Latest News

Saturday, July 8, 2017

ကားတိုက်ခံရ၍မသေရုံတမယ်ဝေဒနာခံစားရပြီး၊နစ်နာသူအဖြစ်ရဲ့နောက်မှာ ရဲအက်၄၇ဖြင့် ထောင် ၇ ရက်ကျသွားသူ


ကားတိုက်ခံရ၍မသေရုံတမယ်ဝေဒနာခံစားရပြီး၊နစ်နာသူအဖြစ်ရဲ့နောက်မှာ ရဲအက်၄၇ဖြင့် ထောင် ၇ ရက်ကျသွားသူ
ကျမ တလောက post တစ်ခု တင်ခဲ့ဖူးပါတယ်။
နစ်နာသူ ဦးလှစိန်မောင်အကြောင်းကို ဖတ်မိသူများအတော်အတန်မှတ်မိလောက်ပါတယ်၊၂၀၁၆ခုနှစ်ဒီဇင်ဘာလ ညတစ်ည ကားတိုက်ခံခဲ့ရတဲ့ ဦးလှစိန်မောင်၊ လမ်းလျှောက်လာတာကို ကားတိုက်ခံရတာ၊ ကားတိုက်သူမှလည်း ထွက်ဆိုချက်တွင် မမြင်၍တိုက်မိကြောင်းဝန်ခံထားသလို၊ဥပဒေအရာရှိမှလည်း အပြစ်ပေးသင့်ကြောင်းလျောက်လဲချက်ပေးထားတာကိုပင် တရားသေလွှတ်ခဲ့တဲ့ မြောင်းမြမြို့နယ်တရားသူကြီး၊ကားတိုက်ခံရ၍နှာခေါင်းရိုးကျိုး၊ ခြေတောက်ကျိုး၊ဝမ်းတွင်းကလီစာများထိခိုက်၍ခွဲစိတ်မှုခံယူထားရသောဦးလှစိန်မောင် အလုပ်လဲဆက်မလုပ်နိုင်၊
ထိုသူစိတ်ထဲခံစားချက်တွေဘယ်လောက်များနေလိမ့်မလဲတွေးကြည့်ကြပါ၊ ငွေကြေးကချို့တဲ့၊ဆေးရုံတက်စဉ်ကုန်ကြမှုကကြွေးပတ်လည်၊အလုပ်ကပြန်လုပ်မရ၊ ကားတိုက်သွားသူကလာတောင်မကြည့် နစ်နာကြေးဆိုတာကဝေးပေါ့၊၊
ထိုခံစားချက်တွေနဲ့ဦးလှစိန်မောင်တစ်ယောက် သူ့ရဲ့နစ်နာမှုတွေကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊တိုင်းတရားသူကြီးချုပ်၊ပြည်ထောင်စုအထိ အဆင့်ဆင့်တိုင်ပါလေရော၊ဒိအပြင်၃.၇.၂၀၁၇နေ့ညက သူ့ရဲ့ခံစားချက်တွေ အရက်နဲ့အဖော်ပြုလို့ အော်ဟစ်ပြောဆိုမိတဲ့နေရာက သူ့ကိုအမိန့်ချခဲ့တဲ့တရားသူကြီးအိမ်ရှိတဲ့လမ်းတဲ့၊
တကယ်ဆိုနံမည်ကိုင်ရမ်းကားနေရင် ထိုတရားသူကြီးကိုယ်တိုင်ကအရေးယူအမှုဖွင့်လို့ရတာပဲ၊ဒါနဲ့ကျမကရဲကိုမေးကြည့်တော့ တရားသူကြီးကစခန်းကိုဖုန်းဆက်ပြီး လူတစ်ယောက်ရမ်းကားနေလို့လာထိန်းသိမ်းပါဆိုလို့စခန်းမှူးကလည်းနယ်ထိန်းကိုသွားဖမ်းစေပြီးခေတ္တ တညထိန်းသိမ်းတယ်ပေါ့၊ မနက်ကိုတရားရုံးလည်းတင်လိုက်ရော ဦးလှစိန်မောင်တရားခံဘဝနဲ့ထောင်(၇)ရက်ကျပါလေရော၊
ရဲအက်.၄၇
ထိုပြစ်မှုကျုးလွန်လျှင်ဒဏ်ငွေ ၅၀ ကျပ်သော်လည်းကောင်း၊ ထောင်ဒဏ် ၈ ရက်ထိသော်လည်းကောင်း၊ထို ၂ ရပ်လုံးသော်လည်းကောင်းချမှတ်နိုင်သည်ဟုဥပဒေပြဒါန်းထားပါသည်။
ယခင် ဧရာဝတီတိုင်းရဲမှူးကြီးဦးထွန်းမင်းတာဝန်ယူစဉ်ကာလ ညဘက်ရဲတပ်ဖွဲ့မှတာဝန်နဲ့ကင်းလှည့်ဆောင်ရွက်စဉ် ထိုရဲအက် ၄၇ ကိုပင်အချို့ တရားခွင်ကဒဏ်ငွေ ၅၀၊အချို့က ထောင်ဒဏ် ၃ရက်၊ အချို့ ထောင်ဒဏ်၈ ရက်၊အချို့က နှစ်ရပ်လုံး၊ အမျိုးမျိုးချမှတ်သည်ကို ရဲမှူးကြီးမှ အမြဲဝေဖန်ပြောဆိုလေ့ရှိသည့် မှတ်မှတ်ရရ ရဲအက်၊
ထိုရဲအက်ဖြင့်ပင် ဦးလှစိန်မောင်တစ်ယောက်နစ်နာသူဘဝမှ ထောင် ၇ ရက်ကျခံခဲ့ရပြန်ပေါ့၊
တရားရုံးမှ သူ့အားကားဖြင့်တိုက်သူတရားခံကို တရားသေလွှတ်ပေးသဖြင့် တရားဥပဒေစိုးမိုးရေးအတွက် တောင်းဆိုနေသောဦးလှစိန်မောင် ခုတော့ဖြင့်တရားဥပဒေ တကယ်စိုးမိုးနေလို့ ဥပဒေအတိုင်းခံယူနေရပြီဆိုတာသိလောက်ပြီထင်၊
ဒီ post လေးဖြင့် သင်ခန်းစာယူနိုင်ကြပါစေ၊
ကျမကတော့ သံဝေဂတရားသာ အတန်တန်ရလို့၊
ကျမပြည်သူများ ဥပဒေ ဘောင်တွင်းနေထိုင်ရင်းဘေးကင်းရန်ကွာ ချမ်းသာရာရကြပါစေလို့ပဲဆုတောင်းလိုက်ပါရစေ၊
Khaingzin Oo ·

No comments:

Post a Comment