Latest News

Friday, July 14, 2017

၆ဘီးယာဉ်နဲ့ ၂၂ ဘီးယာဉ်တိုက်မိပြီး ၆ ဘီးယာဉ်ပေါ်မှ ယာဉ်နောက်လိုက် နေရာမှာတင်ပွဲခြင်းပြီးသေဆုံး

၆ဘီးယာဉ်နဲ့ ၂၂ ဘီးယာဉ်တိုက်မိပြီး ၆ ဘီးယာဉ်ပေါ်မှ ယာဉ်နောက်လိုက် နေရာမှာတင်ပွဲခြင်းပြီးသေဆုံ


ရန်ကုန်၊ ဇူလိုင် ၁၅။ ။သီပေါမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ၆ဘီးယာဉ်နဲ့ ၂၂ဘီးယာဉ်တိုက်မှုပြီး ၆ဘီးယာဉ် ပေါ်မှာပါလာတဲ့ ယာဉ်နောက်လိုက် နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုဟာ ဇူလိုင်လ ၁၅ရက် နံနက် ၆နာရီခွဲခန့်ကဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၃၄/၃ နဲ့ ၂၃၄/၄ ကြားမှာဖြစ်တယ်လို့သိရပါတယ်။

“ ၆ဘီးကားယာဉ်နောက်လိုက်က အိပ်ငိုက်ပြီး ယာဉ်မောင်းဘက်ကိုလဲသွားတယ်။ လဲလာတော့ ယာဉ်မောင်းက ပြန်တွန်းလိုက်တော့ ကားကဘေးကိုရောက်သွားပြီး မျက်နှာချင်းဆိုင်လာတဲ့ ၂၂ဘီးကားနဲ့တိုက်မိတာဖြစ်ပါတယ်။”လို့ သီပေါမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးကပြောပါတယ်။

၆ဘီးယာဉ်ဟာ ကုန်စုံ တင်ဆောင်လာကာ မန္တလေးဘက်ကနေ လားရှိုးဘက်ကိုမောင်းနှင်လာခဲ့တာဖြစ်ပြီး ၂၂ဘီးယာဉ်ဟာ လားရှိုးဘက်ကနေမောင်းနှင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ၆ဘီးယာဉ်ပေါ်မှ ယာဉ်နောက်လိုက် သေဆုံးသွားကာ ယာဉ်မောင်းအနည်းငယ်ထိခိုက်ဒဏ်ရာရရှိပြီး ၂၂ဘီးပေါ်မှ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့သိရပါတယ်။

သေဆုံးသွားတဲ့ ၆ဘီးယာဉ်ပေါ်မှ ယာဉ်နောက်လိုက်ဟာ ကိုသိုင်းပိုင်တိုး အသက် (၂၂)နှစ်ဖြစ်တယ်လို့သိရပါတယ်။ သီပေါမြို့မရဲစခန်းက ၆ဘီးယာဉ်မောင်း ကိုမြစိုး(ခ) ခင်တိုးတိုး အသက် (၃၁)နှစ်ကို (ပ)၃၅/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/ ၃၀၄(က)နဲ့အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။
နှင်းနှင်း(Kumudra)


No comments:

Post a Comment