Latest News

Tuesday, July 11, 2017

တစ်ကိုယ်တော်ပွဲမှာ သီချင်းသစ်ဆိုချင်လို့ မယ်သီတာအယ်လ်ဘမ် ဖြန့်ချိတဲ့ ဝိုင်းစုခိုင်သိန်း

တစ်ကိုယ်တော်ပွဲမှာ သီချင်းသစ်ဆိုချင်လို့ မယ်သီတာအယ်လ်ဘမ် ဖြန့်ချိတဲ့ ဝိုင်းစုခိုင်သိန်း

ဒီဇင်ဘာအတွင်း ပြုလုပ်မည့် တစ်ကိုယ်တော်ဖျော် ဖြေပွဲတွင် သီချင်းအသစ်များ ဖျော်ဖြေချင်သောကြောင့် မယ်သီတာ အခွေကို ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း ဝိုင်းစုခိုင်သိန်းက ပြောသည်။
‘‘မယ်သီတာ သီချင်းအခေ က အားလုံးပေါင်း သီချင်းခြောက်ပုဒ်ပါတယ်။ Duet က တစ်ပုဒ်ပါ တယ်။ ကိုအောင်လနဲ့’’ဟု ၎င်းက ပြောသည်။
တစ်ကိုယ်တော်အခွေများ ကို နာမည်ဆန်းဆန်းပေးသည့် ထုံးစံအတိုင်း တေးရေးဝေယံမင်း သူ ရေးစပ်ပေးထားသော မယ်သီ တာဆိုသည့်အမည်ကို ကြိုက်၍ အမည်ပေးထားခြင်းဖြစ်သည်ဟုအခွေနာမည်ပေးဖြစ်သည့်အ ကြောင်းကို ၎င်းက ဆိုသည်။
‘‘ကိုရွှေ့ (ရွှေဂျော်ဂျော်) သီချင်း No Money No Love ဆို ရင် ချမ်းအေးဝင်းက Electro နဲ့ တီးတယ်။ နောက်ပြီး ဦးမောင် မောင်လွင်တို့၊ ကိုချမ်းဟိန်းကြွယ် တို့ တယောတွေရော အစုံပါ တယ်။ အဲဒီသီချင်းဆိုရင် ပုံမှန် ကုန်ကျနေကျ သီချင်းတစ်ပုဒ်စာ ထက် ပိုကုန်တယ်။ ငါးပုဒ်၊ ခြောက်ပုဒ်စာလောက် အကုန်အ ကျခံပြီး တီးထားတယ်’’ဟု ဝိုင်းစု ခိုင်သိန်းက ပြောသည်။
ယင်းအခွေတွင် ကိုယ်တိုင်ဟာမိုနီလိုက်ထားပြီး ချစ်သူ အောင်လကလည်း ကူညီပံ့ပိုးပေး ကြောင်း ၎င်းက ဆိုသည်။
‘‘အနားမှာရှိရင်ဆိုတဲ့ သီချင်းလေး။ တစ်ယောက်နဲ့တစ် ယောက် နင်သာအနားမှာရှိခဲ့ရင် ဘယ်လောက်ပဲ အနှောင့်အယှက် တွေရှိရှိ၊ အတားအဆီးတွေရှိရှိ အမြဲတမ်းလက်တွဲထားမယ်။ ကမ္ဘာပျက်သွားတောင် မကြောက် ဘူးဆိုတဲ့အကြောင်းရေးထားတာ ပါ။ နောက်ပြီး ဒီသီချင်းက နှစ် ယောက်စလုံးရဲ့ ခံစားချက်ကိုရေး ထားတာဆိုတော့ ပိုပြီး Mood ဝင် ပါတယ်’’ဟု ဝိုင်းစုခိုင်သိန်းက ပြောသည်။
မယ်သီတာအခွေကို ဇူလိုင် ၁၆ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ် ပြီး ယင်းနေ့ညနေတွင် လှည်းတန်း စင်တာ၌ ပရိုမိုးရှင်းပွဲပြုလုပ်မည် ဟု ၎င်းက ပြောသည်။ မန္တလေး ပရိုမိုးရှင်းပွဲကို ဇူလိုင် ၁၉ ရက် ၌ ပြုလုပ်ရန် စီစဉ်ထားပြီး ခွင့်ပြု မိန့်ရပါက ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။
‘‘တစ်ကိုယ်တော် ဖျော်ဖြေပွဲ က ဒီဇင်ဘာ ၂၄ ဝိုင်းစုမွေးနေ့မှာ လုပ်ဖို့တော့ Confirm ဖြစ်တယ်။ ပရိသတ်တွေကို မေးကြည့်တော့ လည်း မွေးနေ့မှာ ပိုပြီးလုပ်စေချင် တယ်။ လက်ဆောင်တွေလည်း ပေးချင်တယ်။ မွေးနေ့မှာ လာချင် တယ်ဆိုလို့ အဲဒီနေ့လုပ်ဖို့ စဉ်းစား ထားတယ်။ ရှေ့ ၂ နှစ်တုန်းက လည်း အဲဒီနေ့ကို လုပ်ချင်တာ။ ပွဲတွေတိုက်နေမှာစိုးတာနဲ့ ကြောက်ပြီး မလုပ်ဖြစ်တာ’’ဟု ဝိုင်းစုခိုင်သိန်းက ပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ထွက်ရှိခဲ့သည့် ‘ဂါ’ တေးစီးရီး၏ ဒီဗီဒီကိုလည်း တစ်ကိုယ်တော်ပွဲ မတိုင်မီ ဖြန့်ချိပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
7Day News

No comments:

Post a Comment