Latest News

Saturday, July 1, 2017

အမြွှာကလေး ၂ ဦးကို တွစ်တာအကောင့်မှ စီရော်နယ်ဒို ပြသ

အမြွှာကလေး ၂ ဦးကို တွစ်တာအကောင့်မှ စီရော်နယ်ဒို ပြသ

အငှားကိုယ်ဝန်နဲ့ ရရှိလာတဲ့ အမြွှာကလေးနှစ်ဦးကို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက သူ့ရဲ့ တွစ်တာအကောင့်ကနေ ပြသလိုက်ပြီဖြစ်ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ အငှားကိုယ်ဝန်နဲ့ နောက်ထပ် ကလေးရရှိထားကြောင်း သတင်းတွေ ထွက်ပေါ်လာအပြီးမှာ တွစ်တာအကောင့်ကနေ တရားဝင်ပြသခဲ့တာပါ။

ဒီလို ချစ်စရာကောင်းတဲ့ အမြွှာကလေးနှစ်ဦး ရရှိလာတဲ့အတွက် ပျော်ရွှင်မိတယ်လို့လည်း စီရော်နယ်ဒိုက ရေးသားခဲ့ပါတယ်။
အသက် ၃၂ နှစ်ရှိ စီရော်နယ်ဒိုဟာ သူ့ရဲ့သားအကြီးဖြစ်တဲ့ စီရော်နယ်ဒိုဂျုနီယာကိုလည်း အငှားကိုယ်ဝန်နဲ့ပဲ ရယူခဲ့တာပါ။

စီရော်နယ်ရဲ့ အမြွှာကလေးနှစ်ဦးကို မက်တီယိုနဲ့ အီဗာလို့ အမည်ပေးထားပြီး ယောက်ျားလေးနဲ့ မိန်းကလေး ဖြစ်တယ်လို့ သိရပါတယ်။
စီရော်နယ်ဒိုဟာ အဲဒီအမြွှာကလေးနှစ်ဦးကို အမေရိကအနောက်ပိုင်းမှာ နေထိုင်တဲ့ အမျိုးသမီးတဦးကို အငှားကိုယ်ဝန်ဆောင်ခိုင်းပြီး မွေးဖွားစေခဲ့တာလို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ သူ့ရဲ့ကလေးတွေကို မိခင်ဖြစ်သူ အမည်မဖော်စေဘဲ အငှားကိုယ်ဝန်နဲ့ပဲ မွေးဖွားစေပေမယ့် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ဆိုတဲ့ စပိန်ဖက်ရှင်မော်ဒယ်တဦးနဲ့လည်း အတူနေချစ်သူတွေအဖြစ် လက်တွဲနေပါတယ်။

ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေတဲ့ စီရော်နယ်ဒိုဟာ ချီလီအသင်းကို ဆီမီးဖိုင်နယ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်အပြီးမှာ သူ့ရဲ့ အမြွှာကလေးနှစ်ဦးနဲ့ ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံခဲ့တာပါ။

မက္ကဆီကိုနဲ့ တတိယလုပွဲကစားဖို့ ရှိပေမယ့် သူ့ရဲ့ အမြွှာကလေးနှစ်ဦးကို မွေးရပ်မြေ ပေါ်တူဂီကို ခေါ်ဆောင်သွားမှာဖြစ်တာကြောင့် မက္ကဆီကိုနဲ့ပွဲမှာ စီရော်နယ်ဒို ပါဝင်မှာမဟုတ်ဘူးလို့လည်း ပေါ်တူဂီအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
DVB

No comments:

Post a Comment