Latest News

Monday, July 10, 2017

နိုင်ငံ့ဝန်ထမ်းများ သင့်တင့်မျှတသော လုပ်ခလစာရရှိရန် အစွမ်းကုန်ကြိုးစားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

နိုင်ငံ့ဝန်ထမ်းများ သင့်တင့်မျှတသော လုပ်ခလစာရရှိရန် အစွမ်းကုန်ကြိုးစားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

ဒီမိုကရေစီစနစ်တွင် မလုပ်၊ မရှုပ်၊ မပြုတ် အတွေးအခေါ်အတွက် နေရာမရှိနိုင်ဟုဆို

ပြည်သူ့ဝန်ထမ်း များအတွက် သင့်လျော်မျှတသည့် လုပ်ခလစာရရှိအောင် အစွမ်း ကုန်ကြိုးစားဆောင်ရွက်ပေးမည် ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပြုပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင် ၁၀ ရက်က ပြုလုပ်သော နိုင်ငံ့ဝန် ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန် သည့် အခမ်းအနား၌ ၎င်းက ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ခလစာနှင့် အထွေထွေခံစား ခွင့်များ ရရှိရေး အစွမ်းကုန်ကြိုး စားပေးမည်ဖြစ်သော်လည်း ချက်ချင်းဖြေရှင်းပေးနိုင်မည်မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

‘‘ပြည်သူ့ဝန်ထမ်းအများစုရဲ့ လုပ်ခလစာနှုန်းထားဟာ တခြား နယ်ပယ်တွေက ဝန်ထမ်းတွေနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျနေသေးတယ် ဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်း လင်းပဲ ပြောပြလိုပါတယ်။ ဒီ ပြဿနာကို ချက်ချင်းဖြေရှင်းပေး နိုင်မယ့် နည်းမရှိသေးပါဘူး။ လုပ်ခလစာတိုးမြှင့်ပေးတဲ့အခါ မှာ လေးလေးနက်နက် စဉ်းစား သုံးသပ်ပြီး ရေရှည်တည်တံ့ အောင် ဖြည်းဖြည်းချင်း တိုးမြှင့် ပေးရမှာ ဖြစ်တဲ့အပြင် နိုင်ငံတော် ရဲ့ ရသုံးမှန်းခြေငွေစာရင်း အခြေ အနေနဲ့အညီလည်း ဆောင်ရွက်ရ ပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ မဟာဗျူဟာစီမံ ချက်ကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ်နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ များက ပံ့ပိုးကူညီခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်း သက်ဆိုင်သူများနှင့် ညှိ နှိုင်းတိုင်ပင်၍ လပေါင်းများစွာ အချိန်ယူရေးဆွဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

‘‘လစာ တိုးမြှင့်ရေးဟာ ကျွန်မတို့ ဝန်ထမ်းတွေမျှော်လင့် သလို ချက်ချင်းမဖြစ်နိုင်သေးပေ မယ့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို တခြား နည်းလမ်းတွေနဲ့ ပံ့ပိုးပေးမှာဖြစ် ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အ လုပ်ခွင်ဖန်တီးခြင်း၊ မိသားစုဝင် တွေအတွက် နေမှုထိုင်မှုအခြေအ နေတွေ ပိုပြီးကောင်းမွန်လာခြင်း တို့ဖြစ်မြောက်ဖို့ ကြိုးပမ်းဆောင် ရွက်မှာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ကြိုးပမ်းမှု စတင် သည့်လုပ်ရပ်အဖြစ် အဆင့်မြင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ် နေပြီဖြစ်ပြီး အငြိမ်းစားယူလျှင်ပြည်သူ့ဝန်ထမ်းအားလုံး လုံခြုံသိက္ခာရှိစွာ နေထိုင်နိုင်ရန် အိမ်ရာ များ ဆောက်လုပ်ပေးမည်ဟု ၎င်း က ပြောသည်။

