Latest News

Monday, July 10, 2017

အမှန်တကယ် တက်လိုတဲ့တက္ကသိုလ်သာ ရွေးချယ်လျှောက်ထားသင့်

အမှန်တကယ် တက်လိုတဲ့တက္ကသိုလ်သာ ရွေးချယ်လျှောက်ထားသင့်

သက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကို လျှောက်ထားမယ့်သူတွေအနေနဲ့ မိမိလျှောက်ထားလိုတဲ့ တက္ကသိုလ်ကို ဦးစားပေး တစ်အနေနဲ့ လျှောက်ထားဖို့ လိုပါတယ်။

ရန်ကုန်၊ ဇူလိုင် ၅ - တက္ကသိုလ်ဝင်တန်းအောင် ပြီးသူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားတဲ့အခါ မိမိအမှန် တကယ်တက်ရောက်လိုတဲ့တက္က သိုလ်ကိုသာ ရွေးချယ်လျှောက်ထားသင့်တယ်လို့ ပညာရေးကျွမ်း ကျင်သူအချို့က  ဆိုပါတယ်။

အခု ၂၀၁၇  ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွေကို လာမယ့်ဩဂုတ် လဆန်းပိုင်းမှာ စတင်ထုတ်ပေးမှာ ဖြစ်တယ်။

အခုနှစ် ၂၀၁၇ မှာ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာပေးပို့မှု စနစ်ပြောင်းလဲထားပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို တက္ကသိုလ် ၁၇ ခုကနေ စိစစ်လက်ခံမယ်လို့  အဆင့်မြင့်ပညာဦးစီးဌာန က သိရပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲက ဒုတိယညွှန်ကြားရေးမှူး ဦးစောခိုင်က “ဒီနှစ်မှာ ဝင်ခွင့်လျှောက်လွှာတွေ စိစစ်လက်ခံရမယ်၊ နောက်နှစ်ကျရင်  အမှတ် နည်းများစဉ်ပေးရမယ်၊ အဲဒီလို တစ်ဆင့်ချင်းစီသွားမယ်၊ နောက် ကျတော့ သူတို့တွေလဲ ဝင်ခွင့်စိစစ်နည်းတွေ ကျွမ်းကျင်လာပြီး တက္ကသိုလ်တွေ ကိုယ်တိုင်လုပ်တတ်သွားမယ်၊ ဒီနှစ်က စလုပ်လိုက်တာပါ”လို့ ပြောပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို သက်ဆိုင်ရာစာစစ်ဌာနတွေ တည်ရှိရာ တိုင်းဒေသကြီးအတွင်းက တက္ကသိုလ်တွေမှာ လျှောက်ထားရမှာပါ။

တက္ကသိုလ်တွေမှာ ဝင်ခွင့်အမှတ် သတ်ချက်တွေကို ကြိုတင်သတ်မှတ်ထားတာမျိုး မဟုတ်ပါ ဘူး။ ကျောင်းသားတွေရဲ့လျှောက်ထားမှု၊ တက္ကသိုလ်ရဲ့လက်ခံနိုင်မှုနဲ့လျှောက်ထားတဲ့ကျောင်းသားတွေရဲ့အမှတ်အနိမ့်အ မြင့်အပေါ် မူတည်ပြီး တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ပြီးချိန်မှသာ အနိမ့်ဆုံးဝင်ခွင့် ပြုခဲ့တဲ့ရမှတ် ကို  ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။


အဆင့်မြင့်ပညာဦးစီးဌာနက အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ‘တက္ကသိုလ်ဝင်ခွင့်အမှတ်ဆိုတာကြိုပြီး သတ်မှတ်တာ မရှိဘူး၊ တက္ကသိုလ်တွေကို ကျောင်းသားတွေ ဘယ်လောက်လျှောက်သလဲဆို တဲ့အပေါ် မူတည်တယ်၊ အမှတ် များတဲ့ကျောင်းသားတွေ ဝင်တိုးတဲ့ တက္ကသိုလ်က  အမှတ်မြင့်မှာပဲ အတိအကျ မရှိဘူး၊ အဲဒါကို မသိတဲ့သူတွေက သတင်းမှားတွေဖြစ်အောင် လိုက်ဖြန့်နေတာပါ၊  အချိန်ကျရင် သူ့အလိုလိုထွက်လာမှာပဲ” လို့ ပြောပါတယ်။

