Thursday, July 13, 2017
ဧရာဝတီတိုင်းဒေသကြီး၌ စိုးရိမ်ရေမှတ်များ ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ ကြေငြာထားပြီး ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျှက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၌ စိုးရိမ်ရေမှတ်များ ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ ကြေငြာထားပြီး ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျှက်ရှိ
ဟင်္သာတ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၌ စိုးရိမ်ရေမှတ်များ ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ ကြေငြာထားပြီး ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျှက်ရှိကြောင်း သိရ သည်။
ရေဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ထောက်ပံ့ပေးနိုင်ရန် ကူညီကယ်ဆယ်ရေး ပစ္စည်းများကိုလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ကြိုတင်ဖြည့်တင်းမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
“လတ်တလော သက်သာချောင်ချိဖို့အတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ဖြည့်တင်းတဲ့အခါ ကျွန်တော်တို့တိုင်းဦးစီးမှူးရုံးနဲ့ ခရိုင်ဦးစီးမှူးရုံး ၅ ရုံးမှာ ကယ်ဆယ်ရေးပစ္စည်းတွေ ကြိုတင် ဖြည့်တင်း ထားတာရှိပါတယ်။ ကျွန်တော်တို့တိုင်းရုံးမှာဆိုရင် အိမ်ထောင်စု ငါးထောင်စာနဲ့ ခရိုင်ရုံးတွေမှာဆိုရင် တစ်ခရိုင်ကို အိမ်ထောင်စု ငါးရာစာစီ ကြိုတင်စုပုံထားတယ်။ အရေးပေါ်ဆန်ရိက္ခာတွေထောက်ပံ့ ပေးနိုင်ဖို့ 0 5-0 3 ရန်ပုံငွေကနေပြီးတော့ တိုင်းရန်ပုံငွေမှာ သိန်းတစ်ထောင်နဲ့ ကျန်တဲ့ခရိုင်ရုံးတွေမှာ လည်း သိန်းလေးရာ၊ တချို့ရုံးတွေမှာ သိန်းငါးရာပေါ့။ စသဖြင့်ပေါ့ ကြိုတင်ပြီးတော့ ရုံးချုပ်အနေနဲ့ ဖြည့်ဆည်းထားတာရှိပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းစိုး ကပြောကြားသည်။
“ဒီမတိုင်ခင်မှာလည်း ပြည်သူတွေ အသိပညာရရှိဖို့အတွက် အသိပညာပေးလုပ်ငန်းတွေလည်း ကျွန်တော်တို့လုပ်တယ်။ ပန်းဖလက်တွေလည်း ဝေတယ်။ ရေဘေးကြိုတင်ပြင်ဆင်ဖို့အတွက် ဆောင် ရန်၊ ရှောင်ရန်တွေဖြစ်တဲ့ ဗွီနှိုင်းတွေကိုလည်း ရေဘေးဖြစ်နိုင်ခြေရှိတဲ့ဒေသတွေမှာ သက်ဆိုင်ရာ မြို့နယ်၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများနဲ့ဆက်သွယ်ပြီး ပြည်သူတွေအသိပညာရရှိဖို့ ကြိုတင် ဆောင်ရွက်မှုတွေလုပ်နေတာရှိပါတယ်”ဟု ဦးသန်းစိုး က ဆက်လက်ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၌ ရေဘေးစတင်ကြုံတွေ့ရာဒေသဖြစ်သည့် ဟင်္သာတခရိုင်၌ ယခင် ကထက် ပိုမိုစည်းစနစ်ကျနစွာ ကူညီမှုများပေးနိုင်ရန် ခရိုင်တွင်း မြို့နယ်(၆)မြို့နယ်ရှိ အရေးပေါ် ကူညီမှုပရဟိတအဖွဲ့များမှလည်း ကွန်ရက်ချိတ်ဆက်ကာ ကြိုတင်စီမံဆောင်ရွက်ထားကြောင်း သိရသည်။
“ဧရာဝတီတိုင်းဒေသကြီးမှာ စိုးရိမ်ရေမှတ်တွေ ရောက်ရှိလာတော့မယ် လို့ မိုးဇလက ထုတ်ပြန်ထားတယ်။ ဟင်္သာတခရိုင်အနေနဲ့ အရေးပေါ်ကူညီမှုပရဟိတအဖွဲ့တွေ ကွန်ရက်ချိတ်ဆက်ထားပါတယ်။ ၂၀၁၅ နဲ့ ၂၀၁၆ မှာ ကြုံတွေ့ခဲ့ရတဲ့ ရေဘေးကို အခြေခံပြီး ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။ ပရဟိတအဖွဲ့တွေ ကွန်ရက်ချိတ်ဆက်ထားတဲ့အတွက် အလှူရှင်တွေနဲ့ အစိုးရကို မြေပြင် data မှန်တွေ ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ အလှူရှင်တွေ လှူဒါန်းတဲ့ ပစ္စည်းတွေကိုလည်း အမှန်တကယ် လိုအပ်တဲ့ပြည်သူတွေဆီ ရောက်ရှိအောင် နယ်မြေဒေသ အသီးသီးက ပရဟိတအဖွဲ့တွေနဲ့ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ဟင်္သာတမြို့၊ ဓမ္မဗိမာန်ကျောင်းတိုက်၌ အခြေပြုချိတ်ဆက်ဆောင်ရွက်နေသည့် ဟင်္သာတခရိုင်၊ လူနာတင်ယာဉ်၊ နာရေးနှင့် သဘာဝဘေးကူညီမှုပရဟိတအဖွဲ့များကွန်ရက်မှ ရုံးအဖွဲ့မှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
အရေးပေါ်ကူညီမှုပရဟိတအဖွဲ့များ ချိတ်ဆက်ဖွဲ့စည်းထားသည့် ဟင်္သာတခရိုင်ကွန်ရက် အနေဖြင့် သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း များ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသင်တန်း များလည်း ကြိုတင်စီမံပို့ချထားကြောင်း ၄င်းက ဆက် လက်ပြောကြားသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးစတင်ကြုံတွေ့နိုင်သည့်ဒေသတို့၌ ရေဘေး ဆိုင်ရာသတိပေးကြေညာမှုများရှိနေပြီး သက်ဆိုင်ရာဌာနများမှ ကူညီကယ်ဆယ်ရေးဆိုင်ရာ သရုပ်ပြ လေ့ကျင့်မှုများလည်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
ဧရာဝတီတိုင်းဒေသကြီး၌ စိုးရိမ်ရေမှတ်များ ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ ကြေငြာထားပြီး ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျှက်ရှိ
Reviewed by timeayeyar
on
10:51 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment