လွှင့်ခဲ့သည်။
7Day News

No comments:

Post a Comment