တချို့တက္ကသိုလ်၊ ဒီဂရီကော လိပ်တွေနဲ့ ကောလိပ်တွေကတော့ သီးခြားလျှောက်လွှာ ခေါ်ယူတာတွေလည်း ရှိပါတယ်။

သက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို လျှောက်ထားမယ့်သူတွေအနေနဲ့ မိမိ လျှောက်ထားလိုတဲ့တက္ကသိုလ်ကို ဦးစားပေးတစ်အနေနဲ့ လျှောက်ထားဖို့လို ပါတယ်။ တက်ရောက်လိုတဲ့တက္ကသိုလ်တည်ရှိရာ   မြို့နေရာ ကို တိကျအောင် ထည့်သွင်းပေးဖို့ လိုပါတယ်။

တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှာ ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိ အရာရှိတစ်ဦးက “ကျောင်းသားတစ်ယောက်က ဥပမာဆေးတက္ကသိုလ်တက်ချင်တယ်၊ သူက ဦးစားပေးနံပါတ်တစ်မှာ ဆေးတက္ကသိုလ်မကွေးလို့ ထည့်ထားတယ်၊ အဲဒီမှာ မရလို့ တောင်ကြီး မှာ ရလို့ ချပေးချင်ပေမဲ့ သူလျှောက်တဲ့ ဦးစားပေးတွေထဲမှာ တောင်ကြီးလို့ ထည့်မလျှောက်ထား ရင် အမှတ် ဘယ်လောက်မီမီ ဆရာတို့က ချမပေးဘူး၊ သူလျှောက်တဲ့ ဦးစားပေး အစဉ် အတိုင်းပဲ စဉ်းစားပေးတယ်”လို့ ပြောပါတယ်။

အဝေးသင်

သက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို မတက်ရောက်ဘဲ ဝိဇ္ဇာ၊ သိပံတက္ကသိုလ်တွေကို ရွေးချယ်တက်ရောက်နိုင်သလို အဝေးသင်တက္ကသိုလ်ကိုလည်း တက်ရောက်နိုင်ပါတယ်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ အထူးပြုဘာသာရပ်တွေအလိုက် ဝင်ခွင့်လိုအပ်ချက်တွေကို ပညာရေးဝန်ကြီးဌာနက ထုတ်ဝေပေးမယ့် ၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူတွေအတွက် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်မှာ ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

လမ်းညွှန်စာအုပ်နဲ့အတူ တက္ကသိုလ်ဝင်ခွင့် သင်တန်းရွေးချယ်မှု ကတ်ပြားလည်း တစ်ပါတည်းပါရှိမှာ ဖြစ်ပါတယ်။

“ပုံနှိပ်တိုက်တင်ဖို့ လုပ်နေပါတယ်၊ မနှစ်က အစီအစဉ်အတိုင်းပဲသွားနေတယ်၊  နှစ်ကဆို ရင် ဩဂုတ်လဆန်းပိုင်းလောက်မှာ တချို့တစ် ဝက်ရတော့စဝေတယ်၊ နောက်ပြီး ကလေးတွေကို ဖြည့်ခိုင်းပြီး ဩဂုတ်လကုန်လောက် ပြန် တင်ခိုင်းတယ်၊ ဒီနှစ်လဲ အဲဒီအတိုင်းပါပဲသွားမှာပါ” လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောပါတယ်။

ဝင်ခွင့်လျှောက်ထားတဲ့အခါ  သင်တန်းရွေးချယ်မှု ကတ်ပြားမှာ ဖြည့်သွင်းလျှောက် ထားရမယ့် တက္ကသိုလ်တွေ အထူးပြုဘာသာရပ်တွေကို ဦးစားပေးပြည့်စုံစွာ ဖော်ပြပြီး သတ် မှတ်ထားတဲ့ အချိန်အတွင်း လျှောက်ဖို့ လိုပါတယ်။

