Latest News

Friday, July 14, 2017

“ဒုသမ္မတ ဦးမြင့်ဆွေ စီးနင်းလာတဲ့ယာဉ်တန်း မတော်တဆမှုဖြစ်ပွား"

“ဒုသမ္မတ ဦးမြင့်ဆွေ စီးနင်းလာတဲ့ယာဉ်တန်း မတော်တဆမှုဖြစ်ပွား"

ဒုတိယသမ္မတ ဦးမြင့်ဆွေပုဂံကိုသွားမယ့် လုံခြုံရေး ယာဉ်တန်းကပွိုင့်ကား ကို အိမ်စီးကားတစ်စီး ကန့်လန့်အနေအထားနဲ့ဝင်လာတာကြောင့်အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့တာဖြစ်တယ်လို့နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

“လမ်းကြောင်းပါလို့ယာဉ်ထိန်းက ဘေးကပ်ခိုင်းတာကို ကားက without ဆိုတော့ လန့်ပြီးလမ်းမှန်သွားနေရာကနေ ရုတ်တရက် ဘယ်ဘက်ကိုဆွဲချလိုက်တယ် အဲ့မှာတိုက်ကုန်ရော” လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်ခင်အောင်ကပြောပါတယ်။

ယာဉ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့လည်းသိရပါတယ် ။

ဇူလိုင် ၁၃ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်အချိန်က နေပြည်တော်ကောင်စီနယ်မြေ ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာဘောလုံးကွင်းအကျော်မှာ ဒုသမ္မတရဲ့ ပုဂံခရီးစဉ်လမ်းကြောင်း မှာဖြစ်တာဖြစ်ပါတယ်။
ချိုဇင်မာဝင့်(Kumudra)

No comments:

Post a Comment