Latest News

Saturday, July 1, 2017

အိမ်ထောင်ရေး ''ကံ''ကောင်းသည်ဟု ဆိုလာသူ မယ်လိုဒီ

အိမ်ထောင်ရေး ''ကံ''ကောင်းသည်ဟု ဆိုလာသူ မယ်လိုဒီ

အနုပညာလောကတွင် သရုပ်ဆောင်ပိုင်းအပြင် အဆိုပိုင်းကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုတတ်သူ အကယ်ဒမီ မယ်လိုဒီက သူချစ်သည့် သရုပ်ဆောင်အလုပ်ကို ပြန်လည် လုပ်ကိုင်နိုင်ရန်အတွက် ကိုယ်ကာယလေ့ကျင့်မှုများနှင့် လိုအပ်သည့်ပြင်ဆင်မှုများကို ပြုလုပ်နေပြီး ဖန်သားပြင်ပေါ်တွင် ပြန်လည်နေရာယူလာတော့မည် ဖြစ်သည်။
မယ်လိုဒီက ရုပ်ရှင်ကားကြီး သုံးကားကို ရိုက်ကူးရန်အတွက် ပြင်ဆင်နေပြီး လတ်တလောတွင် ဇာတ်ကားအတွက် ဇာတ်ညွှန်းမရရှိသေးသဖြင့် ဝတ်စားဆင်ယင်မှု အပိုင်း ပြင်ဆင်မှုမျိုးမလုပ်ရသေးသော်လည်း ဝိတ်မတက်စေရန် လေ့ကျင့်ခန်းများနှင့် အစားအသောက်များကို ထိန်းသိမ်းစားသောက်နေကြောင်း သိရသည် ။
''ကျွန်မရဲ့ဆရာက ဇာတ်ကားတွေပြန် လည်ရိုက်ကူးဖို့အတွက်  ပြောဆိုထားတာ တွေရှိပါတယ်။ ဇာတ်ရဲ့ပုံစံတော့ မသိ ရသေးလို့ သေချာတော့မပြောရဲသေး ပါဘူး။   အရင်ကလဲ  ဆရာသမား ကျေးဇူးကြောင့်  အကယ်ဒမီဆုရခဲ့ တာဆိုတော့ ပြန်ရိုက်ဖို့ ပြင်ဆင်နေ တာပါ။ ပရိသတ်တွေကလည်း ဇာတ် ကားတွေ ပြန်ရိုက်သင့်ပြီလို့ တောင်းဆို ကြတာတွေ   ရှိပါတယ်။  ကျွန်မဘက်က  အိမ်ထောင်ကျသွားတော့ ကိုယ့်ဆန္ဒက သရုပ် ဆောင် အလုပ်ကိုလုပ်ချင်ပေမယ့် ကိုယ့်ရဲ့ခင်ပွန်းနဲ့ မိသားစုကိုပြန်ကြည့်ရသေးတယ်။ ဒါကြောင့် ခဏနားပြီး မိသားစုအတွက် အချိန်ပေးလိုက်တာပါ။ အခုတော့ ကျွန်မသား လေးကလဲ နည်းနည်းလက်လွှတ်လို့ရတဲ့ အနေအထားရှိလာတော့ ပြန်ပြီးအနုပညာ အလုပ်ကို လုပ်ကိုင်သွားဖို့ ရည်ရွယ်တာပါ''ဟုပြောသည်။ မယ်လိုဒီအနေဖြင့် မိဘဖြစ် လာချိန်တွင် မိဘတို့၏ ဘဝကို ပိုမိုနားလည်လာ တတ်ခဲ့ပြီး ကံကောင်းစွာ အိမ်ထောင် ဖက်၏ ကူညီမှုနှင့် စာနာနားလည်မှု၊ သည်းခံ တတ်မှုတို့ကြောင့် အိမ်ထောင်ရေးအပေါ် ကျေနပ်မိကြောင်း၊ အနုပညာရှင်တစ်ယောက် အနေဖြင့်ရော၊ သားသည်မိခင်အနေဖြင့်ပါ အနုပညာအပေါ်   ခံစားရာတွင်   ပိုမိုခံစားတတ်လာမည်ဟု  ယုံကြည်ကြောင်း၊ ပရိသတ်ကြီးအနေဖြင့် မကြာမီ ပြန်လည်ရိုက်ကူး တော့မည့်  သရုပ်ဆောင်မှုများကို ဝေဖန်ပေးကြရန်လည်း ဆန္ဒပြုကြောင်း မယ်လိုဒီက ပြောကြားသည်။        

ကိုလင်း(မြန်မာ့အလင်း)

No comments:

Post a Comment