Latest News

Saturday, July 1, 2017

သူနာပြုရာထူးအခေါ်အဝေါ်နှင့် လစာနှုန်းတိုးမြှင့်ပြင်ဆင်သတ်မှတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

သူနာပြုရာထူးအခေါ်အဝေါ်နှင့် လစာနှုန်းတိုးမြှင့်ပြင်ဆင်သတ်မှတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၃ဝ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေး (၂၄)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေ ထက်ဝင်း၏ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ (၁၆)ခုတင်ဆံ့ ဆင်မတောင်တိုက်နယ်ဆေးရုံအား ဖွဲ့စည်းပုံအပြည့် ဝန်ထမ်းအင်အားခန့်အပ်ကာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ကုသမှုများကို မည်သည့်အချိန်တွင် စတင် ဆောင်ရွက်ပေးမည်ကိုသိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ကုသရေးဦးစီးဌာနအနေ ဖြင့် ဆင်မတောင်တိုက်နယ်ဆေးရုံ ဖွဲ့စည်းပုံခွင့်ပြုမိန့်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အဆောက်အအုံ ဆောက်လုပ် ခြင်းကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၅၉၉ ဒသမ ၇ သန်း အသုံးပြု၍ ဆေးရုံပင်မအဆောက် အအုံ၊ နှစ်ခန်းတွဲ ဆရာဝန်နေအိမ်၊ လေးခန်းတွဲသူနာပြုအိမ်၊ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ သုံးခန်းတွဲဝန်ထမ်းအိမ်ရာ၊ ရင်ခွဲရုံအဆောက်အအုံတို့ကို ဆောက်လုပ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် ဆေးရုံအတွင်းလမ်းများ ပြုပြင်ခြင်းအပါ အဝင် အသေးစားလိုအပ်ချက်များအား ကုမ္ပဏီမှတာဝန် ရှိသူများနှင့်ညှိနှိုင်း၍ ဖြည့်စွက်ဆောင်ရွက်လျက်ရှိပါ ကြောင်း။

၂ဝ၁၇ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်ပြီး ဆေးရုံ လုပ်ငန်းများ စတင်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဆရာဝန်ခန့်ထားရေးနှင့်ပတ်သက်၍ လုပ်ငန်း အတွေ့အကြုံလုပ်သက်နှစ်နှစ်အထက်ရှိသော ဆရာဝန် များကို ခန့်ထားပြီးဖြစ်ပါကြောင်း၊ အထက်တန်းသူနာပြု တစ်ဦးကို ခန့်ထားပေးပြီး ဖြစ်ပါကြောင်း၊ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် သစ်လွင်သူနာပြုများ ခန့်ထားမည့်အချိန် တွင် ဆင်မတောင်တိုက်နယ်ဆေးရုံအတွက် ဦးစားပေး ခန့်အပ်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်အရ အခြား ဝန်ထမ်းများ ခန့်အပ်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ရမည်းသင်း မဲဆန္ဒနယ်မှ ဦးထွန်းထွန်းဝင်း၏ ရမည်းသင်းမြို့နယ် သစ်ဆုံကြီးတိုက်နယ်ဆေးရုံအား (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရမည်းသင်းမြို့နယ်အနေဖြင့် ပျားစည်တိုက် နယ်ဆေးရုံနှင့် သစ်ဆုံကြီးတိုက်နယ်ဆေးရုံ တည်ဆောက် ပေးရန် မေးမြန်းထားသည်ကို ပြီးခဲ့သည့် နှစ်လခန့်က ရမည်းသင်းမြို့နယ် ပျားစည်တိုက်နယ်ဆေးရုံအတွက် စံကိုက်အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ဟု ဖြေကြား ထားပါကြောင်း၊ သို့သော်လည်း မြို့နယ်တစ်မြို့နယ်တည်း တွင် ဆေးရုံနှစ်ရုံဖြစ်သည့်အတွက် ယခုနှစ် တည်ဆောက် မပေးနိုင်ပါကြောင်း၊ ဒုတိယဦးစားပေးအရ သစ်ဆုံကြီး တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးရန် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ်စီမံကိန်းများတွင် ရန်ပုံငွေ အဆိုပြုတင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေ ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၏ အင်းတော်မြို့နယ်တွင် အားကစားခန်းမ၊ မြို့နယ် အားကစားနှင့် ကာယပညာရုံးဆောက်လုပ်ပေးရန် အစီ အစဉ်ရှိ၊ မရှိ မေးခွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မြို့နယ် ပြည်သူ့ဆေးရုံကြီးများတွင် အချုပ်တရားခံများ ဆေးကုသရန် အတွက် သီးခြားအခန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင် ၏ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံအား (၂၅) ခုတင်ဆံ့ ဆေးရုံမှ (၅ဝ) ခုတင်ဆံ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဖြေကြား သည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းသည့် ''မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း'' နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ် သည်။

