Latest News

Friday, July 7, 2017

ဇွန်လ တစ်လတာအတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၃၆ဝဝ ကျော် သိမ်းဆည်းရမိ

ဇွန်လ တစ်လတာအတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၃၆ဝဝ ကျော် သိမ်းဆည်းရမိ

ရန်ကုန် ဇူလိုင် ၇

အကောက်ခွန်ဦးစီးဌာနအနေဖြင့် အကောက်ခွန်မဲ့ပစ္စည်းမျာကို  တားဆီး စစ်ဆေးအရေးယူလျက်ရှိရာ ၂ဝ၁၇ ခုနှစ်   ဇွန် ၁ ရက်မှ ၃ဝ ရက်အထိ တစ်လတာအတွင်း  အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၃၆ဝဝ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဦးစီးဌာနက   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူစစ်ဆေးရေးစခန်းနှင့် အကောက်ခွန်နယ်မြေဒေသအသီးသီးတို့တွင် ဇွန် ၁ ရက်မှ ၃ဝ ရက်အတွင်း တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ပစ္စည်း (ခန့်မှန်းတန်ဖိုး ကျပ် ၃၆၉၁ ဒသမ ဝ၂ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ယင်းသို့ သိမ်းဆည်းမိခဲ့ရာတွင် ရန်ကုန်ဆိပ်ကမ်းက တားဆီးမှုခုနစ်မှု (ခန့်မှန်းတန်ဖိုးကျပ် ၄ဝ၈ ဒသမ ၃၈၂ သန်းခန့်)၊  အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်) အထူးကင်းအဖွဲ့က တားဆီးမှု လေးမှု (ခန့်မှန်းတန်ဖိုးကျပ် ၁၅၄ ဒသမ ဝ၇၈ သန်းခန့်)၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု ၃၅ မှု (ခန့်မှန်းတန်ဖိုးကျပ် ၂၅ဝ ဒသမ ၉၃၉ သန်းခန့်)၊ ရေပူစစ်ဆေးရေးစခန်းက တားဆီးမှု ၁၃၆ မှု (ခန့်မှန်းတန်ဖိုးကျပ် ၁၂၅၅ ဒသမ ၁ဝ၂ သန်းခန့်)၊ မရမ်းချောင်စစ်ဆေးရေးစခန်းက တားဆီးမှု ၁၇၁ မှု (ခန့်မှန်းတန်ဖိုးကျပ် ၇ဝ၂ ဒသမ ၄၁၃ သန်းခန့်)၊ ပဲခူးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု ၁ဝ မှု (ခန့်မှန်းတန်ဖိုးကျပ်  ၁၄၉ ဒသမ ၄၁ဝ သန်းခန့်)၊ မူဆယ်မြို့ နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုးကျပ် ၁၇ ဒသမ ၉၂၅ သန်းခန့်)၊ မူဆယ်မြို့နယ် OSS စစ်ဆေးရေးစခန်းက တားဆီးမှု ၄၉ မှု (ခန့်မှန်းတန်ဖိုးကျပ်  ၃၉၆ ဒသမ ၇၁၇ သန်းခန့်)၊ တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုးကျပ်  ၃ဝ၄ ဒသမ ၆ဝ၄ သန်းခန့်)၊ဗန်းမော်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုး ကျပ် ၅၁ ဒသမ ၄၅ဝ သန်းခန့်) စုစုပေါင်း ၄၁၈ မှု (ခန့်မှန်းတန်ဖိုး ကျပ်  ၃၆၉၁ ဒသမ ဝ၂ သန်းခန့်) သိမ်းဆည်းရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ယင်းသို့ သိမ်းဆည်းရမိခဲ့ရာတွင် ထူးခြားသိမ်းဆည်းမှုအနေဖြင့် ဇွန် ၃ဝ ရက်က ပဲခူးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနက ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သော တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က ဘုရားကြီးမြို့ အဝင် တိုးဂိတ်အနီး ရှောင်တခင်စစ်ဆေးခဲ့ရာ Mitsubishi Fuso Truck  ခြောက်ဘီးယာဉ် နှစ်စီးနှင့် Toyota Hiace ယာဉ်နှစ်စီးပေါ်တွင် ကန့်သတ်ကုန်ပစ္စည်းဖြစ်သော ထိုင်းနိုင်ငံထုတ် Chang Beer (250) Pkgs၊ တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အထည်မျိုးစုံဆိုဒ်စုံ၊ စားသောက်ကုန်မျိုးစုံနှင့် သယ်ဆောင်သည့် ယာဉ်လေးစီး အပါအဝင် ခန့်မှန်းတန်ဖိုးကျပ် ၇၃ ဒသမ ဝ၉၈ သန်းကို  သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
The Mirror Daily

No comments:

Post a Comment