Latest News

Friday, July 21, 2017

လူတစ်စုရဲ့ အကျိုးစီးပွါးကို အစိုးရ ကာကွယ်ပေးမည် မဟုတ်


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့  လူတစ်စုရဲ့ အကျိုးစီးပွါးကို အကာအကွယ် ပေးမည်မဟုတ်ကြောင်း ဇူလိုင်လ(၂၁)ရက်နေ့ တွင် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ မီဒီယာများကိုပြောဆိုလိုက်သည်။

“ လူတစ်စု ရဲ့ အကျိုးစီးပွါး နဲ့  အများရဲ့ အကျိးစီးပွါးဆို အများအကျိုးစီးပွါးကို ကာကွယ် စောင့်ရှောက်ပါ့မယ် “ဟု ၄င်းကပြောသည်။

အစိုးရအဖွဲ့ ရဲ့ ညွန်ကြားချက်ကို မလိုက်နာပဲဆက်လက် ဖြန့်ဖြူးရောင်းချနေသည့် ကောင်းသန့် ရေသန့် ကို တရားစွဲဆိုရန် ကိစ္စနှင့်ပတ်သတ်၍ ဆက်စပ်ပြောဆိုလိုက်ခြင်းဖြစ်သည်။

လူတစ်စုအကျိုးကိုမကြည့်ပဲ ပြည်သူအကျိုးစီးပွါးကြည့်မည် ဆိုသည့် ပြောဆိုချက်နှင့်ပတ်သတ်၍တော့ ဒေသခံပြည်သူအများစုက ကျေနပ်အားရသော်လည်း ဆက်လက်စောင့်ကြည့်မည်ဟု ဆိုကြသည်။

သာမာန် အခြေခံ လူတန်းစားအများဆုံးရှိနေသည့် ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေး၊ ကျန်းမာရေး ၊လူမှုရေးလုပ်ငန်းများတွင်လည်း ထင်သလောက် ရှေ့ မရောက်သေးပေ။
မျိုးမင်းပိုင်

No comments:

Post a Comment