Latest News

Wednesday, July 12, 2017

မြန်မာ-ကမ္ဘောဒီယားနိုင်ငံ ကဏ္ဍစုံတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်

မြန်မာ-ကမ္ဘောဒီယားနိုင်ငံ ကဏ္ဍစုံတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်


ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး နှင့်စသည့် ကဏ္ဍစုံအတွက် မြန်မာ- ကမ္ဘောဒီးယား ပူးပေါင်း ဆောင်ရွက် သွားရန်အတွက် ကတိက၀တ်ပြုခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်အား မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီး Prak Sokhonn တို့ အင်္ဂါနေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် သဘောတူညီချက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တစ်ရက်တည်းမှာပဲ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံစဉ် နှစ်နိုင်ငံအကြား မွန်-ခမာ ယဉ်ကျေးမှုအား ပြန်လည်ဖော်ထုတ်သွားရေး၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေးနှင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ထွက်ကုန်များ ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့နိုင်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ပရတ်ဆုတ်ခွန်းအနေဖြင့် မြန်မာနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိပြီး နှစ်ရက်တာ ခရီးလည်ပတ်ခဲ့သည်။ ဖေဖော်ဝါရီလ အစောပိုင်းက မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက် လည်ပတ်ပြီး နှစ်နိုင်ငံ အကျိုးတူပူးပေါင်းရေး ကိစ္စများ ဆွေးနွေးခဲ့သည်။

အဆိုပါလကုန်ပိုင်းမှာပင် ကမ္ဘောဒီးယားနိုင်ငံ ဒုဝန်ကြီးချုပ် Hor Namhong လာရောက် လည်ပတ်ပြီး နှစ်နိုင်ငံအကြား ၂၀၁၇-၂၀၂၁ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်။ ဇွန်လထဲတွင် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တာဝန်ရှိသူများက နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ကဏ္ဍ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ရေးဆွဲရေး လုပ်ငန်းဆွဲများ အတူရေးဆွဲခဲ့သည်။

နှစ်ဖက်စလုံးမှ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများ တိုးတက်ရေး ကိစ္စများ ဆွေးနွေးပြီး ခရီးသွားလုပ်ငန်း ၏ ခရီးစဉ်များဖြစ်သည့် “အန်ကော-ပုဂံ၊ ရှေးဟောင်းမြို့တော်နှစ်ခု ခရီးစဉ်တစ်ခုတည်း” အစီအစဉ်များ လုပ်ဆောင်ရန် သဘောတူခဲ့ခြင်းများ ရှိသည်။

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူး လက်မှတ် ကိုင်သူများအတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးခဲ့ခြင်း များရှိသည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာ့လေကြောင်းလိုင်း ဖြစ်သည့် MAI အနေဖြင့် ရန်ကုန်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ရှေးဟောင်းမြို့ဖြစ်သည့် Siem Reap အကြား လေကြောင်းလမ်းခရီးစဉ် ပြေးဆွဲခြင်းကို စတင်ခဲ့သည်။ အဆိုပါ လေကြောင်း ၀န်ဆောင်မှုအား ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ဖနွမ်းပင်မြို့အထိ ပြေးဆွဲရန် လေကြောင်းလိုင်း ချဲထွင်ခဲ့ခြင်းများရှိသည်။

စိုင်းဟန်
Ref:Xinhua
The Ladies News

No comments:

Post a Comment