Latest News

Friday, July 14, 2017

ထွက်ပြေးအချုပ်သားဖမ်းဆီးရာတွင် ကူညီသော ပြည်သူများကို ကျေးဇူးတင်၍ ရဲဒုတပ်ကြပ်က ထိုင်ကန်တော့

ထွက်ပြေးအချုပ်သားဖမ်းဆီးရာတွင် ကူညီသော ပြည်သူများကို ကျေးဇူးတင်၍ ရဲဒုတပ်ကြပ်က ထိုင်ကန်တော့

တရားရုံးသို့ ရုံးထုတ်စဉ် ထွက်ပြေးသည့် အချုပ်သားကို ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့သည့် ပြည် သူများကို ကျေးဇူးတင်သဖြင့် အ ဆိုပါအချုပ်သားကို လိုက်လံဖမ်း ဆီးခဲ့သည့် ရဲဒုတပ်ကြပ်က ထိုင် ကန်တော့ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု ဇူလိုင် ၁၄ ရက်က အင်တာနက် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

 မန္တလေးရှိ အိုးဘိုဗဟိုအကျဉ်းထောင်မှ မန္တလေးခရိုင် တရားရုံးသို့ ဇူလိုင် ၁၃ ရက် နံနက်က အချုပ်သားများကို ရုံး ထုတ်လာစဉ် မူးယစ်အချုပ်သား နှစ်ဦးထွက်ပြေးခဲ့ရာ အချုပ်သား တစ်ဦးကို ချက်ချင်းဖမ်းမိသော် လည်း ဆိုင်ကယ်ဖြင့် ထွက်ပြေးသောကျန်တစ်ဦးကို  ၆၅ လမ်းနှင့်သရဖီလမ်းတွင် ဒုတပ်ကြပ်စိုင်းမျိုးထက်က ပြည်သူများ အကူအညီဖြင့် လုံးထွေးသတ်ပုတ်၍ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဗီဒီယိုဖိုင်တွင် ‘‘မင်း ကြောင့် ငါတို့မိသားစုတွေအား လုံး ဘ၀ပျက်သွားမှာကွ။ အရင် တုန်းက ရဲမဟုတ်ဘူးကွ။ ရှင်း လား။ ဒီအချိန်မှာ သိန်းတစ် ထောင်ပုံပေးလည်း ငါမယူဘူး။ ထွက်ပြေးတာနှစ်ယောက်၊ တစ် ယောက်က မိတယ်။ ဒီကောင် တွေက ဆိုင်ကယ်အသင့်လုပ် ထားတာ။ ဆိုင်ကယ်ကိုမောင်း ပြေးတယ်။ ကျွန်တော်လည်း လမ်းမှာတားတာ သေနတ်နဲ့။ ဒီ လောက်ထိလိုက်လာတာ နောက် မို့ဆို မိမှာမဟုတ်ဘူး။ ကျေးဇူး တင်တယ်ဗျာ။ အားလုံးကို ကန် တော့ပါတယ်။  ကျွန်တော်တို့ဘ၀ တွေနဲ့ ရင်းသွားရမှာ။ ကျွန်တော် က ဘာမှမဖြစ်ဘူး၊ လူပျို။ အိမ် ထောင်သည်ဗိုလ်ကြီးတွေ ရှိ တယ်။ အသက်ကြီးတဲ့ သူတွေရှိ တယ်’’ဟု ရဲဒုတပ်ကြပ်စိုင်းမျိုးထက်က ထွက်ပြေးသော အချုပ်သားကို ဖမ်းဆီးပြီးနောက် ၀ိုင်းဝန်းဖမ်းဆီးပေးသူများကိုပြောသည်။ ထို့နောက် အချုပ်သားကို ဖမ်းဆီးရာတွင် ကူညီခဲ့သူများကို ကျေးဇူး တင်ကြောင်းပြောပြီး ထိုင်ကန်တော့ခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင်ကို ပြန် လည်မျှဝေသူ ခြောက်ထောင်ခန့် ရှိပြီး ၎င်းရဲဒုတပ်ကြပ်၏ ပြုမူပြော ဆိုမှုများအပေါ် ချီးကျူးဂုဏ်ပြု သည့် မှတ်ချက်များရေးသားခဲ့ကြ ကာ ထိုကဲ့သို့ ပြောကြားမှုများအ ပေါ် အများစုက လေးစားဂုဏ်ယူမိကြောင်း ရေးသားထားသည်။
7Day News

No comments:

Post a Comment