Latest News

Thursday, July 6, 2017

ဒုတိယတန်းမှ အဋ္ဌမတန်းအထိ အခန်းဆုံး စာမေးပွဲစစ်ဆေးသည့်ပုံစံ ပြောင်းလဲမည်

ဒုတိယတန်းမှ အဋ္ဌမတန်းအထိ အခန်းဆုံး စာမေးပွဲစစ်ဆေးသည့်ပုံစံ ပြောင်းလဲမည်

ယခုပညာသင်နှစ်၌ အခြေခံပညာ ဒုတိယတန်းမှ အဋ္ဌမတန်းအထိ အခန်းဆုံးစာမေးပွဲ စစ်ဆေးရာတွင် တစ်ဦးချင်း အဖြေလွှာပေါ်၌ ရေးသားဖြေဆိုရ သည့် စနစ်အစား အုပ်စုဖွဲ့စစ် ဆေးသည့်ပုံစံ ပြောင်းလဲကျင့်သုံး ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။

ဇူလိုင်လကုန်တွင် စစ်ဆေး မည့် ဒုတိယတန်းမှ အဋ္ဌမတန်းအ ထိ အတန်းများ၏ အခန်းဆုံးစာ မေးပွဲများ၌ အုပ်စုဖွဲ့စစ်ဆေးခြင်းစနစ်ကို စတင်ကျင့်သုံးပြီး ဇူလိုင်လကုန်အထိ သင်ကြားပြီး သင်ခန်းစာများအနက် အကြောင်းအရာတစ်ခုကို ရွေးထုတ်၍ အုပ်စုတစ်စုချင်းစီကို ဆွေးနွေးစေကာ ဆွေးနွေးချက်များကို တစ်အုပ်စုလျှင် အဖြေလွှာတစ်ခုတွင်သာ ရေးသားဖြေဆိုရမည်ဖြစ်သည်။

‘‘ဇူလိုင်လနဲ့ ဒီဇင်ဘာလမှာ အခန်းဆုံးစာမေးပွဲဖြေရမယ်။ အဲ ဒီအခန်းဆုံးစာမေးပွဲတွေမှာအုပ်စု ဖွဲ့စစ်ဆေးတဲ့ပုံစံသုံးမှာပါ။ စစ် ဆေးရမယ့်ပုံစံနဲ့ ပတ်သက်လို့ ဆရာ၊ ဆရာမတွေနားလည်စေဖို့ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျောင်းအ ဆင့်ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲ တွေ လုပ်ပေးမှာပါ’’ ဟု ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေ ဆွေလဲ့ကပြောသည်။

ဇူလိုင် ၄ ရက်က တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံး များတွင် ခရိုင်၊ မြို့နယ်ပညာရေး မှူးများနှင့် အလုပ်ရုံဆွေးနွေးပွဲ များ ကျင်းပခဲ့ပြီး အုပ်စုဖွဲ့စစ်ဆေး မှုပုံစံနှင့် ပတ်သက်၍ ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။

 အုပ်စုဖွဲ့စစ်ဆေးရာတွင် တစ်ဖွဲ့လျှင် ကျောင်းသား/သူလေးဦးနှုန်းဖြင့် တော်၊ သင့်၊ ညံ့ မျှတအောင် အဖွဲ့ဖွဲ့ပေးကာ အားလုံးပါဝင်ဆွေးနွေးစေပြီး တစ်ဦးက အဖွဲ့ကိုယ်စား အဖြေလွှာ၌ရေးပေးရမည်။ စာသင်ချိန်တစ်ချိန်စာအတွင်း အားလုံးပါဝင်ဆွေးနွေးစေရန် ဘာသာပြဆရာမတစ်ဦးနှင့် အကူဆရာမနှစ်ဦးက ကြီးကြပ်ပေးရမည်ဖြစ်ကာ အဖွဲ့ရမှတ်သည် ကျောင်းသား၊ ကျောင်းသူလေးဦးလုံး၏ ကိုယ်စီ ရမှတ်ဖြစ်သည်။

ရမှတ်များကို Grade ဖြင့် ထုတ်ပြန်မည်ဖြစ်ပြီး ရမှတ် ၄၀ မှ ၅၀ အတွင်း Grade A၊ ရမှတ် ၃၀ မှ ၃၉ မှတ်အတွင်း Grade B၊ ရမှတ် ၂၀ မှ ၂၉ မှတ်အတွင်း Grade C ပေးရန်၊ Grade မှလွဲ၍ ရမှတ်ကို လုံခြုံစွာသိမ်းထားရန် ဘာသာပြဆရာသည် မိမိဘာသာ ရပ်ရမှတ်မှတစ်ပါး ကျန်ဘာသာ များ၏ ရမှတ်ကို မသိစေရဟု ညွှန် ကြားထားသည်။

ယခုပညာသင်နှစ်တွင် အ ခန်းဆုံးစာမေးပွဲများကို ဇူလိုင်နှင့် ဒီဇင်ဘာ၊ နှစ်ဝက်ဆုံးစာမေးပွဲကို အောက်တိုဘာ၊ နှစ်ဆုံးစာမေးပွဲ ကို ဖေဖော်ဝါရီ စုစုပေါင်းလေး ကြိမ်သာ စစ်ဆေးမည်ဖြစ်သည်။ အခန်းဆုံး စာမေးပွဲများကိုသာ အုပ်စုဖွဲ့စစ်ဆေးသည့်ပုံစံဖြင့် စစ်ဆေးပြီး နှစ်ဝက်နှင့် နှစ်ဆုံးစာမေးပွဲများကို ယခင်အတိုင်းသာ တစ်ဦးချင်း အဖြေလွှာပေါ်တွင် ရေးသားဖြေဆိုရမည်ဟု သိရ သည်။

‘‘ကျောင်းတွေကိုတော့ အုပ် စုဖွဲ့ စစ်ရမယ် ပြောတာပဲရှိသေး တယ်။ ဘယ်လိုပုံစံစစ်ရမယ်။ ဘယ်လိုအမှတ်ပေးရမယ်ဆိုတာ တိတိကျကျ ဘာမှ မညွှန်ကြားထားသေးဘူး’’ ဟု အ.လ.က (၂) မိတ္ထီလာမှ အလယ်တန်းပြဆရာမ တစ်ဦးကပြောသည်။

7Day News

No comments:

Post a Comment