Latest News

Friday, July 14, 2017

ဆရာတော်ဦးကိတ္တိသာရ (ဦးကျော်ဟိန်း) ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်သို့ ပြန်လာရန် မလွယ်ကူတော့ဟုဆို

ဆရာတော်ဦးကိတ္တိသာရ (ဦးကျော်ဟိန်း) ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်သို့ ပြန်လာရန် မလွယ်ကူတော့ဟုဆို

 ဩစတြေးလျနိုင်ငံ ကန် ဘာရာမြို့တွင် သီတင်းသုံးနေ သော ဆရာတော် ဦးကိတ္တိသာရ (ဦးကျော်ဟိန်း)သည် ကျန်းမာ ရေးအခြေအနေကြောင့် ရန်ကုန် သို့ ပြန်လာရန် မလွယ်ကူတော့ ကြောင်း ၎င်း၏ မိသားစုဝင်ဖြစ် သည့် ဒေါ်သန်းနွဲ့အေးက ပြော သည်။

‘‘လေယာဉ်အကြာကြီးစီးဖို့ ကျန်းမာရေးအရ မဖြစ်နိုင်တဲ့အ တွက် ပြန်လာဖို့ မဖြစ်နိုင်တော့ ဘူး။ ပြီးခဲ့တဲ့ သုံးလလောက်က ဦးပဉ္ဇင်းကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ရတော့ အန်တီတို့ ဟိုမှာ သုံးလလောက်သွားနေဖြစ် တယ်။ နှလုံးသွေးကြောပိတ်လို့ ပါ။ အခုကတော့ ကောင်းပါ တယ်’’ဟု ၎င်းက ပြောသည်။

‘‘ကြားထဲမှာ လူတွေပြောနေ တဲ့ သတင်းတချို့ရှိတယ်။ စိတ္တဇ ဆေးရုံမှာ တွေ့တယ်တို့၊ လူထွက်သွားတယ်တို့၊ ကားမောင်းနေတာ တွေ့တယ်တို့ အဲဒါတွေအားလုံး က မဟုတ်ပါဘူး။ ဘုန်းကြီးက ဩစတြေးလျမှာ သီတင်းသုံးနေ တာ သုံးနှစ်ကျော်လောက်ရှိပြီ။ အခုဆိုရင် ကိုးဝါရပြီ။ စဝင်က တည်းကလည်း တစ်ခါမှ မထွက် ပါဘူး။ ဦးကျော်ဟိန်းဆိုတဲ့သူက သူပြောပြီးရင် သူတကယ်လုပ်တဲ့ သူမျိုးပါ။ လူတွေပြောနေသလို၊ ထင်နေသလိုမျိုး ဝတ်လိုက်၊ ထွက် လိုက်တွေလည်း မဟုတ်ပါဘူး။ အခုထက်ထိလည်း ရဟန်းဝတ်ပါ တယ်’’ဟု ဒေါ်သန်းနွဲ့အေးက ဆက်လက်ပြောကြားသည်။

အနုပညာလောကထဲမှ အ နားယူသွားပြီဖြစ်၍ သာသနာ့ ဘောင်တွင် ရဟန်းဝတ်ဖြင့် တရားအားထုတ်နေသော ဆရာတော် ဦးကိတ္တိသာရ (ဦးကျော်ဟိန်း)သည် ရန်ကုန်သို့ ပြန်မလာနိုင် သော်လည်း သက်တော် (၇၀) ပြည့် ဇီဝိတဒါနမွေးနေ့အလှူကို၎င်း၏ မိသားစုနှင့် သရုပ်ဆောင် ဦးအောင်ခိုင်တို့က ဇူလိုင် ၁၄ ရက်နံနက်တွင် ရန်ကုန်မြို့ (၃၅)လမ်း အထက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

မွေးနေ့အလှူအဖြစ် ကိုလူ ချောအဖွဲ့ဝင်များအနက် ဦးကျော် ဟိန်းနှင့် လက်တွဲခဲ့သည့် လူကြမ်း ၅၂ ဦးကို ဆန်အိတ်တစ်အိတ်နှင့် ငွေကျပ် တစ်သိန်းစီ၊ ကျန် ၃၅ ဦးကို ဆန်တစ်အိတ်စီအပြင် စက်မှု သာရေးနာရေးအဖွဲ့အတွက် ၁၀

