Latest News

Thursday, July 13, 2017

တရားရုံးထုတ်တုန်း အချုပ်သား ၂ ဦးထွက်ပြေးလို့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရ

တရားရုံးထုတ်တုန်း အချုပ်သား ၂ ဦးထွက်ပြေးလို့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရ

(မန္တလေး ၊ ဇူလိုင် ၁၃)

ဗဟို အကျဉ်းထောင်ကနေ ခရိုင်တရားရုံး အချုပ်ကို ရုံးထုတ်စဉ် အချုပ်သား ၂ ဦးထွက်ပြေးလို့ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရတဲ့ ဖြစ်ရပ် ဒီကနေ့ မန္တလေးမြို့မှာဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မနက် ၉ နာရီ ၄၅ မိနစ်အချိန်က မန္တလေး ဗဟိုအကျဉ်းထောင်ကနေ အချုပ်သား ၄၈ ဦးကို မန္တလေးခရိုင် တရားရုံးအချုပ်သို့ ရုံးထုတ် ပို့ဆောင်ရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မန္တလေးခရိုင် တရားရုံးအချုပ် ကိုရောက်ပြီး အချုပ်ကားပေါ်ကနေ တရားခံတွေကို ၅ ဦး တစ်တွဲနှုန်းနဲ့ အချုပ်ခန်းထဲ ပို့ဆောင်နေတုန်း အချုပ်သား မောင်မောင်ငယ်(ခ)ရှောင်ဖိန် ဆိုသူနဲ့ တငဲ(ခ)မျိုးဇော်ဦး ဆိုသူ ၂ ဦးဟာ ထွက်ပြေးကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ကဆိုပါတယ်။

ထွက်ပြေးတဲ့ ၂ ဦးမှာ မောင်မောင်ငယ် (ခ)ရှောင်ဖိန် ကို အခင်းဖြစ်နေရာ မှာပဲ ဖမ်းဆီးရမိခဲ့ပြီး တငဲ(ခ) မျိုးဇော်ဦး ကိုတော့ ချမ်းမြသာစည်မြို့နယ် ထဲမှာ တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ထွက်ပြေးတဲ့ အချုပ်သား ၂ဦးကို တရားရုံးထုတ်တာဝန်ခံ ဒုရဲမှူး အောင်မျိုးလွင်ကနေ အမှုဖွင့် အရေးယူဖို့ဆောင်ရွက်နေတယ် လို့သိရပါ တယ်။
စောထွေး(Popular News Journal)

No comments:

Post a Comment