Latest News

Wednesday, July 12, 2017

ပရိသတ်တွေ ချစ်နေကြဆဲ လူဝကြီးနှစ်ယောက်

ပရိသတ်တွေ ချစ်နေကြဆဲ လူဝကြီးနှစ်ယောက်

အာဂျင်တိုင်းသား မာရာဒိုနာက ၁၉၈၆ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သူဖြစ် သလို  ဘရာဇီးတိုက်စစ်မှူးကြီး ရိုနယ်လ်ဒိုကလည်း ၁၉၉၄ နဲ့ ၂ဝဝ၂ ကမ္ဘာ့ဖလားတွေကို နိုင်ငံလက်ရွေးစင်အသင်းအတွက် ခမ်းနားလှတဲ့ အောင်မြင်မှုကို ဖော်ဆောင်နိုင်ခဲ့ကြသူတွေပါ။ ၂ဝဝ၈ခုနှစ် နောက်ပိုင်းက စလို့ ဆက်သွယ် ရေးစနစ်တွေ ကောင်းမွန်လာမှုနဲ့အတူ ပရိသတ်တွေက ဥရောပကလပ် အသင်းတွေရဲ့ လိဂ်ပြိုင်ပွဲအစုံကို အလွယ်တကူ ကြည့်ရှုလို့ ရနေတာကြောင့် ကလပ်အသင်းတွေအတွက် ထိပ်တန်းခြေစွမ်းပြနေတဲ့ နေမာ၊ မက်ဆီ၊ စီရို နယ်လ်ဒိုတို့လို ကစားသမားတွေဟာ နိုင်ငံအသင်း အတွက် အောင်မြင်မှု ရယူပေးနိုင်တဲ့ ဇာဗီ၊ အင်နီယေစတာ၊ ဖိလစ်လမ်း တို့လို ကစားသမားတွေထက် ပရိသတ်အားပေးမှု ပိုမိုရနေတာကတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂ဝကျော် ၃ဝကျော် ကာလ တွေမှာတော့ ကလပ်အသင်းပြိုင်ပွဲရှိနေပေမယ့် နိုင်ငံအသင်းတွေရဲ့ အောင်မြင်မှု အခန်းကဏ္ဍဟာ ပိုမိုအားကြီးခဲ့ပြီး ပီလီ၊ မာရာဒိုနာ၊ ဇီဒန်း၊ ရိုနယ်လ်ဒိုတို့လို ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစွမ်းပြတဲ့ ကစားသမားတွေရဲ့ အောင်မြင်မှုဟာ ကလပ်အသင်းတွေနဲ့ အောင်မြင်မှုရခဲ့ကြတဲ့ ရာအူးလ်၊ မာလ်တီနီတို့လို ကစားသမားတွေထက်  များစွာသာလွန်ခဲ့တာပါ။ အချိန်ကာလတစ်ခုကို ဖြတ်ကျော်ပြီးချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုပုံစံ ပြောင်းလဲသွားသလို လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု၊ သုံးခုကျော် ကာလလောက် က ပရိသတ်တွေရဲ့ အသည်းစွဲ ကစားသမားတွေဖြစ်ခဲ့တဲ့ မာရာဒိုနာ၊ ရိုနယ်လ်ဒိုတို့ဟာ တကယ့်ကို လူဝကြီးတွေဖြစ်နေပြီး သူတို့ဟာ တစ်ချိန်က ပြိုင်ဘက် နောက်တန်း ကစားသမားတွေ အကြောက်ရဆုံးကစားသမား ဖြစ်တယ်ဆိုတာ ကျိန်ပြောရမလိုပါပဲ။

ဖီဖာ(ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်)ရဲ့ ရန်ပုံငွေပွဲမှာ ပါဝင်ကစားဖို့ ဆွစ်ဇာလန် မြေကို ရောက်နေတဲ့ သူတို့နှစ်ဦးကို   ပရိသတ်တွေက ချစ်ခင်မှုအပြည့်နဲ့ အားပေးခဲ့သလို မာရာဒိုနာကလည်း ဖီဖာဂုဏ်သိက္ခာ ပြန်လည်တက် လာဖို့ သူ့အနေနဲ့ တတ်စွမ်းသမျှ ဝိုင်းဝန်းဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပါ တယ်။ တစ်ဦးချင်း ဘောလုံးစွမ်းဆောင်ရည်ပြကြချိန်မှာလည်း မာရာ ဒိုနာဟာ ဘောလုံးအတို့အယူ၊ ဘောလုံးအထိန်းအသိမ်းတွေမှာလည်း အကောင်းဆုံး စွမ်းဆောင်ပြနိုင်ဆဲဖြစ်လို ပရိသတ်လက်ခုပ်သံညံခဲ့တာ ကြောင့် ဒီလူဝကြီးတွေဟာ ပရိသတ်အချစ်တော်ဖြစ်နေဆဲဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
မေလဲ့သင်း -ရေးသားသည်(ကြေးမုံ)

No comments:

Post a Comment