‘‘အရွေးချယ်ခံ အစိုးရအဖွဲ့ ဝင်တွေက ပြည်သူ့ဆန္ဒနဲ့အညီ တက်လာလိုက်၊ ဆင်းသွားလိုက် ပြောင်းလဲနေမှာပါ။ အုပ်ချုပ်ရေး ယန္တရား အဆက်ပြတ်မသွားရေး၊ အဖွဲ့အစည်းတစ်ခုလုံးအတွက် မှတ်တမ်းမှတ်ရာတွေ မမေ့ ပျောက်သွားရေး၊ ဘာသာရပ်ဆိုင် ရာ ကျွမ်းကျင်မှု စတဲ့နိုင်ငံတော် ယန္တရားကြီးကို ဟန်ချက်ညီညီ တည်တည်ငြိမ်ငြိမ် လည်ပတ်စေ တဲ့ ကိစ္စအရပ်ရပ်ကို ထိန်းသိမ်း ထားရတာကတော့ ပြည်သူ့ဝန် ထမ်းတွေ ဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် ယခုမဟာဗျူဟာ စီမံချက်တွင် ဝန်ထမ်းများ၏ လုပ် ရည်ကိုင်ရည်နှင့် အရည်အချင်း ကို အခြေခံပြီး ချီးမြှင့်မြှောက်စား သည့် ယဉ်ကျေးမှုအစဉ်အလာ ထွန်းကားရေးအသိအမှတ်ပြုရေး ဆွဲထားကြောင်း ၎င်းက ဆိုသည်။

‘‘အဲဒီလို ဆောင်ရွက်တာ ကြောင့် လူသားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လုပ် နည်းလုပ်ဟန်သစ်တစ်ခု ဖြစ်လာ ရုံသာမက တစ်ဖက်မှာလည်း ပြည်သူ့ဝန်ထမ်းအဆင့်ဆင့်ကိုလည်း တစ်ကိုယ်ရေ ကြိုးစားအားထုတ် လိုစိတ်တွေ တိုးတက်ဖြစ်ထွန်း လာစေမှာ ဖြစ်ပါတယ်။ ဝန်ထမ်း တွေကို ရာထူးတိုးမြှင့်မြှောက်စား ရာမှာ ဓမ္မဓိဋ္ဌာန်ကျပြီး ပွင့်လင်း မြင်သာမှုရှိတဲ့ သတ်မှတ်တိုင်းတာ ချက်တွေနဲ့ ဆုံးဖြတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းတစ်ဦး ချင်းစီရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စွမ်း ရည်အလားအလာရှိမှုကို သုံးသပ် နိုင်ရပါမယ်။ ဘက်လိုက်မျက်နှာ သာပေးတယ်၊ နီးစပ်သူကို ချီး မြှောက်တယ်လို့ အထင်အမြင်စိုး စဉ်းမျှပင် မရှိစေနိုင်ဖို့ အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဘယ် လိုနည်းနဲ့မှ ခွဲခြားဆက်ဆံမှုမပြု လုပ်မိဖို့ သတိထားရပါမယ်။ ဒီလို ဆောင်ရွက်နိုင်ခြင်းနဲ့ ပြည်သူ့ဝန် ထမ်းတွေရဲ့ ကြိုးစားအားထုတ်လို စိတ်၊ တက်တက်ကြွကြွအလုပ် လုပ်ကိုင်လိုစိတ်တွေ အမှန် တကယ်ပေါ်ထွန်းလာစေပြီး တစ် ဖက်မှာလည်း လုပ်ငန်းခွင်မှာ လူ မှန်နေရာမှန် ဖြစ်လာစေမှာပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ နီးစပ်သူများကို ချီးမြှင့် မြှောက်စားသည်ဟူသော ထင် မြင်မှုများမရှိအောင် ကြိုးစားသွား ရမည်ဖြစ်ပြီး ခွဲခြားဆက်ဆံခြင်း များ မပြုလုပ်မိအောင် သတိထား ကြရမည်ဖြစ်ကြောင်းလည်း ဝန် ထမ်းများအပေါ် ဆက်ဆံမှုနှင့် ပတ်သက်၍ ၎င်းက သတိပေး ပြောကြားသည်။

