Latest News

Tuesday, July 4, 2017

မောင်တောဒေသ လုံခြုံမှုရှိစေရန် အင်အားတိုးမြှင့်

မောင်တောဒေသ လုံခြုံမှုရှိစေရန် အင်အားတိုးမြှင့်

တပ်မတော်နှင့် ရဲတပ်ဖွဲ့က အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်နေ

 မောင်တောဒေသ မှုခင်း ကျဆင်းရေးနှင့် နယ်မြေစိုးမိုးရေး ကို တပ်မတော်နှင့် နယ်ခြားစောင့် ရဲတို့ အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင် ရွက်နေကြောင်း အမှတ် (၁) နယ် ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူး ချုပ် သူရစန်းလွင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လက မောင် တောဒေသ၌ အကြမ်းဖက်သတ် ဖြတ်မှုများ တိုးမြှင့်ဖြစ်ပေါ်လာခဲ့ ပြီး မေယုတောင်ကြောတွင်လည်း အကြမ်းဖက်သင်တန်းပေးသည့် နေရာနှင့် လိုဏ်ဂူများ တွေ့ရှိ ကြောင်း အစိုးရက သတင်းထုတ် ပြန်ထားသည်။

ယင်းအခြေအနေနှင့် ပတ် သက်၍ ပြည်ထောင်စုအစိုးရအ ဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က ရခိုင်ပြည်နယ်မြောက်ပိုင်း လုံ ခြုံရေးအခြေအနေနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာ အခြေအနေများ ဖြစ်ပေါ်လာကြောင်း  ဇူလိုင်လ  ၁ ရက်တွင် သတင်းထုတ်ပြန်ထား သည်။

မောင်တောဒေသ လုံခြုံရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရဲမှူးချုပ် သူရစန်းလွင်က ‘‘တရား ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ရွာ တွေမှာ မှုခင်းကျဆင်းဖို့ရယ်၊ နယ် မြေစိုးမိုးဖို့ရယ် ဆောင်ရွက်သလို ကျန်တဲ့ စစ်ဆင်ရေးပိုင်းတွေပေါ့၊ ရွာပြင်ပတောထဲ၊ တောင်ထဲမှာ ခိုအောင်းနိုင်မှုမရှိအောင် တပ်က နေ ဆောင်ရွက်ပေးနေပါတယ်။ ဟန်ချက်ညီညီ ဆောင်ရွက်နေပါ တယ်’’ဟု ပြောသည်။

ယင်းဒေသ တရားဥပဒေစိုး မိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ အင်အားများ ထပ်မံဖြည့်ဆည်း ၍ နယ်မြေ ၁၁ ခုခွဲကာ နယ်မြေ တစ်ခုချင်းအလိုက် လုံခြုံရေး ဆောင်ရွက်နေပြီး တရားခံပြေး များ ဖမ်းမိရေး ဆောင်ရွက်နေ သည်ဟု သိရသည်။

၂၀၁၆ အောက်တိုဘာက စတင်ခဲ့သည့် ရဲစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ် အတွင်း ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော် သားများ ကျဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ အဆိုပါအကြမ်းဖက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး မောင် တောဒေသတွင် တပ်မတော်ကနယ်မြေရှင်းလင်း စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ဖေဖော်ဝါရီ၌ စစ်ဆင်ရေးများ ရပ်ဆိုင်းခဲ့သည်။

     အဆိုပါဒေသတွင်အပြစ်မဲ့အ ရပ်သားများနှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများ သတ်ဖြတ်ခံရမှုဖြစ် စဉ်များ၊ အကြမ်းဖက်ခြိမ်းခြောက် မှုများ ဆက်ရှိနေသည့်အပေါ် အစိုးရအနေဖြင့် လုံခြုံရေးအခြေ အနေ သုံးသပ်မှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်ပါ က သင့်လျော်သည့် ဆောင်ရွက် ချက်များ လုပ်ဆောင်မည်ဖြစ် ကြောင်း အမျိုးသားလုံခြုံရေးဆိုင် ရာ အကြံပေးပုဂ္ဂိုလ်က သတင်း ထုတ်ပြန်ထားသည်။
7Day News

No comments:

Post a Comment