Latest News

Sunday, July 2, 2017

ယခုနှစ် ပထမခြောက်လအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၃ ဦးနှင့်ဒဏ်ရာရရှိသူ ၄၉၂ ဦးရှိခဲ့

ယခုနှစ် ပထမခြောက်လအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၃ ဦးနှင့်ဒဏ်ရာရရှိသူ ၄၉၂ ဦးရှိခဲ့

နေပြည်တော် ဇူလိုင် ၂

ရန်ကုန်-မန္တလေး  အမြန်လမ်းမကြီးတွင် ၂ဝ၁၇ ခုနှစ် ပထမ ခြောက်လအတွင်း ယာဉ် မတော်တဆမှု ၂၇၆ မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၆၃ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၂၅၉ ဦး၊ အမျိုးသမီး ၂၃၃ ဦး စုစုပေါင်း ၄၉၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်-မန္တလေး  အမြန်လမ်းမကြီးတွင်  အမြန်လမ်း ရဲတပ်ဖွဲ့စခန်းများ စတင်ဖွင့်လှစ်သည့် ၂ဝ၁၂ ခုနှစ် မေ ၂ဝ ရက်မှ ဒီဇင်ဘာလကုန်အထိ ယာဉ်မတော်တဆမှု  ၁ဝ၃ မှု  ဖြစ်ပွားခဲ့ရာ အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၅၇ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၂ဝ၊ အမျိုးသမီး ၆၅ ဦး  စုစုပေါင်း  ၁၈၆  ဦး  ဒဏ်ရာရရှိခဲ့        သည်။

၂ဝ၁၃ ခုနှစ်တွင် ယာဉ်မတော်တဆမှုပေါင်း ၂၅၉ မှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၁၃ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၃၄၂ ဦး၊ အမျိုးသမီး ၂၈ဝ စုစုပေါင်း ၆၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် မတော်တဆမှု ၄၁၂ မှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၄၃ ဦး စုစုပေါင်း ၁၅၇ ဦးသေဆုံးခဲ့ပြီး အမျိုးသား  ၄၈၇ ဦး၊ အမျိုးသမီး ၂၇၉ ဦး စုစုပေါင်း ၇၆၆ ဦး ဒဏ်ရာရရှိခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် ၄၅၃ မှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၄၁ ဦး စုစုပေါင်း ၁၂၄ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၆၂ဝ၊ အမျိုး သမီး ၄၁၃ ဦး စုစုပေါင်း ၁ဝ၃၃ ဦး ဒဏ်ရာရရှိခဲ့ သည်။

၂ဝ၁၆ ခုနှစ်တွင် ၇၄၄ မှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၁ဝ၇ ဦး၊ အမျိုးသမီး ၆၃ ဦး စုစုပေါင်း ၁၇ဝ သေဆုံးခဲ့ပြီး အမျိုးသား ၇၈၂ ဦး၊ အမျိုး သမီး ၅၂၂ ဦး စုစုပေါင်း ၁၃ဝ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ သိရသည်။

သို့ပါ၍ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တစ်လျှောက် အမြန်လမ်းရဲစခန်းများ စတင် ဖွင့်လှစ်တာဝန်ချထားသည့် ၂ဝ၁၂ ခုနှစ် မေ  ၂ဝ ရက်မှစ၍ ၂ဝ၁၇ ခုနှစ် ပထမ ခြောက်လကုန် အထိ အမြန်လမ်းမကြီး၌  ယာဉ်မတော်တဆ မှုပေါင်း ၂၂၄၇ မှုဖြစ်ပွားခဲ့၍ သေဆုံးသူ ၆၈၄ ဦးနှင့် ဒဏ်ရာရရှိသူ ၄၄ဝ၃ ဦးရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်း၏ မှတ်တမ်းများအရ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများ  လျော့နည်းပပျောက် စေရန်အတွက် အမြန်လမ်းမကြီး ယာဉ်ကြီးကြပ်မှု ထိန်းသိမ်းရေးကော်မတီက     ကြီးကြပ်၍        ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်း၊   ပြုပြင်ထိန်းသိမ်းခြင်း၊ အမြန်လမ်းတစ်လျှောက် လမ်းညွှန်ဆိုင်းပုဒ်များ၊ သတိပေးဆိုင်းပုဒ်များ တပ်ဆင်ပေးထားခြင်းကို ဆောင်ရွက်ထားလျက်ရှိသည်။

ထို့အပြင်  အမြန်လမ်းရဲတပ်ဖွဲ့ကလည်း အမြန်လမ်းတစ်လျှောက် ရဲစခန်း ၁၆ ခုဖွင့်လှစ်၍ ၂ဝ၁၂ ခုနှစ် မေ ၂ဝ ရက်မှစ၍ အမြန်လမ်း တစ်လျှောက်    ကြီးကြပ်ဆောင်ရွက်လျက်ရှိ     သည်။

ယာဉ်မတော်တဆမှုများ    လျော့နည်း       ပပျောက်ရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့အနေ ဖြင့် ယာဉ်စီးကမ်း၊ လမ်းစည်းကမ်း ပညာပေးခြင်း ကို အမြန်လမ်းတစ်လျှောက် ဖြတ်သန်းသွားရာ ကျေးရွာများရှိ ပြည်သူများအား ပညာပေးလုပ်ငန်း များ ဆောင်ရွက်ပေးခြင်း၊ အမြန်နှုန်းတိုင်းကိရိယာ များ အသုံးပြု၍ သတ်မှတ်အမြန်နှုန်းထက် ပိုမို မောင်းနှင်သောယာဉ်များကို  ဖမ်းဆီးအရေးယူ ခြင်း၊   မော်တော်ယာဉ်မောင်းနှင်စီးနင်းသူများ အား ခါးပတ်ပတ်စေခြင်း၊ ပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်း၊ ယာဉ်စည်းကမ်း ပညာပေးခြင်း စသည့်လုပ်ငန်းများကို    ဆောင်ရွက်လျက်ရှိ သည်။
 သန်းဦး(လေးမျက်နှာ)
The Mirror Daily

No comments:

Post a Comment