Latest News

Sunday, July 9, 2017

မယ်ယန်း ပူးပေါင်းစစ်ဆေးရေးစခန်း၌ ကျားသေ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ



တာချီလိတ် ဇူလိုင် ၉

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ နယ် မယ်ယန်း ပူးပေါင်းစစ်ဆေးရေးစခန်း ၌ ဇူလိုင် ၉ ရက် မွန်းတည့် ၁၂ နာရီက ကျားသေတစ်ကောင် သယ်ဆောင်လာ သူများအား ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၉ ရက် မွန်းတည့် ၁၂ နာရီက ဒုအကောက်ခွန်မှူး ဦးရန် နောင်ဌေး ဦးစီးအဖွဲ့ဝင်များ၊ ရဲအုပ် တင်လင်းအောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး အောင်မိုး၊ တောအုပ် ဦးစိုးမင်းညွန့် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မယ်ယန်း ပူးပေါင်းစစ်ဆေးရေးစခန်း၌ ကုန်စည်များ အခွန်ဆောင်ဖြတ်သန်း သွားလာမှု၊ တရားမဝင်ဖြတ်သန်းသွားမှု တို့ကို စစ်ဆေးဆောင်ရွက်နေစဉ် တာချီလိတ်မြို့မှ ကျိုင်းတုံမြို့ဘက်သို့ ယာဉ်မောင်း ဦးစိုင်းနွဲ့ (၅၉ နှစ်) မောင်း နှင်ပြီး ကားနောက်ခန်းတွင် ဦးငြိမ်းချမ်း (၂၇ နှစ်) တို့လိုက်ပါလာသည့် ပရို ဘောက်ယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ရာ ရေခဲများစိမ်၍ သယ်ဆောင် လာသော ကျားသေတစ်ကောင်အား ရှာဖွေတွေ့ရှိခဲ့သည်။

ဖမ်းဆီးရမိသော ကျားသေအား စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနရုံးသို့ သယ် ဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ ရာ အလေး ချိန် ၁၂၅ ကီလို၊ လုံးပတ် ၃ ပေ ၁ဝ လက်မ၊ အမြင့်ပျမ်းမျှ ၂ ပေ ၄ လက်မ၊ ခေါင်းမှ အမြီးထိ ရှစ်ပေ ရှစ်လက်မခန့်နှင့် ဝမ်းဗိုက်အတွင်း ကလီစာများထုတ်ထားသည့် ကျား အထီးတစ်ကောင်ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်။

ကျားသေအား သယ်ဆောင်လာသူ ပိုင်ရှင် ဦးငြိမ်းချမ်း (၂၇ နှစ်) စိုက်ပျိုးရေး ရွာ နောင့်ကုံးအုပ်စု ကျိုင်းတုံမြို့နေသူ နှင့် ယာဉ်မောင်း ဦးစိုင်းနွဲ (၅၉ နှစ်) ကတ် တောင်ရပ် ကျိုင်းတုံမြို့နေသူ နှစ်ဦးအား ဥပဒေအရအမှုဖွင့် အရေးယူထား ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment