Latest News

Saturday, July 1, 2017

မျှော်ရပါကြောင်း မအေးသောင်း

မျှော်ရပါကြောင်း မအေးသောင်း

‘ငုပ်မိသဲတိုင် တက်နိုင် ဖျားရောက်’ဟူသောစကားပုံကို အမေရိကန် သမ္မတဟောင်း အိုဘားမား ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ မပီကလာပီကလာနှင့် မပြောသေးမီ နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက သူ့ရင်ထဲတွင် သံမှိုစွဲသလို မြဲမြံစွာခံယူကျင့်သုံးခဲ့သည်။ သူ့နာမည်ကို မောင်သုညဟု ထားပါစို့။

မောင်သုညသည် ငယ်စဉ်က ကြေးရတတ်မိသားစုမှ ပေါက်ဖွားလာသူဖြစ်သည့်အလျောက် ပေါ့ပေါ့ပါးပါး နေထိုင်ခဲ့သော် လည်း မိဘများ၏ သွန်သင်ဆုံးမ မှုကြောင့် ပညာရေးတွင် မလစ် ဟင်းခဲ့ဘဲ တက္ကသိုလ်ဝင်တန်းကို နှစ်ချင်းပေါက်အောင်မြင်ခဲ့သည်။ တက္ကသိုလ်သို့ ကျောင်းအိပ် ကျောင်းစား တက်ရောက်ခဲ့ပြီး ဒုတိယနှစ်အရောက်တွင် ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ကြုံတွေ့ရခြင်းကပင် မောင်သုည၏ ဘဝ အလှည့်အပြောင်းတစ်ခုဖြစ်ဖို့ ကံကြမ္မာဖန်လာခြင်းပင်ဖြစ်၏။

ရှစ်လေးလုံးအရေးတော်ပုံ ၏အစသည် ကျောင်းသားထု၏ မကျေနပ်မှုဖြစ်သည့်အလျောက် သူသည်လည်း ကျောင်းသားထုထဲ မှ ကျောင်းသားတစ်ဦးဖြစ်ရာ ဆန္ဒပြချီတက်ပွဲများတွင် ပါဝင်ဆင်နွှဲ ခဲ့သည်။ သို့သော် သူသည် ကျောင်းသားခေါင်းဆောင်တစ်ဦးမဟုတ် ခဲ့သလို ရှေ့ဆုံးမှ အလံကိုင်ချီ တက်သူ တစ်ယောက်လည်း မဟုတ်ခဲ့။ သို့ရာတွင် သပိတ်စခန်းများသို့ သွားရောက်နေထိုင်ရင်း၊ သပိတ်တရားပွဲများ နားထောင် ရင်းဖြင့် နိုင်ငံရေးပိုး၊ တော်လှန် ရေးပိုးများက တရွရွထလာခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းပြီး နောက် ကျောင်းပိတ်ရက်များတွင် သူဖတ်သည့်စာများမှာ ငြိမ်းကျော်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဂျူး တို့၏ တက္ကသိုလ်နောက်ခံ အချစ် ဝတ္ထုများမဟုတ်တော့။ သိန်းဖေ မြင့်၏ ‘အရှေ့က နေဝန်းထွက် သည့်ပမာ’၊ ဒဂုန်တာရာ၏ ‘ဒို့ ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ’၊ အောင်ပြည့်၏ ‘ပြိုမှာလေလားမိုးရဲ့’ဝတ္ထုတို့ ဖြစ်လာသည်။

ဗမာပြည်နိုင်ငံရေး လှုပ်ရှား မှုသမိုင်းများဖြစ်သည့် ဝံသာနုလှုပ်ရှားမှု (၁၉၀၆-၁၉၃၀)၊ သခင် လှုပ်ရှားမှု (၁၉၃၀-၁၉၄၂)၊ ဖက်ဆစ်ဆန့်ကျင်ရေး (၁၉၄၂-၄၅)၊ လုံးဝ လွတ်လပ်ရေး ကာလ (၁၉၄၅-၄၈) ပါလီမန်ဒီမိုကရေစီ ခေတ် (၁၉၄၈-၁၉၆၂)၊ စစ်အာ ဏာရှင်ခေတ် (၁၉၆၂ ခုနှစ်)တို့ ကို သူလေ့လာသည်။ ကျောင်း သားလှုပ်ရှားမှု သမိုင်းများ ဖြစ် သည့် ကိုလိုနီခေတ် ကျောင်းသား သပိတ်များမှ အစချီကာ စစ်အာ ဏာရှင်ခေတ် ကျောင်းသားလှုပ် ရှားမှုများဖြစ်သော ၁၉၆၂ ခု ဇူလိုင်၇ ရက် အရေးတော်ပုံငြိမ်းချမ်းရေး ဆန္ဒပြပွဲ (၁၉၆၃ နိုဝင်ဘာ)၊ ကျွန်းဆွယ်အရေးအခင်း (၁၉၆၉ ခုနှစ်)၊ဦးသန့်အရေးအခင်း (၁၉၇၄ ဒီဇင် ဘာ)၊ အလုပ်သမားနှင့် ကျောင်း သားအရေးအခင်း (၁၉၇၅ ဇွန်)၊မှိုင်းရာပြည့် (၁၉၇၆ မတ်လ) တို့ကိုလည်း ပြန်လည်လေ့လာခဲ့ သည်။ သူ၏ စိတ်သန္တာန်တွင် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေးတို့က အရှိန်အ ဟုန်မြင့်မားလာခဲ့သည်။

သုံးနှစ်တာမျှ တက္ကသိုလ် ကျောင်းများပိတ်ပြီး ပြန်ဖွင့်ရာ တွင် ခြောက်လတစ်တန်း၊ သုံးလ တစ်တန်းတို့ဖြင့် တက္ကသိုလ်မှ ဘွဲ့ တစ်ခုရခဲ့သည်။ ဘွဲ့ရပြီးနောက် အိမ်ထောင်ရက်သားကျကာ မိဘ လက်ငုတ်လက်ရင်း စီးပွားရေး လုပ်ငန်းများ လုပ်နေရသော်လည်း မောင်သုည မပျော်နိုင်ပါချေ။ ကျောင်းသားဘဝက သန္ဓေတည် ခဲ့သည့် နိုင်ငံရေးပိုးက သူ့ခန္ဓာ ကိုယ်ထဲတွင် တရွရွ။

သူ၏ ဖခင်က သူ့ကို နိုင်ငံ ရေးလုပ်မည်ဆိုလျှင် ပါတီတစ်ခုခုကို ဝင်ဖို့လိုကြောင်း အကြံပေး၏။ အာဏာရှင်ခေတ်ဖြစ်သော်လည်း နိုင်ငံရေးပါတီများက တစ်ရာ၊ နှစ် ရာ အာဏာရှင်က တစ်ယောက် တည်းဆိုသည့်အခါ မောင်သုည ဘယ်ပါတီဝင်ရမှန်း မသိဖြစ်ရ သည်။ ဆိုရှယ်လစ်ပါတီ၊ ကွန်မြူ နစ်ပါတီ၊ လေဘာပါတီ၊ လစ်ဘ ရယ်ပါတီ စသည်ဖြင့် မူဝါဒက အ တိအကျမရှိ။ ပါတီအများစုတွင် ဒီမိုကရေစီနှင့် ကြယ်၊ အရောင် ကားအနီရောင်လောက်သာ အဓိကပါဝင်သည်။ စဉ်းစားရကျပ်သော မောင်သုည ‘ဒီမိုကရေစီအထွတ်အထိပ်’ဆိုသော ပါတီသို့ လျှောက်လွှာတင်ခဲ့သည်။ နိုင်ငံရေးတွင် ‘ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်’ဆိုသော စိတ်ဖြင့်ဖြစ်သည်။

ပါတီဝင်ဖြစ်ပြီး သိပ်မကြာမီ အတွင်း မောင်သုည အဖမ်းခံရ သည်။ ထိုအချိန်က အာဏာပိုင် များက ပါတီမှထွက်လျှင် ကြိုက် တာလုပ်ဆိုပြီး ပါတီ၌ ဆက်ရှိနေ မည်ဆိုလျှင် ရဲစခန်းက ထဘီ ပျောက်မပေါ်သည့်အမှုနှင့်လည်း ဖမ်းမည်ဟု ရာဇသံထုတ်ထားချိန် ဖြစ်၏။

မောင်သုည ထောင်မှထွက် လာသည့်အချိန်တွင်မူ ပါတီအ ပေါ် ချစ်စိတ်က ပိုမိုကြီးထွားလာ ခဲ့သည်။ ပါတီ၏ မူဝါဒများကို တစ်သဝေမတိမ်း လိုက်နာကျင့် ကြံ၏။ ပါတီအကျိုးကို ကျရာနေ ရာမှ ပံ့ပိုး၏။ မြွေမကြောက်၊ ကင်း မကြောက်၊ ထောင်မကြောက် တော့။ ပါတီသာအမိ၊ ပါတီသာ အမိ၊ ပါတီသာအမိဟု ယုံကြည် စွာနေ၏။ သူ၏ ကြိုးစားမှုကြောင့် ပါတီတွင်း သင်တန်းများ၊ အရပ် ဘက် သင်တန်းများကိုလည်းမကြာခဏတက်ရကာ ပါတီတာဝန်လည်း တဖြည်းဖြည်းကြီးလာခဲ့သည်။

အထွေထွေရွေးကောက်ပွဲ ကာလကတော့ မောင်သုညတို့ အလုပ်များရသော အချိန်ကာလ ဖြစ်သည်။ အမတ်လောင်းလျှောက်လွှာကို မောင်သုည ပါတီသို့တင် သည်။ ပါတီစည်းကမ်းအရ HIV ပိုးမရှိ၊ အသည်းရောင်အသားဝါ ပိုးမရှိ စစ်ဆေးခဲ့သည်။ တော်လှန် ရေးကတည်းက နိုင်ငံရေးကို ငုပ် မိသဲတိုင်ပါဝင်ခဲ့သော်ငြား မောင်သုည ခြေစစ်ပွဲမအောင်ခဲ့ပါ။ သို့ သော် ကိစ္စမရှိ။ ပါတီသာအမိ ထက် ပါတီ၏ ဦးဆောင်မှုသည် သာ ဒီမိုကရေစီ သွားရာလမ်း ကြောင်းဖြစ်သဖြင့် ပါတီအောင် နိုင်ရေးကို နေ့ရောညပါ ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ရွေးကောက် ပွဲတွင် ပါတီအနိုင်ရရှိသည့်အခါ၌ တွင်တော့ မောင်သုညပျော်မဆုံး။ ဘဝကို ရင်းနှီးရကျိုးနပ်ပြီ၊ တို့ တိုင်းပြည် ဒီမိုကရေစီရတော့မည် ဟူသောစိတ်ဖြင့် အနာဂတ်ကို တွေးကာ ပျော်ရွှင်နေတော့သည်။

လူအများစု (အထူးသဖြင့် နိုင်ငံရေးသမားများ) ပြောကြ သော စကားမှာ နိုင်ငံရေးသမား ဟူသည် ရယူခြင်းမဟုတ်၊ ပေးဆပ်ဖို့ရာဟု ပြောကြသည်။ ထိုအထဲတွင် မောင်သုညပါဝင်သည်။ ပေးဆပ်ဖို့အတွက် လွှတ်တော်အ မတ်ဖြစ်ဖို့လိုသည်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖို့လိုသည်။ ဖြစ်နိုင်လျှင် သမ္မတလောက်အထိဖြစ်မှ ပြည် သူလူထုကို ထိထိရောက်ရောက် ပေးဆပ်နိုင်မည်ဟု တက်နိုင်ဖျား ရောက်စိတ်ဖြင့် မောင်သုညတွေး ဖြစ်၏။

 ထိုစိတ်ဖြင့်ပင် ကြားဖြတ် ရွေးကောက်ပွဲကျင်းပရာ မောင်သုညအမတ်လောင်းလျှောက်လွှာ တင်ပြန်သည်။ သည်တစ်ကြိမ် တွင်တော့ ပါတီက ဗဟိုဦးစီးစနစ် မကျင့်သုံးဘဲ အခြေခံမှ အဆင့် ဆင့် မဲပေးရွေးချယ်စေခဲ့သည်။ မြို့နယ်တွင် မောင်သုညမဲအများ ဆုံး၊ ခရိုင်၊ တိုင်း စသည်တွင်လည်း မဲအများဆုံးရရှိခဲ့သည်။ အမတ် ဖြစ်ရေး၊ တိုင်းကျိုးပြည်ပြု ပေး ဆပ်ရေးတွေးလျက်နှင့် ပျော်သည်ပျော်သည်ပေါ့။

သို့သော် ပါတီမှ ထုတ်ပြန် သော အမတ်လောင်းစာရင်းတွင် မောင်သုညမပါခဲ့။ အခြေခံအဆင့်ဆင့်တွင် မဲနှစ်ပြား၊ သုံးပြားသာရသော သူက မောင်သုညထက် ပေးဆပ် နိုင်စွမ်းရှိသူဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိ ရေး အရေးတော်ပုံကတည်းက နိုင်ငံရေးတွင် ပါဝင်ခဲ့သူ မောင်သု ည မိမိကိုယ်ကိုယ် အားမလိုအား မရ ဖြစ်လာခဲ့သည်။ ရင်တွင်းဖြစ် စကားလုံးများကို ဖေ့စ်ဘွတ်ခ် တွင် ရေးသား၏။ ဒီမိုကရေစီအ ရေးအတွက် ဘယ်လိုအနစ်နာခံခဲ့ ပုံ၊ ပါတီအတွက် ဘယ်ပုံပေးဆပ် ခဲ့ပုံတွေကို သူ၏ စတေးတပ်တွင် တွေ့ရ၏။ သူ့ပါတီသူငယ်ချင်း များက ကွန်မန့်ဘောက်စ်တွင် သူ၏ စိတ်ဖိစီးမှုကို အားပေးကြ ပြန်၏။ (ဥပမာ-သူငယ်ချင်း နိုင်ငံရေးဆိုတာ ထောင်ကျတိုင်း အ မတ်ဖြစ်တာမှမဟုတ်တာ။ သူငယ်ချင်းရေ နိုင်ငံတော်က သစ်ပင် တွေခုတ်ပြီး မရောင်းတော့ဘူး တဲ့။) မောင်သုညကလည်း သူ့သူငယ်ချင်းများကို ရီပလိုင်းဘောက်စ်မှ ပြန်ရေး၏။ (ဥပမာ-နိုင်ငံရေး အကျဉ်းသားဆိုတာရှိခဲ့လို့ တို့ တိုင်းပြည် ဒီအခြေအနေရောက် တာကွ။ သစ်ခုတ်သမားဆိုတာ ဘယ်အပင်အမျိုးအစားကို ပန်းပု ထုမှရတယ်ဆိုတာ အရင်ဆုံးသိ ပြီးသားကွ)

ထိုသို့ဖြင့် မောင်သုညနှင့် ဖေ့စ်ဘွတ်ခ်သူငယ်ချင်းများ အ ပြန်အလှန် အချင်းများနေချိန်တွင် သူ၏ ဒီမိုကရေစီထွတ်ခေါင်ပါတီ လူကြီးများမှ ပါတီကို မကျေနပ်ပါက လူကိုယ်တိုင်သော်လည်းကောင်း၊စာဖြင့်သော် လည်းကောင်း ရေးသားပြောဆိုနိုင်ပြီး ဖေ့စ်ဘွတ်ခ်မှ မမှန်မကန်ပြောဆိုပါက ပါတီစည်းကမ်းဖြင့် အရေးယူမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။

 ထို့နောက်တွင်တော့ မောင်သုည၏ တက်နိုင်ဖျား ရောက် စိတ်ဓာတ်မှာ သုညဒီဂရီ အောက်သို့ လျော့ဆင်းသွားခဲ့ သည်။ ဖေ့စ်ဘွတ်ခ်တွင် ပါတီအ ကြောင်း လုံးဝမတင်တော့။ သူ၏ ချစ်ဇနီးကို အနမ်းပေးနေသည့်ပုံမှ အစ သူ့သမီးများ ပျော်ရွှင်စွာ ဆော့ကစားနေသည့် မိသားစု ဓာတ်ပုံများသာ တင်လာသည်။

သို့သော် သူ၏ အငုံ့စိတ်က မပျောက်။ နောက်ဆုံးတင်ထား သည့် စတေးတပ်တွင် ဓာတ်ပုံမပါ သော်လည်း စာသားက ထိရောက် ပါပေသည်။ ‘မျှော်ရပါကြောင်း မအေးသောင်း’ဟူ၏။ ကွန်မန့် ဘောက်စ်မှ သူငယ်ချင်းများက ‘‘ဘာကို မျှော်နေတာလဲ’’မေး တော့ သူမဖြေ။ ‘‘ဘယ်ကမအေး သောင်းလဲ’’ မေးမှသာ ‘‘ရွာက ငါ့ သူငယ်ချင်းပါ’’ဟု ဖြေ၏။ အပြစ် ကင်းလိုက်တဲ့ မောင်သုည။ လူ သားဆန်လိုက်တဲ့ မောင်သုည။

အထက်သရော်စာပါ စာ သားများသည် မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်ကိုမှ စိုးစဉ်းမျှ ထိခိုက်လိုခြင်းမရှိဘဲ မောင်သုည ၏ ခံစားမှုသက်သက်သာဖြစ် ကြောင်း ဟူလို။။

(ဖော်ပြပါ သရော်စာသည်  စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

7Day News

No comments:

Post a Comment