Latest News

Saturday, July 1, 2017

ခရီးသွားပြည်သူများ အန္တရာယ်ကင်းစေရန် ရေယာဉ်များကို စုပေါင်းစစ်ဆေး

ခရီးသွားပြည်သူများ အန္တရာယ်ကင်းစေရန် ရေယာဉ်များကို စုပေါင်းစစ်ဆေး

တနင်္သာရီ ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ကမ်းရိုး တန်းဒေသတစ်လျှောက်တွင် ရေယာဉ် များဖြင့် ခရီးသွားလာကြသည့်ပြည်သူ များ အန္တရာယ်ကင်း ရှင်းစေရေးအတွက် တနင်္သာရီမြို့ ရေဆိပ်ခံတံတားမှ ထွက်ခွာ မည့် ခရီးသည်တင်ရေယာဉ်များအား ကြံ့ ခိုင်မှုအပါအဝင်စည်းကမ်းချက်များ ညီ ညွတ်မှုရှိ /မရှိကို တာဝန်ရှိသူများ ပူးပေါင်း၍ ဇွန် ၂၉ ရက်က စစ်ဆေးခဲ့ ကြောင်း သိရသည်။

အမြန်ရေယာဉ်၏ ကြံ့ခိုင်မှုအခြေ အနေနှင့် ခရီးသွားပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်များ၊ အမြန် ရေယာဉ်မောင်းသူများ၏ ပဲ့နင်း လက်မှတ်များနှင့် ရေယာဉ်များပေါ်တွင် သတ်မှတ် ခရီးသည်ဦးရေနှင့်အညီ အသက်ကယ်အင်္ကျီများ လုံလောက်စွာ ပါဝင်ခြင်း ရှိ/မရှိ၊ အရေးပေါ်မီးသတ် ဆေးဘူးများ ပါဝင်ခြင်းရှိ/မရှိနှင့် တန်ပို တင်ဆောင်မှုရှိ/မရှိစသည်တို့ကို မြို့နယ် ပို့ဆောင်ရေးညှိနှိုင်းမှုအဖွဲ့က စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

မြို့နယ်ပို့ဆောင်ရေးညှိနှိုင်းမှုအဖွဲ့ တွင် မြို့ နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနဒုတိယဦးစီးမှူး ဦးနိုင်လွင်ဦးနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ကြကြောင်း သိရ သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)

No comments:

Post a Comment