Latest News

Saturday, July 1, 2017

ကညနရုံးများမှ ပွဲစားများကို လုံခြုံရေးယူပြီး ရှင်းလင်းမည်

ကညနရုံးများမှ ပွဲစားများကို လုံခြုံရေးယူပြီး ရှင်းလင်းမည်

ရန်ကုန်တိုင်းအတွင်းရှိ ကညနရုံးများတွင် ရုံးလုပ်ငန်းလာ ရောက်ဆောင်ရွက်သူများအား ဝန်ဆောင်ခယူ၍ ဆောင်ရွက်ပေး နေသော ပွဲစားများကို လုံခြုံရေးရယူပြီး ရှင်းလင်းမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရန်ကုန်တိုင်းဦးစီးမှူး ဦးသိန်းဦးက ပြောသည်။

  ‘‘ရန်ကုန်တိုင်းနယ်လုံဝန် ကြီးကိုတော့ အကူအညီတောင်း ဖို့ စီစဉ်နေပါတယ်။ လုံခြုံရေးယူ ပြီး ရှင်းလင်းသွားဖို့ပါ။ သူတို့က မသိနားမလည်တဲ့ သူတွေဆီက ငွေတွေလိမ်ပြီး ယူနေကြတာတွေ အများကြီး။ ကျွန်တော်တို့ဌာနရဲ့ ပုံရိပ်လည်း ကျဆင်းတယ်။ ဒါ ကြောင့် ရှင်းလင်းရေးတွေ လုပ် သွားမှာပါ’’ဟု ဦးသိန်းဦးက ပြောကြားသည်။


 နေ့စဉ်ဌာနဝင်းအတွင်း လူပေါင်းစုံ ဝင်ထွက်နေခြင်းကြောင့်ရှင်းလင်းရန်ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင် ပထမပတ်တွင် မြင်သာ(ကညန)ရုံး၌ တိုင်းဒေသကြီးနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနထံမှ လုံခြုံရေးဝန်ထမ်းများဖြင့် ရှင်းလင်းရန် အကူအညီတောင်းခံထားသည်ဟု ဆိုသည်။

ဌာနအနေဖြင့် ရုံးလုပ်ငန်း ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း များတွင် အချိန်မကုန်ဘဲ စာရွက် စာတမ်းပြည့်စုံပါက ယာဉ်မှတ်ပုံ တင်ခြင်းအပါအဝင် ယာဉ်မောင်း လိုင်စင်လုပ်ငန်းများကို အချိန်တို အတွင်း ဆောင်ရွက်ပေးနေပြီး ပြင်ပမှ ပွဲစားများကို အားမကိုး သင့်ကြောင်း ဦးသိန်းဦးက ရှင်းပြ သည်။

ရန်ကုန်တွင် ခရိုင်အလိုက် ကညနရုံးငါးခုရှိပြီး အဆိုပါရုံး များတွင် အလှည့်ကျစနစ်ဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင် ရွက်ရန် ရည်ရွယ်ထားသည်။

လက်ရှိတွင် ကညန ရုံးပိုင်း ဆိုင်ရာများကို လာရောက်လုပ် ကိုင်ပေးသည့် တရားဝင်ကိုယ်စား လှယ်လွှဲစာ ကိုင်ဆောင်ထား သော အေးဂျင့်များရှိသောကြောင့် အဆိုပါပွဲစားများကို စိစစ်သင့် ကြောင်း ယမုံကားအရောင်းစင် တာပိုင်ရှင် ဦးအေးလင်းက သုံး သပ်သည်။

အများစုက အချိန်ကုန်မခံ လိုသောကြောင့် ငွေကြေးပေးကာ ကညနရုံးများတွင် ယာဉ်မောင်း လိုင်စင်လုပ်ဆောင်ခြင်း၊ ယာဉ် သက်တမ်းတိုးခြင်း အစရှိသော မော်တော်ယာဉ်နှင့် ပတ်သက် သည့် လုပ်ငန်းများကို ပွဲစားများ မှတစ်ဆင့် လုပ်ဆောင်နေသည်။

‘‘တကယ်ကို မှန်မှန်ကန်ကန် ဝန်ဆောင်မှုပေးနေတဲ့သူတွေရှိ သလို မမှန်မကန်လာလုပ်နေတဲ့ သူတွေလည်း ရှိတယ်။ အားလုံးကို ရှင်းလင်းမယ်ဆိုရင်တော့ တ ကယ်လုပ်ပေးနေတဲ့သူတွေ နစ်နာတယ်။ အလုပ်လက်မဲ့တွေ ဖြစ် ကုန်မှာ’’ဟု မြင်သာကညနရုံးတွင် ဝန်ဆောင်မှုလုပ်ကိုင်ပေးနေသူ ပွဲစားတစ်ဦးက ပြောသည်။

7Day News

No comments:

Post a Comment