Latest News

Saturday, July 15, 2017

ကုလအချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင်ကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကထောက်ခံပေးရန် မစ္စရန်ဟီးလီ အကြံပြု

ကုလအချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင်ကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကထောက်ခံပေးရန် မစ္စရန်ဟီးလီ အကြံပြု

ကုလသမဂ္ဂလူ့အခွင့်အ ရေးကောင်စီမှ ချမှတ်ထားသော အချက်အလက်ရှာဖွေဖော်ထုတ် ရေးမစ်ရှင်ကို မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် (MNHRC) က ထောက်ခံပေးရန် မစ္စရန်ဟီးလီက ဇူလိုင် ၁၄ ရက် တွင် အကြံပြုခဲ့ကြောင်းသတင်း ရရှိသည်။

ကုလအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီသည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ ရေးကော်မရှင် (MNHRC) ရုံး၌ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇူလိုင် ၁၄ ရက်က တွေ့ဆုံစဉ်အထက်ပါ အတိုင်း အကြံပြုခဲ့ကြောင်းကော် မရှင်ဥက္ကဋ္ဌဦးဝင်းမြက သတင်း ထောက်များအားပြောသည်။

‘‘လူ့အခွင့်အရေးကော်မရှင် ကနေ ထောက်ခံတဲ့သတင်းထုတ် ပြန်ချက်မျိုးလေး ထုတ်ရင် ကောင်းမယ်လို့ထင်တဲ့ အ ကြောင်း အကြံပြုပါတယ်။ ကျွန် တော်တို့ကလည်း ပြောပါတယ်။ ဒီကိစ္စဟာ အင်မတန်မှ သိမ်မွေ့ နက်နဲတဲ့ကိစ္စဖြစ်ပါတယ်’’ဟု ဦး ဝင်းမြကဆိုသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အ ခွင့်အရေးကော်မရှင် (MNHRC) ကို နိုင်ငံတော်အစိုးရကဖွဲ့စည်း ပေးထားကြောင်း၊ ကော်မရှင် သည် အစိုးရနှင့်ပြည်သူအကြား သင့်မြတ်စေရန် လုပ်ဆောင်ပေး နေရကြောင်းနှင့် ယခုကဲ့သို့သိမ် မွေ့နက်နဲသည့် ကိစ္စမျိုးကို ချင့်ချိန် စဉ်းစားရန်လိုအပ်ကြောင်း ကော် မရှင်က ရန်ဟီးလီကိုပြန်လည်ရှင်း ပြခဲ့သည်ဟု ဦးဝင်းမြကသတင်း ထောက်များအား ပြောသည်။

ရန်ဟီးလီအနေဖြင့်အချက် အလက်ရှာဖွေဖော်ထုတ်ရေးမစ် ရှင် (Fact-Finding Mission)ကို မည်သည့်အတွက်ကြောင့် MNHRC က ထောက်ခံရန်လိုအပ် ကြောင်းကို  ထည့်သွင်းပြောကြားခဲ့ခြင်းမရှိဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြား သည်။

ကုလအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီသည် မြန်မာနိုင်ငံသို့ လာရောက်တိုင်း မြန်မာနိုင်ငံအ မျိုးသားလူ့အခွင့်အရေးကော်မ ရှင်နှင့် တွေ့ဆုံလေ့ရှိပြီး ယခုတစ် ကြိမ်တွေ့ဆုံမှုတွင် တစ်နာရီခန့် ကြာမြင့်ကာ အထူးစီးပွားရေးဇုန် (SEZ)၊ မောင်တောထောင်၊ သ တင်းထောက်သုံးဦးအဖမ်းခံရမှု၊ ပုဒ်မ ၆၆ (ဃ) အပါအဝင်လူ့အ ခွင့်အရေးကော်မရှင်၏ လိုအပ် ချက် စသည့်အကြောင်းအရာမျိုး စုံဆွေးနွေးခဲ့ကြောင်း ဦးဝင်းမြက သတင်းထောက်များအား ရှင်းပြ သည်။

မောင်တောထောင်နှင့်ပတ် သက်၍ မြန်မာနိုင်ငံလူ့အခွင့်အ ရေးကော်မရှင်၏ တွေ့ရှိချက် သည် (၁၈) နှစ်အောက်အကျဉ်း သား ရှစ်ဦးသာရှိသော်လည်း ရန် ဟီးလီက ၎င်း၏တွေ့ရှိချက်သည် ၁၇ ဦးဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟုဆိုသည်။

ရန်ဟီးလီသည် ရခိုင်ပြည် နယ်အရေးကိစ္စနှင့်ပတ်သက်၍ MNHRC ၏သဘောထားအမြင် ကို မေးမြန်းခဲ့သည်ဟု ကော်မရှင် ဥက္ကဋ္ဌကပြောကြားပြီး အဆိုပါအ ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေး နွေးမှုအသေးစိတ်ကို သတင်း ထောက်များအား ပြောကြားခြင်း မရှိပေ။ထားဝယ်အထူးစီးပွားရေး ဇုန် (SEZ) တွင်လူ့အခွင့်အရေးချိုး ဖောက်ခံရမှုရှိသည်ဟု မစ္စရန်ဟီး လီထံတွင် တိုင်ကြားချက်စာရင်းရ ရှိထားကြောင်းနှင့် မြန်မာနိုင်ငံအ မျိုးသား လူ့အခွင့်အရေးကော်မ ရှင်က  ယင်းအခြေအနေကို ဆောင်ရွက်မှု ရှိ၊ မရှိ မေးမြန်းခဲ့ ကြောင်း ဦးဝင်းမြကပြောသည်။

‘‘သူ (ရန်ဟီးလီ) ကပြောပါ တယ်။ ထားဝယ်နဲ့ပတ်သက်ပြီး ထိုင်းလူ့အခွင့်အရေးကော်မရှင် ကလာပြီး ဒီမှာစုံစမ်းသွားတယ် လို့ပြောတယ်။ အဲဒါပူးပေါင်း ဆောင်ရွက်မှုမရှိဘူးလားလို့ မေး ပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မသိဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ လာပြီးဆောင်ရွက် မယ်လို့ အကြောင်းကြားရင်ပူး ပေါင်းဆောင်ရွက်မယ်လို့ ပြောခဲ့ ပါတယ်’’ ဟု ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အ ခွင့်အရေးကော်မရှင်၏ ဆောင် ရွက်ချက်အပေါ် ရန်ဟီးလီကမေး ခွန်းထုတ်ခဲ့ပြီး ကော်မရှင်ဘက်မှ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အ ရေးချိုးဖောက်မှုဖြစ်စဉ်အားလုံး ကို လုပ်ဆောင်နိုင်သည့် ဝန်ထမ်း ဖွဲ့စည်းပုံမရှိဟု ပြန်လည်ဖြေကြား ခဲ့ကြောင်း ဦးဝင်းမြက သတင်း ထောက်များအား ပြောသည်။

ဆက်လက်၍ ရန်ဟီးလီ သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကိုဖျက်သိမ်းစေလိုသည့် သဘောထားရှိသည်ဟု MNHRC နှင့်တွေ့ဆုံမှုတွင် ထည့်သွင်းပြော ကြားခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ကဆိုသည်။ ရန်ဟီးလီသည် ဇူလိုင် ၉ ရက်ညတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ဇူလိုင် ၂၁ ရက်တွင် ၎င်း၏ ဆဋ္ဌမအကြိမ်မြောက်ခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။
7Day News

No comments:

Post a Comment