Latest News

Saturday, July 1, 2017

ဒီချုပ်နာယကကြီး သူရဦးတင်ဦး အာဇာနည်နေ့မတိုင်မီဆေးရုံမှ ဆင်းနိုင်မည်ဟုဆို

ဒီချုပ်နာယကကြီး သူရဦးတင်ဦး အာဇာနည်နေ့မတိုင်မီဆေးရုံမှ
ဆင်းနိုင်မည်ဟုဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယကကြီး သူရဦးတင်ဦး အာဇာနည်နေ့မတိုင်မီဆေးရုံမှ ဆင်းနိုင်ရန် ခန့်မှန်းကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က ပြောသည်။

‘‘ဇူလိုင်လလယ်လောက် ခန့် မှန်းတယ်။ အခုအခြေအနေက ကောင်းပါတယ်။ တိုးတက်မှုရှိ တယ်။ ငါးမိနစ်လောက်ဒီအတိုင်း  မတ်တတ်ရပ်နိုင်တယ်။ ထိုင်နိုင် တယ်။  စကားပြောတာတော့ တချို့ စာလုံးတွေပီတယ်။ လက်နဲ့ ခြေ ထောက် ဒီထက်ပိုလှုပ်ရှားနိုင်ဖို့ လေ့ကျင့်နေတယ်’’ဟု ဒေါက်တာ အေးကိုကိုက ပြောသည်။

လာမည့်ဇူလိုင် ၁၉ ရက် -
အာဇာနည်နေ့ဆွမ်းကပ်မည့် အခမ်း အနားသို့ ဦးတင်ဦးတက်ရောက် နိုင်သည့် အခြေအနေကိုတွေ့လို သည်ဟု ဒေါ်အောင်ဆန်းစုကြည် က မှာကြားခဲ့ကြောင်း ဒေါက်တာ အေးကိုကိုက ဇွန်လလယ်ခန့်က ပြောကြားခဲ့သည်။

ဦးတင်ဦးကို - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်သည် နှစ်ကြိမ်တိုင် လာရောက်ကြည့်ရှု အားပေးခဲ့သည်။

ယခင်က ဇွန်လကုန်တွင် ဦးတင်ဦးဆေးရုံမှဆင်းနိုင်မည်ဟု ခန့်မှန်းခဲ့သော်လည်း ၎င်းအား ကြည့်ရှုပေးနေသည့် ဆရာဝန် ကြီးအချို့ နိုင်ငံခြားခရီးစဉ်များရှိ နေ၍ ဇူလိုင်လလယ်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း ဒေါက်တာအေးကိုကို က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယကကြီး သူရဦးတင်ဦးသည် မေ လ ၁၈ ရက်တွင် ဦးနှောက်သွေး ကြောပိတ်၍ လေဖြတ်ရောဂါဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက် ကုသမှုခံယူခဲ့ပြီး ဆေးရုံတက်သည့် ခုနစ်ရက် မြောက် မေလ ၂၄ ရက်တွင်  အသက်အန္တရာယ်စိုးရိမ်ရသည့် အဆင့်ကို ကျော်လွန်ကာ အခြေအနေတိုးတက်ကောင်းမွန်လာ၍ အထူးကြပ်မတ်ဆောင်မှ နှလုံးကုသဆောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ကျန်းမာရေးတိုး တက်မှုအခြေအနေများအရ ဇွန် လ ၂ ရက်၌ ဆီးပိုက်ဖြုတ်ကာ အ စာစတင်စားနိုင်ခဲ့သည်။ ဦးတင်ဦးဆေးရုံတက်နေစဉ် နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ သံအမတ်ကြီးများနှင့် မိတ်ဆွေများလာရောက်ကြည့်ရှုအား ပေးခဲ့သည်။

7Day News

No comments:

Post a Comment