Latest News

Friday, July 14, 2017

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း ကျန်းမာရေးကြောင့် ခွင့်တစ်လယူထားကြောင်း အမြဲတမ်းအတွင်းဝန် ပြောကြား

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း ကျန်းမာရေးကြောင့်
ခွင့်တစ်လယူထားကြောင်း အမြဲတမ်းအတွင်းဝန် ပြောကြား

လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းကို ရာထူးမှ အနားပေးလိုက်သည်ဟု ထွက် ပေါ်နေသော သတင်းများသည် ကောလာဟလဖြစ်ပြီး ကျန်းမာ ရေးအခြေအနေကြောင့် ဆေးခွင့် တစ်လ ယူထားခြင်းသာဖြစ် ကြောင်း အဆိုပါဝန်ကြီးဌာနအမြဲ တမ်းအတွင်းဝန် ဦးဌေးအောင်က ပြောသည်။

‘‘ကျွန်တော်တို့ပြည်ထောင် စုဝန်ကြီး တစ်လဆေးအနားယူပါ တယ်။ အခုအချိန်ထိ ရန်ကုန်မှာ ဆေးစစ်နေပါတယ်။ ဝန်ကြီးအ ပြောင်းအလဲကိစ္စကတော့မဟုတ် ပါဘူး။ ကောလာဟလပါ’’ ဟု ဇူလိုင် ၁၃ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အပြီး၌ မီဒီယာများ၏ မေးမြန်းမှုကို ဦး ဌေးအောင်ကဖြေကြားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ကျန်း မာရေးအခြေအနေကြောင့် ဆေး ခွင့်ယူနေစဉ်အတွင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးဝင်းခိုင်က ပူးတွဲ(ယာယီ) တာဝန်ထမ်းဆောင်နေသည်ဟု ၎င်းကထည့်သွင်းဖြေကြားသည်။

ပြည်ထောင်စု ဝန်ကြီး၏ လက်ရှိကျန်းမာရေးကိစ္စနှင့်ပတ် သက်၍ ဆက်လက်မေးမြန်းရာ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်၍ ပြောဆိုရန်မသင့်ကြောင်း ဦးဌေး အောင်က ပြောသည်။

‘‘ကျန်းမာရေးကိစ္စ၊ နေမကောင်းလို့၊ အသက်ကြီးတယ်လေ’’ဟု ၎င်းကဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်ဝန်ကြီးသည် ယခုဇူလိုင်လဆန်းက စတင်ကာ ဆေးခွင့်ယူခဲ့ကြောင်း ဦးဌေး အောင်က ဆက်လက်ပြောကြား သည်။

ပြည်ထောင်စုဝန်ကြီးဦးဖေ ဇင်ထွန်းသည် မြစ်ကြီးနားမြို့နယ် ဟိုပင်မြို့ဇာတိဖြစ်ပြီး အင်ဂျင်နီ ယာဘွဲ့ (ရေနံ)ဖြင့် ဘွဲ့ရရှိထား ကာအသက် (၆၁) နှစ်ခန့်ရှိပြီဖြစ် သည်။

ဇူလိုင်လဆန်းက လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းအ ပါအဝင် ပြည်ထောင်စုဝန်ကြီးအ ချို့ကို အနားပေးလိုက်သည်ဟူ သောသတင်းများ ထွက်ပေါ်ခဲ့ သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေ အခန်း (၅) ပုဒ်မ ၂၀၂ (က) (ခ) တွင်နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သ ဘောတူညီချက်ဖြင့် ပြည်ထောင် စုအစိုးရဝန်ကြီးဌာနများကို ပြင် ဆင်၊ ဖြည့်စွက်သတ်မှတ်နိုင် ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးရေကိုလည်း တိုးလျှော့ပြင်ဆင် သတ်မှတ်နိုင်ကြောင်း ဖော်ပြထား သည်။
7Day News

No comments:

Post a Comment