Latest News

Saturday, July 22, 2017

ကားရှေ့ဘီးပေါက်ပြီး အရှိန်လွန်၍ တံတားအုတ်ဘောင်အား ၀င်တိုက်

ကားရှေ့ဘီးပေါက်ပြီး အရှိန်လွန်၍ တံတားအုတ်ဘောင်အား ၀င်တိုက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတွန်ကျေးရွာတွင် ဇူလိုင် ၂၁ ရက် ညနေ ၃ နာရီလောက်က မော်လမြိုင်ကနေ သထုံကို မောင်းနှင်လာတဲ့ အိမ်စီးကားတစီးဟာ ရှေ့ဘီးပေါက် အရှိန်လွန်ပြီး အုတ်ဘောင်ကို ၀င်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

မျိုးသန့် မောင်းနှင်လာတဲ့ ယာဉ်ဟာ ရှေ့ဘီးပေါက် အရှိန်လွန်ပြီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ တံတားအမှတ်(၃/၁၆၅)ရဲ့ တံတားအုတ်ဘောင်ကို တိုက်မိခဲ့တာလို့ ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကားပေါ်မှာက ယာဉ်မောင်းအပါအ၀င် လူ ၃ ဦးစီးလာတာပါ။ ၂ ယောက်ကတော့ ဘာမှမဖြစ်ပါဘူး။ ၁ ယောက်ကတော့ တံတားအုတ်ဘောင်ကို ၀င်တိုက်မိတဲ့အရှိန်ကြောင့် ထိခိုက်ဒဏ်ရာရထားလို့ ပေါင်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ယာဉ်မောင်းကိုတော့ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်သွားဖို့ ရှိပါတယ်။” လို့ ပြောပါတယ်။

ပေါင်မြို့မရဲစခန်းက ယာဉ်မောင်းမျိုးသန့်ကို ရာဇသတ်ကြီးပုဒ်မ-၃၃၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-ယူမင်းစိုး

DVB

No comments:

Post a Comment