Latest News

Sunday, July 9, 2017

ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ပထမခြောက်လပတ်တွင် ပြီးခဲ့သည့်နှစ် ကာလတူ အခြေအနေထက် မှုခင်းဖြစ်ပွားမှုနှုန်းပိုမိုများပြား

ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ပထမခြောက်လပတ်တွင် ပြီးခဲ့သည့်နှစ် ကာလတူ အခြေအနေထက် မှုခင်းဖြစ်ပွားမှုနှုန်းပိုမိုများပြား

ဟင်္သာတ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ပထမခြောက်လပတ်တွင် ပြီးခဲ့သည့်နှစ် ကာလတူ အခြေ အနေထက် မှုခင်းဖြစ်ပွားမှုနှုန်းပိုမိုများပြားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

မှတ်တမ်းများအရ ယခုနှစ်ပထမခြောက်လပတ်တွင် အမှုကြီးများဖြစ်စဉ်၌ အမှုပေါင်း ၉၀ ခန့် ပိုမိုဖြစ်ပွားခဲ့ပြီး အခြားအမှုဖြစ်စဉ်များတွင်လည်း အမှုပေါင်း ၉၀၀ ခန့် ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနှစ်ကခြောက်လပတ်နဲ့ နှိုင်းယှဉ်ရင်တော့ အခု ၂၀၁၇ ခုနှစ်မှာ အမှုကြီး ဖြစ်ပွားမှု ပိုပါတယ်။ မနှစ်က ၁၈၅ မှုဆိုတော့ အမှု ၉၀ လောက် ပိုပြီးဖြစ်ပါတယ်။ အလားတူပဲ အခြားအမှု ၁၀ မျိုးမှာလည်း အမှု ၉၀၀ လောက် ပိုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် အမှုကြီးဖြစ်စဉ်မှာ လူသတ်မှုနဲ့ မုဒိမ်းမှုများတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များမှာ ယခုနှစ် ပထမခြောက်လပတ်အတွင်း ၁၀၁၉ မှု ဖြစ်ပွားခဲ့ပြီး ၂၂၁ ဦး သေဆုံးကာ ၁၈၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခင်နှစ် ပထမခြောက်လပတ်နှင့်နှိုင်းယှဉ်ပါက ယာဉ်တိုက်မှု ၄၉ မှုလျော့ကျခဲ့ပြီး ဒဏ်ရာရသူ ၇၉ ဦး၊ သေဆုံးသူ ၂၈ ဦး လျော့နည်းခဲ့ကြောင်း သိရ သည်။

 ၂၀၁၇ ခုနှစ် ပထမခြောက်လပတ်တွင် မှုခင်းဖြစ်ပွားမှုနှုန်း များပြားခဲ့သဖြင့် ဒုတိယခြောက်လ ပတ်၌ မှုခင်းဖြစ်ပွားမှုနှုန်းလျော့ကျနိုင်ရန် စီမံဆောင်ရွက်လျှက်ရှိကြောင်းလည်း ၄င်းက ဆက်လက် ပြော ကြားသည်။

“လူသတ်မှုဖြစ်စေတဲ့အကြောင်းရင်းထဲမှာ အရက်သောက်စားမှုက အဓိကဖြစ်တာများတယ်။ လက်နက်တွေကို အလွယ်တကူကိုင်ဆောင်သွားပြီး ရန်ဖြစ်ကြတဲ့အခါ ဒီလက်နက်တွေအသုံးပြုပြီး ရိုက်နှက်ခုတ်ထစ်ကြတဲ့အခါ လူသတ်မှုဖြစ်တာပေါ့။ ဒါတွေအဓိကဖြစ်တဲ့အတွက် ယစ်မျိုးမှုတွေ ဖမ်းဆီးတာကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ အများသူငါသွားလာတဲ့လမ်းမှာ လက်နက်တွေ ကိုင်ဆောင်ပြီးသွားရင် လက်နက်မှုနဲ့ အရေးယူဆောင်ရွက်တာတွေ တိုးမြှင့်ပြီးလုပ်နေပါတယ်။ ဆိုင်ကယ်တို့၊ ကားတို့မှာ ရှောင်တခင် ရှာဖွေစစ်ဆေးပြီး လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့လက်နက်တွေ တွေ့ရင် အရေးယူဆောင်ရွက်နေပါတယ်”ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

“မုဒိမ်းမှုနဲ့ပတ်သက်ရင်တော့ အဓိကအားဖြင့် မိဘတွေကို ပညာပေးမှုတွေဦးစားပေးလုပ်ပါ တယ်။ သမီးပျိုတွေကို တစ်ဦးတည်းအပြင်မှာသွားလာတာတွေ၊ တစ်ယောက်တည်းထားခဲ့ပြီး မိဘတွေ လုပ်ငန်းခွင်သွားတာတွေ၊ ညအချိန်မတော် တခြားယောက်ျားလေးတွေနဲ့သွားပြီး ခိုင်းစေတာတွေ မိဘ တွေ မလုပ်အောင် ပညာပေးနေပါတယ်။ အရွယ်မတိုင်ခင် ၁၆ နှစ်အောက်မှာ အိမ်ထောင်ပြုကြပြီး မိဘတွေက သဘောမတူကြတဲ့အခါ မုဒိမ်းမှုနဲ့ အမှုဖွင့်ရတာတွေဖြစ်တဲ့အတွက် ဒါတွေကိုလည်း ပညာပေးမှု တွေလုပ်နေပါတယ်။  ကျွဲ၊ နွားခိုးမှုတွေ လျော့နည်းပပျောက်ဖို့အတွက်လည်း ပြည်သူလူထုအနေနဲ့ တစ်ဦးချင်းလည်း ဂရုစိုက်ပြီး ရပ်ရွာပြည်သူပါပူးပေါင်းမယ်ဆိုရင် တိရစ္တာန်ခိုးမှုက လည်း ကျဆင်းသွားဖို့ရှိပါတယ်။ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ အဖွဲ့အစည်းတွေရှိတဲ့နေရာတွေမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးတာတွေ၊ မှုခင်းပညာပေးတာတို့၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ပညာပေးတာတို့ကို ရဲတပ်ဖွဲ့တွေ စုပေါင်းပြီး တပ်ဖွဲ့တစ်ခုနဲ့တစ်ခု နာမည်ကွဲပေမယ့် ကျွန်တော်တို့ရဲတစ်ခုတည်းဖြစ်တဲ့အတွက် စုပေါင်းပြီး ပညာပေးဟောပြောမှုတွေ လည်း တောက်လျှောက်လုပ်နေပါတယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နုယ် ၂၆ မြို့နယ်၌ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လ အတွင်း ကြိုတင်ကာကွယ်မှု ၃၂၇၉ မှု ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ယခင်နှစ် ပထမခြောက်လပတ် ကထက် အမှုပေါင်း ၂၀၀ ကျော်တိုးမြှင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment