Latest News

Friday, July 21, 2017

ကောင်းသန့် ရေသန့် ကို အစားအသောက်ဥပဒေဖြင့် တရားစွဲမည်

ကောင်းသန့် ရေသန့် ကို အစားအသောက်ဥပဒေဖြင့် တရားစွဲမည်

ပုသိမ်မြို့ တွင် ထုတ်လုပ်သောကောင်းသန့် ရေသန့် ကို အစားအသောက် ဥပဒေဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ဇူလိုင်လ(၂၁)ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာပြောဆိုလိုက်သည်။

“FDAဥပဒေအရ ခြောက်လပိတ်တာကို မလိုက်နာတဲ့ အတွက် FDAဥပဒေနဲ့ တရားစွဲပါမယ်။
 တိုင်းဒေသကြီးအစိုးရကတော့ ဥပဒေ ညွန်ကြားချက်နဲ့ အမိန့် တွေကိုမလိုက်နာတဲ့ အတွက် အစိုးရပိုင်းကတရားစွဲမှာဖြစ်ပါတယ်နှစ်ပိုင်းဖြစ်ပါတယ်  “ဟု ၄င်းကပြောသည်.။
အစိုးရပိုင်းကတရားစွဲဆိုမည့်အခြေအနေနှင့်ပတ်သတ်၍ သတိပေးစာတစ်ကြိမ်ထုတ်ပြန်သွားမည်ဟု အစိုးရကသတင်းထုတ်ပြန်သည်။
ကောင်းသန့် သောက်ရေသန့် ကိုဓာတ်ခွဲစမ်းသပ်ရာတွင် တွင် မစင်တွင်ပါဝင်သောပိုး ကိုလီဖောင်းကတွေ့ ရှိခြင်းကြောင့်  ဓာတုနှင့်အဏုဇီဝသတ်မှတ်ချက်များကိုက်ညီမှုမရှိသည့်အတွက် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်လုပ်ခွင့် ခြောက်လ ပိတ်ရန် ကို ၂၀၁၆ခုနှစ် ဒီဇင်လ (၅)
ရက်နေ့ ကတည်းကထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါညွန်ကြားချက်နောက်ပိုင်းဆက်လက်ဖြန့် ဖြူးရောင်းချနေခြင်းအတွက် သက်ဆိုင်ရာက ဆက်လက်ဖြန်းဖြူးမှုမပြုလုပ်ရန် ညွန်ကြားချက်များဆက်လက် ထုတ်ပြန်မှုများရှိခဲ့ သည်။
ယင်းသို့  ဖြန့် ဖြူးခွင့်ကိုပိတ်ပင်ထားသော်လည်း ယနေ့ အချိန်အထိ ဆက်လက်ဖြန့် ဖြူးနေခြင်းက
တရားဥပဒေစိုမိုးရေးမှာအားနည်းချက်များရှိကြောင်းလည်း နိုင်ငံရေးလေ့ လာသူများက ပြောဆိုမှုများလည်းရှိခဲ့ သည်။
အစိုးရကတော့ အမှုကို ခိုင်မာအောင် တည်ဆောက်နေရခြင်းကြောင့် ယင်းကဲ့ သို့ နှောင့်နှေးမှုများဖြစ်ရ
သည်ဟု တုန့် ပြန်သည်။
သောက်သုံးရန်မသင့်သည့်ရေသန့် ကို ပြည်သူများကမသိရှိပဲ ဆက်လက်သောက်သုံးးနေရသည့်အပေါ်အစိုးရမှာတာဝန်ရှိကြောင်းနှင့် များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း ဒေါက်တာလှမြတ်သွေးကပြော
သည်။

အစိုးရရဲ့ တရားဆွဲဆိုမည့် အခြေနေများနှင့် ပတ်သတ်၍ ကောင်းသန့် ရေသန့် လုပ်ငန်းမှတာဝန်ရှိသူက “ကျွန်တော်တို့ ကအခြေနေပေါ်မူတည်ပြီး ပြည်သူတစ်ယောက်ရဲ့  အခွင့်အရေးနဲ့ အညီ လုပ်စရာရှိတာလုပ်မှာပေါ့။ သူတို့ ရော ဥပဒေအတိုင်းလုပ်ခဲ့ သလား။ သူတို့ ဟာ သူတို့  အကုန်လုံးပေါ့ ။အဲဒါတွေအားလုံးအကုန်လုံးပေါ့ တုန့်ပြန်ပြီးလုပ်သွားမယ်။ ခုချက်ချင်းတော့ မပြောနိုင်ဘူး”ဟု တုန့် ပြန်ပြောဆိုသည်။

ကောင်းသန့် သောက်ရေသန့်  ကို ပုသိမ်၊သာပေါင်း၊ ငွေဆောင်၊ ချောင်းသာ၊ လပွတ္တာ၊ ကန်ကြီးထောင့်၊
ဒါးက၊ မြောင်းမြ တို့ ကို  ၂၀လီတာ ဗူးကြီလေးထောင်ခန့် နေ့ စဉ်ဖြန့် ဖြူရောင်းချနေကြောင်းသိရသည်။
မျိုးမင်းပိုင်
ဆက်စပ်သတင်း



No comments:

Post a Comment