Latest News

Saturday, July 22, 2017

ပဏာမမြန်မာ့လက်ရွေးစင်အသင်း လူစာရင်းတွင် ဝါရင့်တိုက်စစ်မှူး ရန်ပိုင် ပြန်လည်ပါဝင်လာ

ပဏာမမြန်မာ့လက်ရွေးစင်အသင်း လူစာရင်းတွင် ဝါရင့်တိုက်စစ်မှူး ရန်ပိုင် ပြန်လည်ပါဝင်လာ


အာရှဖလားခြေစစ်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများအတွက် ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လူစာရင်းကို ဇူလိုင် ၂၉ရက်က ထုတ်ပြန်ခဲ့ရာ လက်ရွေးစင်အသင်းနှင့် ကာလအတန်ကြာဝေးကွာနေသော ဝါရင့်တိုက်စစ်မှူး ရန်ပိုင် ပြန်လည်ပါဝင်လာသည်။

အဆိုပါ ပဏာမလက်ရွေးစင်အသင်းလူစာရင်းတွင် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃အသင်းမှ ကစားသမားများပါဝင်ခြင်း မရှိပဲ   မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများတွင်   ခြေစွမ်းပြကစားနေသော ကစားသမားများနှင့် ဝါရင့်ကစားသမားများပေါင်းစပ်ပါဝင်နေသည်။ ပဏာမလူစာရင်းတွင်ကစားသမား ၁၉ဦးပါဝင်ပြီး ရှမ်းယူနိုက်တက်အသင်းက ခြောက်ဦး၊ ရန်ကုန်ယူနိုက်တက်အသင်းမှ ငါးဦး၊ ရတနာပုံအသင်းမှ လေးဦး၊ မကွေးအသင်းမှ နှစ်ဦး၊ ဆောက်သမ်းမြန်မာနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့မှ ကစားသမား တစ်ဦးစီပါဝင်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ သြဂုတ် ၂၉ရက်တွင် မလေးရှားလက်ရွေးစင်ဘောလုံးအသင်းနှင့် ရန်ကုန်မြို့၌ခြေစမ်းကစားမည်ဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် ကာဂျစ်စတန်အသင်းနှင့် အာရှဖလားခြေစစ်ပွဲကစားရမည်ဖြစ်သည်။

ပဏာမမြန်မာ့လက်ရွေးစင်အသင်းလူစာရင်း

ဂိုး - ပြည်လျှံအောင်(ရတနာပုံ)၊ ကျော်ဇင်ထက်(ရန်ကုန်ယူနိုက်တက်)၊ သီဟစည်သူ(ရှမ်းယူနိုက်တက်)

နောက်တန်း - ကျော်ဇင်လွင်(မကွေး)၊ ဒေးဗစ်ထန်း(ရန်ကုန်ယူနိုက်တက်)၊ ကျော်စွာလင်း(မကွေး)၊ ဝင်းမင်းထွဋ်(ရှမ်းယူနိုက်တက်)၊ ဇော်မင်းထွန်း(ရန်ကုန်ယူနိုက်တက်)၊ သိန်းသန်းဝင်း(ရတနာပုံ)

အလယ်တန်း - မင်းမင်းသူ(ဧရာဝတီယူနိုက်တက်)၊ တင်ဝင်းအောင်(ရှမ်းယူနိုက်တက်)၊ ရန်အောင်ကျော်(ရန်ကုန်ယူနိုက်တက်)၊ ချစ်စုမိုး(ရှမ်းယူနိုက်တက်)၊ စိုးမြတ်သူ(ဆောက်သမ်းမြန်မာ)၊ ဇင်မင်းထွန်း(ရှမ်းယူနိုက်တက်)၊ ဒွေးကိုကိုချစ်(ရှမ်းယူနိုက်တက်)၊ သက်နိုင်(ရတနာပုံ)

ရှေ့တန်း - ကျော်ကိုကို(ရန်ကုန်ယူနိုက်တက်)၊ ရန်ပိုင်(ရတနာပုံ)

Mizzima

No comments:

Post a Comment