သိန်း၊ ဇာတ်ပို့ဇာတ်ရံအဖွဲ့အ တွက် ၁၀ သိန်းစီနှင့် ၎င်းကိုယ် တိုင်ရေးသားထားသည့် အသိသတိစာအုပ်များ လှူဒါန်းခဲ့သည်။

‘‘ဦးက ပြင်ဦးလွင်မှာ ကား ရိုက်နေတယ်။ အဲဒီအချိန်မှာ ဆရာ့ရဲ့ အမျိုးသမီး အန်တီမီးက နေ ဖုန်းဆက်တယ်။ ဦးကျော်ဟိန်း ရဲ့ အသက် (၇၀)ပြည့်အလှူကို လုပ်ချင်တယ်။ စီစဉ်ရအောင် ပြန် ဆင်းခဲ့ပါဆိုလို့ ပြန်ဆင်းလာခဲ့တာ ပါ။ ဆရာ့မွေးနေ့မတိုင်ခင် ဦးအောင်ခိုင်တို့က အသက် (၆၅) နှစ်အထက် လူကြမ်းတွေချည်းပဲ  သီးသန့် သက်ကြီးပူဇော်ပွဲလုပ် လိုက်တယ်။ အဲဒီမှာ ဆရာက နိုင်ငံရပ်ခြားကနေမြင်ပြီးတော့ သူ့စိတ် ထဲမှာ ဒါကိုပီတိဖြစ်တယ်။ သူနဲ့ လက်တွဲခဲ့ဖူးတဲ့သူတွေကို ထောက်ပံ့ချင်တယ်ဆိုတာနဲ့ ဒီအစီအစဉ် လေးဖြစ်ပေါ်လာပါတယ်။ ပြီး တော့ အန်တီမီးကတစ်ဆင့် သူ့ ဆန္ဒလည်းပြည့် ဒီဘက်ကလူတွေ လည်း စိတ်ချမ်းသာအောင်လုပ် ပါ။ ဒါပဲပြောတယ်။ ဆရာသမား က ဟိုးအရင်ကတည်းက လိုအပ် တာပဲပြောတယ်။ မလိုအပ်ရင် စကားသိပ်မပြောဘူး’’ဟု ၁၁ နှစ် ခန့် လက်တွဲခဲ့သည့် ဆရာဖြစ်သူ ဦးကျော်ဟိန်း၏ မွေးနေ့အလှူဖြစ် မြောက်ခဲ့ပုံကို ဦးအောင်ခိုင်က ပြောသည်။

‘‘ဦးကျော်နဲ့မတွေ့တာ ကိုး နှစ်ရှိပြီး။ ဒီနေ့မှ ဦးကျော် ဆန်နဲ့ အလှူငွေလှူတဲ့ဆီကို ရောက် တယ်။ ဒါပေမဲ့ ဦးကျော်မလာဘူး။ ဦးကျော်ရဲ့ဇနီး မမီးမီးနဲ့ သူ့သား လေး နေဝင်းတို့ လာလှူကြတယ်။ ဦးကျော်ကို အခုသိပ်တွေ့ချင်နေ တယ်’’ဟု လူကြမ်းသရုပ်ဆောင် စိုင်းအောင်တင့်က ပြောသည်။

ဝါရင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်းသည် ၂၀၀၈ က သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ခဲ့ပြီး မှော်ဘီနှင့် မော်လမြိုင်မြို့တို့တွင် သီတင်းသုံး နေရာမှ ၂၀၁၃ ကစ၍ ၎င်း၏သမီး နှစ်ဦးရှိရာ ဩစတြေးလျနိုင်ငံ ကန်ဘာရာမြို့သို့ သွားရောက် သီတင်းသုံးနေကြောင်း သိရသည်။
7Day News

No comments:

Post a Comment