Latest News

Wednesday, July 12, 2017

ရန်ကုန်တိုင်းရှိ ချောင်းကော၊ မြောင်းကောများ ပြန်လည်ဖော်ထုတ်ပေးရန် တိုက်တွန်း

ရန်ကုန်တိုင်းရှိ ချောင်းကော၊ မြောင်းကောများ ပြန်လည်ဖော်ထုတ်ပေးရန် တိုက်တွန်း

ရန်ကုန်တိုင်းအတွင်းရှိ ချောင်းကော၊ မြောင်းကောတွေ ပြန်လည်ဖော်ထုတ်ပေးဖို့ မြို့တော်ဝန်ကို အကြုံပြုသွားမယ်လို့ ဒီကနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ ရန်ကုန်တိုင်းေ ဒသကြီး မဲဆန္ဒနယ်အမှတ် ၁၀ က လွှတ်တော်အမတ် နော်လှလှစိုးက ပြောပါတယ်။

အင်းစိန်မြို့နယ်အတွင်းရှိ ၆ ရပ်ကွက်ကို ဖြတ်သန်းစီးဆင်းတဲ့ ကသွယ်ချောင်းကို အချိန်မီ ပြုပြင်ထိန်းသိမ်းပြီး ရေကြီးရေလျှံဘေးကနေ ကာကွယ်ဖို့ အစီအစဉ် ဆောင်ရွက်ထားတာ ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ ပြန်လည် ဖြေကြားချက်အပေါ် အားရမှုမရှိတဲ့အတွက် ရန်ကုန်မြို့တော်ဝန်နဲ့ တွေ့ဆုံ အကြံပြုသွားမယ်လို့ နော်လှလှစိုးက ပြောပါတယ်။

“ဒါနေရာအနှံ့မှာ ဖြစ်နေတဲ့အတွက်ကြောင့် တခြားမြို့နယ်တွေမှာလည်း ရှိတဲ့ ချောင်းတွေ၊ မြောင်းတွေကိုလည်း ပြန်လည်ဖော်ထုတ်သင့်တယ်ဆိုတာ ပြောလိုပါတယ်။ ရန်ကုန်မြို့တော်ဝန်ကိုလည်း အကြံပြုသွားမှာပါ” လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နယ်ကို ဖြတ်သန်းစီးဆင်းတဲ့ တိမ်ကောနေတဲ့ ချွန်ဂဲချွန်းချောင်းကို ပြန်လည်ပြုပြင်လိုက်တာ ကမ္ဘာကျော် အပန်းဖြေစခန်းဖြစ်သွားတဲ့ သာဓကတွေ ရှိတယ်လို့လည်း နော်လှလှစိုးက ပြောပါတယ်။
DVB

No comments:

Post a Comment