ဝင်ခွင့်အတွက် သီးခြားခေါ်ယူတဲ့ တက္ကသိုလ်တွေကို လျှောက်ထားသူဆိုရင်လည်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာနဲ့ လျှောက်ထားရတဲ့ တက္ကသိုလ်တွေကို ထပ်မံလျှောက်ထားဖို့ လိုပါတယ်။ ဒါမှသာ သီးခြားလျှောက်ထားတဲ့ တက္ကသိုလ်ကို ဝင်ခွင့်မရရင်လည်း အခြားတက္ကသိုလ်တွေမှာ တက်ရောက်ရမှာပါ။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ ပုံမှန်ကျောင်းသူကျောင်းသားတွေအဖြစ် တက်ရောက်ဖို့ လျှောက်ထားကြသူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်စာအိတ်ပေါ်မှာ “နေ့သင်တန်း”၊ အဝေးသင်တက္ကသိုလ်တက်ရောက် လိုသူတွေက “အဝေးသင်”လို့ ထင်ထင်ရှားရှား ရေးသားပေးရမှာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့အနေနဲ့ လျှောက်ထားသူတွေရဲ့ သင်တန်းရွေးချယ်မှု ကတ်ပြားတွေကို အမှတ်အနည်းအများအလိုက်စဉ်ထားပြီး အမှတ်အများဆုံး ရရှိ တဲ့ လျှောက်ထားသူရဲ့ ကတ်ပြားကနေ အမှတ် အနည်းအများအလိုက် ကတ်ပြားတစ်ခုချင်းကိုစိစစ်တာ ဖြစ်ပါတယ်။

လျှောက်ပါ

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူတွေဟာ တက္ကသိုလ်ပညာကို ဆက်တိုက်တက်ရောက်မသင်နိုင်ရင် နောက် ပညာသင်နှစ်တွေမှာ နေ့သင်တန်းပုံမှန်ကျောင်းသားအဖြစ် တက်ရောက်နိုင်ဖို့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို မဖြစ်မနေ တင်သွင်းဖို့ လိုပါတယ်။

အခုပညာသင်နှစ်မှာ တက္ကသိုလ်ဝင်ခွင့် မလျှောက်သူတွေ နောက်ပညာသင်နှစ်တွေမှာ နေ့သင်တန်းပုံမှန်ကျောင်းသားအဖြစ် တက္ကသိုလ် ဒီဂရီကောလိပ်တွေမှာ တက်ရောက်ခွင့် မပြုဘူးလို့ သိရပါတယ်။
အဆင့်မြင့်ပညာဦးစီးဌာနအနေနဲ့ သတ်မှတ်ရက်ထက် ကျော်လွန်နောက်ကျပြီး လျှောက်ထားလာတဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို နောက်ဆက်တွဲအနေနဲ့ လက်ခံပေးတယ်လို့ သိရပါတယ်။

“ဆရာတို့က လုပ်ပေးလို့ရတဲ့ အချိန်အထိ လုပ်ပေးတယ်၊ နောက်ဆက်တွဲလဲ လုပ်ပေးရ တယ်၊ နောက်ဆုံးထားမယ်ဆိုရင် အကုန်လုံးက မမီနိုင်တော့ဘူးလေ၊ ဘယ်နှရက်အထိ လက်ခံပေးတယ်ဆိုတာတော့ အတိအကျ ပြော လို့ မရဘူး၊ ဝင်ခွင့်စိစစ်နေတဲ့ အချိန်ထိတောင် လက်ခံပေးရတာတွေရှိတယ်”လို့ အဆင့်မြင့် ပညာဦးစီးဌာန အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားတဲ့အခါမှာ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဝင်ခွင့်လမ်းညွှန်စာအုပ်ကို သေချာမဖတ်ရှုတာကလည်း လျှောက်လွှာတင်သွင်းတဲ့အခါ အခက်ခဲတွေ  ဖြစ်ပေါ်စေတယ်လို့ ကျောင်းသားတချို့နဲ့ မိဘတချို့က ဆိုပါတယ်။

ဝင်ခွင့်ရရှိတဲ့တက္ကသိုလ်စာရင်းတွေကိုတော့ နှစ်စဉ် နိုဝင်ဘာလအတွင်းမှာ ကြေညာပေးပါတယ်။ သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီ ကောလိပ်တွေနဲ့ ကောလိပ်တွေကနေ ထုတ်ပြန်ပေးမှာပါ။
မေသော်တာမောင်(Kumudra)


No comments:

Post a Comment