‘‘ကျွန်မတို့နိုင်ငံရဲ့ ပြည်သူ့ ဝန်ထမ်းအဖွဲ့အစည်းက နိုင်ငံအ တွင်းမှာရှိတဲ့ မတူကွဲပြားမှုတွေကို ရောင်ပြန်ဟပ်ဖို့ အရေးကြီးပါ တယ်။ ယနေ့ အထက်တန်း ကျောင်းသူ၊ ကျောင်းသားတိုင်း ဟာ သူတို့ရဲ့ မွေးရပ်ဇာတိမြေ၊ လူမျိုးစု၊ ကိုးကွယ်သောဘာသာ၊ အသိုင်းအဝိုင်း၊ ဥစ္စာဓန၊ ကျား/မ လိင်ကွာခြားမှုတွေကြောင့် အနာ ဂတ်တွင် ဝန်ထမ်းလောကထဲ ဝင် ရောက်နိုင်ရေး အခွင့်အလမ်းတွေ ပိတ်ဆို့နေမယ်လို့ မခံစားရစေ သင့်ပါဘူး။ ဘယ်လိုနောက်ခံအ သိုင်းအဝိုင်းကပဲဖြစ်ဖြစ် အ ကောင်းဆုံး၊ အတော်ဆုံးတွေ ပြည်သူ့ဝန်ထမ်းလောကအတွင်း ဝင်ရောက်ပြီး အနေမြဲစေမယ့် ဝန် ထမ်းရွေးချယ်ခန့်အပ်ရေးစနစ်ကို ပဲ ကျင့်သုံးဆောင်ရွက်ရပါမယ်’’ ဟု ဝန်ထမ်းရွေးချယ်ခန့်အပ်မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။

ပြည်သူ့ဝန်ထမ်းများအနေ ဖြင့်လည်း ပြည်သူလူထုက ရွေး ချယ်တင်မြှောက်သည့် အစိုးရအ ပေါ် တာဝန်ခံကြရမည်ဖြစ်ပြီး အစိုးရ၏ လုပ်ငန်းအစီအစဉ်များ ကို အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် သမာသမတ်ရှိရှိ၊ တာဝန်သိသိ၊ အသိဉာဏ်ပါပါ၊ နိုးနိုးကြားကြား၊ တက်တက်ကြွ ကြွဆောင်ရွက်ပေးကြရမည်ဟု ၎င်းက ပြောသည်။

‘‘ဒီမိုကရေစီစနစ်မှာ ‘မလုပ်၊ မရှုပ်၊ မပြုတ်’ အတွေးအခေါ်အ တွက် နေရာမရှိနိုင်ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ ဝန်ထမ်းများကို သတိပေးပြော ကြားသည်။

ထို့အပြင် စိန်ခေါ်မှုများအ နက် အဂတိလိုက်စားမှုသည် တိုင်းတာသတိပြုရန်ခက်ခဲပြီး အဂတိ လိုက်စားမှုသည် ကောင်းမွန်သောအုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံး၏ ဂုဏ်ရှိမှု ကို တိုက်စားဖျက်ဆီးကြောင်း လည်း ၎င်းက ဆိုသည်။

ယခု မဟာဗျူဟာစီမံချက် တွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကို ထည့်သွင်းရေးဆွဲထား သည်ဟု ဆိုသည်။

‘‘နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်း လဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပြည်သူ့ဝန်ထမ်း ကျင့်ဝတ် တောင့်တင်းခိုင်မာရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး နဲ့ အဂတိလိုက်စားမှု တိုက်ဖျက် ရေးအတွက် လေ့ကျင့်သင်ကြားမှု များပေးဖို့၊ တိုင်ကြားရေးနဲ့ ဖော် ထုတ်ရေးဆိုင်ရာ ယန္တရားထိ ရောက်မှုရှိဖို့၊ အဆင့်မြင့်ရာထူး ရာခံရှိသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ကြေညာဖို့၊ နည်းပညာ အသစ်တွေနဲ့ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပံ့ပိုးဆောင် ရွက်ခြင်းဖြင့် အဂတိလိုက်စားနိုင် မှု အခွင့်အလမ်းကို နည်းပါး အောင် ဆောင်ရွက်ဖို့ စတဲ့အစီအ စဉ်တွေလည်း ထည့်သွင်းဆောင် ရွက်ထားပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်သည် လက်ရှိဝန်ထမ်းလောကတွင် ဖြစ်ပေါ်နေ သည့် အခြေအနေများဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် ပြင် ဆင်နေခြင်းအပေါ် ထောက်ခံကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက မှတ်ချက်ပြုသည်။

ဝန်ထမ်းလောက ပြုပြင် ပြောင်းလဲဆိုပါက နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခလစာမလုံလောက်မှု ကို အရင်ဆုံးဖြေရှင်းသင့်သည်ဟု ၎င်းက ပြောသည်။
7Day News

No comments:

Post a Comment