ယင်းနောက် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင် တင်သွင်းသည့် ''ပြည်သူလူထုကျန်းမာရေးအတွက် အဓိက ကျ၍ အရေးပါလှသော ဝန်ထမ်းအမျိုးအစားတစ်ရပ် ဖြစ်သည့် သူနာပြုလောကအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း'' အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။

ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေက အဆိုရှင်၏တင်ပြချက်မှ သူနာပြုဒီပလိုမာနှင့် သူနာပြုတက္ကသိုလ်တို့ကို အမှတ်ဖြင့်မကန့်သတ်ဘဲ ဝါသနာဖြင့် ကန့်သတ်သင့်ပါ ကြောင်း၊ ယင်းအချက်ကို မိမိတို့သဘောတူပါကြောင်း၊ အများအားဖြင့် ကျန်းမာရေးဝန်ထမ်းများသည် ဝါသနာ ပါ၍ လုပ်ကိုင်ကြသည်များကို တွေ့ရပါကြောင်း၊ စေတနာ၊ ဝါသနာနှင့်အတူ အနစ်နာလည်းခံကြရပါကြောင်း၊ ဝါသနာ သည် မြင်သာသည့်အရာမဟုတ်ပါကြောင်း၊ အလုပ်အကိုင် ရှားပါးနေသည့် တိုင်းပြည်တွင် ဝါသနာကို ဦးစားမပေး နိုင်ကြပါကြောင်း၊ ကျန်းမာရေးအမှုထမ်း၊ အရာထမ်းများ သည် ပါရမီဓာတ်ခံရှိပြီး ပါရမီရှင်များဟု ဆိုချင်ပါကြောင်း၊ ကျန်းမာရေးဌာနတွင် လုပ်သက်ကရသည့် အတွေ့အကြုံ များသည် လက်တွေ့ကျသည့်အရည်အချင်းဖြစ်ကြောင်း။

ဘွဲ့လက်မှတ်ကို အရည်အချင်းဟု မသတ်မှတ်သင့် ကြောင်း၊ သူနာပြုဆရာမများ လုပ်ငန်းခွင်စွန့်ခွာ ထွက်ပြေး ကြသည့်အချက်မှာ
စဉ်းစားစရာကောင်းသည့်အချက်ဖြစ်ပါကြောင်း၊ မိမိတိုင်းပြည်တွင် အလုပ် လုပ်နေရာမှ ဝင်ငွေကောင်းသည့် အခြားတိုင်းပြည်ကို ရွှေ့ပြောင်းလုပ်ကိုင်နေ ရပါကြောင်း၊ သူနာပြုများသည် ကျန်းမာရေးဝန်ကြီးဌာန အမှုထမ်းများထဲက အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများအားလုံးနှင့် နှိုင်းယှဉ်လျှင် အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါကြောင်း၊ သို့သော် သူနာပြုလောကကို ဖြည့် ဆည်းပေးခြင်းအားဖြင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍပုံရိပ်ကို မြှင့်တင်ပေးရာ ရောက်ကြောင်း ဆွေးနွေးသည်။

အလားတူ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်ညို၊ ဟုမ္မလင်း မဲဆန္ဒ နယ်မှ ဦးမျိုးညွန့်၊ ရွှေတောင်မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၊ အင်းတော်မဲဆန္ဒ နယ်မှ ဒေါက်တာဒေါ်ပြုံး၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေဇင်လတ်၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၊ ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာ ဦးအေးမင်းနှင့် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းတို့က ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းရာတွင် သူနာပြုသိပ္ပံဘွဲ့ဝင်ခွင့်ကို အခြေခံပညာအထက်တန်း အောင်မြင်သည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်များအတိုင်း ရွေးချယ်ရေးအဖွဲ့ နှင့် ရွေးချယ်ခြင်းဖြစ်ပြီး သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး အမှတ်မြင့်၍ သူနာပြုစုမှုကို ဝါသနာပါသူများ တက်နိုင်ရန်ရည်ရွယ်ပါကြောင်း၊ သူနာပြု၊ သားဖွားဒီပလိုမာသည် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တက်ခွင့်ပြုပြီး ¤င်း ဒေသများတွင် တာဝန်ချထားရန်ရည်ရွယ်၍ ဖွင့်လှစ်ထားပါကြောင်း၊ စာမေးပွဲ အောင်ရမှတ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာသုံးဘာသာ ရမှတ်ပေါင်းပေါ် မူတည်ပြီး ရွေးချယ်သည်သာဖြစ်ပါကြောင်း။

ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲနှစ်မျိုးစလုံးတက်နိုင်ရန်လည်းဖြစ်ပါ ကြောင်း၊ အသက်(၁၆)နှစ်မှ (၂၅)နှစ်အတွင်း တက်ခွင့်ပြုထားပါကြောင်း၊ သို့သော်လည်း ရည်ရွယ်ချက်ခြင်းမတူသည့်အတွက် ဝင်ခွင့်ကို ယခုအတိုင်း ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဒီပလိုမာရရှိပြီး လုပ်သက်သုံး နှစ်နှင့် သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)ရရှိပြီး လုပ်သက်နှစ်နှစ်ရှိလျှင် Staff Nurse ဖြေခွင့်ရှိပါကြောင်း၊ Staff Nurse လုပ်သက်ခုနစ်နှစ်ပြည့်လျှင်Sister ရာထူး တိုးဖြေဆိုခွင့်ရှိပြီးSister လုပ်သက်ရှစ်နှစ်ပြည့်လျှင် Matron (သူနာပြုအုပ်) ရာထူးပြန်တမ်းဝင်အရာရှိအဆင့်ကို ဖြေဆိုခွင့်ရှိပါကြောင်း။

ရာထူးတိုးမြှင့်ရေးနှင့်ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ လုပ်သက်သတ်မှတ်ချက်၊ ဖွဲ့စည်းပုံခွင့်ပြုချက်၊ ခန့်ထားရေး၊ လစ်လပ်မှုအခြေ အနေ၊ ပညာအရည်အချင်း သတ်မှတ်ချက်များနှင့် ရာထူးတိုးမြှင့်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ လက်တွေ့ကျွမ်းကျင်မှုရှိမှသာ ကျောင်းသား ကျောင်းသူများ အရည်အသွေး တိုးတက်မည်ဖြစ်သောကြောင့် စဉ်ဆက်မပြတ် လက်တွေ့လေ့လာ သင်ကြားမှုများ ဆောင်ရွက်ပေးနေပါကြောင်း။

သူနာပြု (B.N.Sc) ကျောင်းဆင်းများအား ဘွဲ့ရများနည်းတူ လုပ်ငန်းခွင် ဝင်ပေါက်လစာနှုန်းထား (၁၈ဝဝဝဝ-၂ဝဝဝ-၁၉ဝဝဝဝ)သို့ တိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံများရှိ သူနာပြုများရာထူးတိုးရေးနှင့် ပတ်သက်၍ လက်ရှိရာထူးအခေါ်အဝေါ်နှင့် လစာနှုန်းထားများကိုလည်း ပြောင်းလဲတိုးမြှင့်ပေးရန် လျာထားစီစဉ်ဆောင်ရွက်လျက်ရှိပြီး ရာထူးတိုးမြှင့် ခြင်းအတွက် လုပ်သက်သတ်မှတ်ချက်များကိုလည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

သူနာပြုအင်အားအတွက် နှစ်စဉ်စီမံချက်ဖြင့် တိုးမြှင့်မွေးထုတ်ပေးလျက် ရှိသည့်အပြင် လုပ်ငန်းခွင်ဝင်ရောက်ရေး၊ သူနာပြုများ လုပ်ငန်းခွင် စွဲမြဲရေး၊ ကောင်းမွန်သောလုပ်ငန်းခွင်ဖြစ်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် သူနာပြု ရာထူးအခေါ်အဝေါ်နှင့် လစာနှုန်းတိုးမြှင့် ပြင်ဆင်သတ်မှတ်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သန့်ရှင်းရေးနှင့်ပတ်သက်၍ ဆေးရုံဖွဲ့စည်း ပုံတွင်ပါရှိသော်လည်း သန့်ရှင်းရေးဝန်ထမ်းရရှိရန် ခဲယဉ်းသဖြင့် ကန်ထရိုက် စနစ်ဖြင့်ဆောင်ရွက်ရန်လည်း စဉ်းစားထားပါကြောင်း။

လက်ရှိ သူနာပြုအကူအခေါ်အဝေါ်ကို အမှန်အခေါ်အဝေါ်ဖြစ်သည့် အကူသူနာပြုဟုခေါ်ဝေါ်ရန်နှင့် ၄င်းတို့၏ဝတ်စုံကို မူလအင်္ကျီအဖြူ၊ လုံချည် နီညိုရောင်မှ မီးခိုးရောင်အဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ်သွားရန် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းတို့နှင့် လည်း သဘောတူညီမှုရရှိပြီးဖြစ်ပါကြောင်း၊ Promotion ဖြေဆိုခွင့်တွင် လုပ်သက်ကို မကြာခဏပြောင်းလဲခြင်း၊ ဖောင်ကြီးမတက်လျှင် ဖြေဆိုခွင့် မရရှိဆိုသည့် ကန့်သတ်ချက်စသည်တို့နှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံခွင့်ပြု၊ ခန့် ထား၊ လစ်လပ်အရသာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထက်လူကြီး၏ ထောက်ခံချက်ကိုယူပြီး အဂတိလိုက်စားမှုလုပ်ရပ်များသည် လူတစ်ဦးချင်းစီ နှင့်သာ သက်ဆိုင်ပါကြောင်း၊ အထောက်အထားဖြင့် အဂတိလိုက်စားမှုများ တွေ့ရှိပါက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

မျိုးမြင့်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment