Latest News

Thursday, July 6, 2017

မကွေးတိုင်း ရှစ်မြို့နယ်ရှိ ကျောင်းမုန့်ဆိုင်များတွင် အန္တရာယ်ရှိ ဆိုးဆေးမုန့်ရောင်းချမှုများ လျှော့ချနိုင်ဟုဆို

မကွေးတိုင်း ရှစ်မြို့နယ်ရှိ ကျောင်းမုန့်ဆိုင်များတွင် အန္တရာယ်ရှိ ဆိုးဆေးမုန့်ရောင်းချမှုများ လျှော့ချနိုင်ဟုဆို

 မကွေးတိုင်းဒေသကြီး ရှစ် မြို့နယ်ရှိ ကျောင်းဈေးဆိုင်တန်း များတွင် စားသုံးရန်မသင့်သော အန္တရာယ်ရှိဆိုးဆေးမုန့်များရောင်းချနေခြင်းကို သိသိသာသာလျှော့ချ နိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသ ကြီးအစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဌာန (FDA) တာဝန်ခံ ဒေါက်တာပြည့်ထူးက ပြောသည်။

ယင်းကဲ့သို့လျှော့ချနိုင်ရန် ကျောင်းသား/သူများ၊ မုန့်ထုတ် လုပ်သည့်လုပ်ငန်းရှင်များ၊ မုန့် ရောင်းချသူများကို ပထမအဆင့် ပညာပေးဟောပြောစည်းရုံးခဲ့ပြီး ဒုတိယအဆင့်အနေဖြင့်စစ်ဆေး ၍ ဆိုးဆေးသုံးစားသုံးရန် မသင့်သည့် မုန့်များတွေ့ရှိပါက သိမ်းဆည်းဖျက်ဆီးခြင်းများ၊ခံဝန်ထိုး ခိုင်းစေခြင်းများပြုလုပ်နေကြောင်း၎င်းကပြောသည်။

‘‘ကျောင်းမုန့်ဆိုင်တန်းတွေ ကို အဓိကထားတယ်။ ကျောင်း သားတွေအတွက် ဒီအရွယ်မှာ တားထားမှ နောက်ပိုင်းရောဂါမ ဖြစ်တာတို့၊ သူတို့ဉာဏ်ရည်ဉာဏ် သွေးတက်လာမှာဆိုတော့ ကျောင်း မုန့်ဈေးတန်းကို အဓိက ထားပြီး ဆောင်ရွက်ပါတယ်။ မုန့်ထုတ် လုပ်တဲ့သူတွေကိုလည်း ကိုယ် မြတ်ဖို့တစ်ခုတည်း မတွက်ဘဲနဲ့ စားသုံးသူဘက်ကို ထည့်တွက်လာ အောင်ပညာပေးတာ၊ ခေါ်ယူပြီး သင်တန်းတွေ ပေးတာကိုလည်း လုပ်ဆောင်ပေးပါတယ်’’ ဟု ဒေါက်တာပြည့်ထူးကပြောသည်။

 စားသုံးရန်မသင့် အန္တရာယ် ရှိဆိုးဆေးမုန့်များ ရောင်းချမှု လျော့ကျသွားသည့် မြို့နယ်များ သည်မကွေး၊ မင်းဘူး၊ နတ်မောက်၊ ပွင့်ဖြူ၊ ပခုက္ကူ၊ အောင်လံ၊ သ ရက်နှင့် မင်းလှမြိုတို့ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဌာနမှသိရသည်။

‘‘အများအားဖြင့်တော့် မုန့် လုပ်တဲ့ သူတွေက မုန့်တွေလှ အောင်၊ ချွတ်ဆေးတွေ၊ ဆိုးဆေး တွေကိုသုံးကြတာများတယ်။ ကျွန်မတို့လည်း အရင်က မုန့်ဟင်းခါး လုပ်တာမှာ ဖြူဖွေးပြီးလှသွား အောင် ချွတ်ဆေးကိုသုံးခဲ့တာပဲ။ အခုလိုပညာပေးတယ်၊စစ်ဆေးတယ် ဆိုတော့ မသုံးတော့ဘူး။ ဆိုးကျိုးကိုကောင်းကောင်းသိရတယ်။ဒါပေမဲ့သူများထက် ကိုယ့်မုန့်ကပိုလှအောင်ခိုးသုံးတဲ့သူတွေက သုံးနေတုန်းပါပဲ’’ ဟု မကွေးမြို့မှ မုန့်ဟင်းခါးဖိုပိုင်ရှင်တစ်ဦးဆိုသည်။

အန္တရာယ်ရှိဆိုးဆေးမုန့်များ ကို လျှော့ချနိုင်ခဲ့သော်လည်း အ သုပ်စုံကဲ့သို့လက်သုပ်ရောင်းချမှု များတွင် သန့်ရှင်းမှုမရှိခြင်း၊ အား နည်းနေခြင်းများကို လျှော့ချရန် အခက်အခဲ ရှိနေသေးသည်ဟု ဒေါက်တာပြည့်ထူးကပြောသည်။

‘‘အသုပ်စုံတွေရောင်းချတဲ့ နေရာမှာလည်း ဒီလက်နဲ့သုပ်ပေး တဲ့သူကမသန့်ရှင်းတာမျိုး၊ စားတဲ့ သူကလည်း မသန့်ရှင်းတာမျိုး၊ ထားသိုတဲ့နေရာမှာလည်း အုပ် ဆိုင်းထားမှုမရှိတာ၊ ယင်တွေအုံ နေတာမျိုးတွေကလည်း အန္တရာယ် ရှိပါတယ်။ ဒါကကျွန်တော်တို့ဌာ နတစ်ခုတည်းနဲ့တင်မရပါဘူး ဌာနဆိုင်ရာတွေပူးပေါင်းဆောင်ရွက် သွားမှရမှာပါ’’ဟု ၎င်းကပြော သည်။
7Day News

No comments:

Post a Comment