Latest News

Friday, July 21, 2017

ပုံစံ ၁၀၅ နှစ်ပတ်အတွင်း မထုတ်ပေးနိုင်ပါက မြေစာရင်းဦးစီးမှူးများကို အရေးယူမည်ဟု မန်းဝန်ကြီးချုပ်ဆို

ပုံစံ ၁၀၅ နှစ်ပတ်အတွင်း မထုတ်ပေးနိုင်ပါက မြေစာရင်းဦးစီးမှူးများကို အရေးယူမည်ဟု မန်းဝန်ကြီးချုပ်ဆို

"ပုံစံ ၁၀၅ နှစ်ပတ်အတွင်းမရဘူးဆိုရင် တိုင်လို့ရတယ်။အရေးယူမယ် မြေစာရင်း ဦးစီးကို။ ဘာကြောင့် နှစ်ပတ်အတွင်း ထုတ်မပေးနိုင်လဲ ဆိုတဲ့ အကြောင်းပြချက် မခိုင်လုံရင် မြေစာရင်းကို အရေးယူမယ်။"

"ပုံစံ ၁၀၅ နှစ်ပတ်အတွင်း မကျတဲ့သူတွေ အများကြီး ကျွန်တော်စီလာပြောနေတယ်။ ကျွန်တော်လည်း ဘာလုပ်ရမယ်မသိဘူး။ အဲဒါတွေ အရေးယူရမယ်။ ဒါတွေကို ပြည်သူလူထုသိစေချင်တယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဇူလိုင်လ ၂၀ ရက်၊ မွန်းလွဲ ၂နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့ှ် e-Mandalay Web Portal စတင်လွှင့်တင်ခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

Mizzima

No comments:

Post a Comment