Latest News

Monday, July 10, 2017

သာစည်တွင် ပုဒ်မ ၆၆-ဃ ဖြင့်လူတဦးကို ဖမ်းဆီးရာက စိတ်ကြွဆေးပြားတွေ့ရှိ အမှုထပ်ဖွင့်

သာစည်တွင် ပုဒ်မ ၆၆-ဃ ဖြင့်လူတဦးကို ဖမ်းဆီးရာက စိတ်ကြွဆေးပြားတွေ့ရှိ အမှုထပ်ဖွင့်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ အမျိုးသားတဦးကို ဖမ်းဆီးရာက  စိတ်ကြွဆေးပြားတချို့တွေ့ရလို့  ရဲက မူးယစ်ဆေးဝါးမှုနဲ့ အမှုထပ်ဖွင့်အရေးယူထား ပါတယ်။

သာစည်မြို့ အမှတ် ၆ တိုးချဲ့ရပ်ကွက် ဇူလိုင်လ ၉ ရက် ညနေ ၅ နာရီမှာ သံယောဇဉ် Facebook Account နဲ့ ညစ်ညမ်းဓာတ်ပုံတွေ တင်ထားတာကို ဦးဝေဖြိုးမြတ်က ဖျက်ပေးဖို့ ပြောပေမယ့် မဖျက်ပေးတဲ့အတွက် ဆက်သွယ်ရေး ပုဒ်မ ၆၆-ဃ နဲ့ အကောင့်ပိုင်ရှင် ထင်အောင်ဝင်းကို အမှုဖွင့်ထားတဲ့အတွက် ရဲက ရှာဖွေဖမ်းဆီးစဉ် စိတ်ကြွဆေးပြားတွေ့တာလို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။

ဒုရဲအုပ် ဝေဖြိုးအောင်က “၆၆(ဃ)အမှုနဲ့ သပြေဝစားသောက်ဆိုင်တန်းက သံယောဇဉ် အကောင့်ပိုင်ရှင် ထင်အောင်ဝင်း(ခ)အောင်အောင်(ခ)မိုဟာမက်အလီ ကို စောင့်ဆိုင်း ဖမ်းဆီး ရှာဖွေရာ ဝတ်ဆင်ထားတဲ့ ဂျင်းဘောင်းဘီအိတ်ကပ်အတွင်းမှ စိတ်ကြွဆေးပြား ၃ ပြားကို တွေ့ရှိလို့ မူးယစ်ဆေးဝါးအမှုတခု ထပ်ဖွင့်တယ်”လို့ ပြောပါတယ်။

သာစည်မြို့မရဲစခန်းမှာ အမှုအမှတ် (ပ) ၁၅၄/၂၀၁၇ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ထင်အောင်ဝင်းကို အမှုဖွင့်ပြီး မိတ္ထီလာအမှတ် ၃ ရဲစခန်းမှာ မူးယစ်ဆေးဝါး ဥပဒေ သုံးစွဲ/လက်ဝယ်ထား ပုဒ်မ ၁၅/၁၆(ဂ) မယ(ပ)၆/၂၀၁၇ နဲ့ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
DVB

No comments:

Post a Comment