Latest News

Monday, July 3, 2017

အမြစ်တွယ်နေသည့် ကျူရှင်စနစ်ကို အစိုးရသစ် ပြောင်းလဲမည်ဟုဆို

အမြစ်တွယ်နေသည့် ကျူရှင်စနစ်ကို အစိုးရသစ် ပြောင်းလဲမည်ဟုဆို

မြန်မာနိုင်ငံတွင် အမြစ် တွယ်နေသည့် ကျူရှင်စနစ်ကို အစိုးရသစ်က ပြောင်းလဲမည်ဖြစ် ပြီး ရေးဆွဲထားသော ဥပဒေများ အကျိုးသက်ရောက်မှု မရှိပါက တရားစွဲဆိုနိုင်ကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ထိုင်းရောက် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြား ခဲ့သည်။

ကျူရှင်စနစ် ပပျောက်ရန် ရည်ရွယ်ချက်ဖြင့် ဆရာ၊ ဆရာမ များအား လစာတိုးမြှင့်မှုများပြု လုပ်ခဲ့သော်လည်း ကြားမှ ဖြတ် တောက်မှုများရှိနေ၍ အစိုးရသစ် လက်ထက်၌ ဆရာ၊ ဆရာမများ လစာ ပြည့်ပြည့်ဝဝ ရရှိစေရန် ပထမအဆင့်အနေဖြင့် ဘဏ်အ ကောင့်မှတစ်ဆင့် လွှဲထည့်ပေး သည့်စနစ်ကို စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။

‘‘အခုခေတ်က ကျူရှင်ဆို တာကြီးကို ထမင်းစားရေသောက် လိုဖြစ်နေပြီ။ တော်တော်ကို ပြောင်းယူရမယ်။ နံပါတ်တစ်က တော့ ကျူရှင်ပေးရတဲ့အကြောင်း ရင်းကတော့ ဆရာ၊ ဆရာမတွေ လစာပြည့်ပြည့်ဝဝမရလို့၊ ဒီကိစ္စ ကို ပြောင်းရမယ်’’ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

တစ်ချိန်က မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ကျူရှင်ပေး ခြင်းများမရှိခဲ့ဘဲ ကျူရှင်ယူသူများ သည် အင်မတန်မှ ညံ့ဖျင်းသူများ ဖြစ်ပြီး ရှက်စရာ
အလွန်ကောင်း ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း
ပြောကြားသည်။

ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ပညာရေးစနစ် မြင့်မားစေရန် ဥပဒေရေးဆွဲနေရုံဖြင့် မပြီးဆုံးဘဲ အကောင်အထည်ဖော်နိုင်ရန် အ ရေးကြီးကြောင်းနှင့် ဥပဒေဆို သည်မှာ အကျိုးသက်ရောက်မှု မရှိဘဲ ရေးဆွဲထားလျှင် အစိုးရနှင့် မိဘများကို တရားစွဲဆိုနိုင်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံရောက် တက္က သိုလ်ဆရာတစ်ဦးက မြန်မာနိုင်ငံ တွင် တက္ကသိုလ်အရေအတွက်မှာ လိုအပ်သည်ထက် များပြားနေ သောကြောင့် နိုင်ငံရပ်ခြားမှ အ ဆင့်မြင့် ပညာသင်ယူလာသူ ပုဂ္ဂိုလ်များမှာ ကျောင်းသားများ အား ပြန်လည်မျှဝေချိန်မရှိဘဲ ပါမောက္ခချုပ်များ တာဝန်ထမ်း ဆောင်နေခြင်းကို စဉ်းစားရန်နှင့် ပုဂ္ဂလိကတက္ကသိုလ်များဖွင့်လှစ် ခွင့်ပေးနေခြင်းတို့နှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား မေးမြန်းတင်ပြခဲ့သည်။

ယင်းမေးခွန်းအပေါ် ဒေါ် အောင်ဆန်းစုကြည်က ‘‘အားလုံး ပြန်ပြင်ရမယ်။ စတာတော့ အ ဆင့်မြင့်ပညာရေးဥပဒေကို အမြန်ဆုံးရေးဆွဲရမယ်။ အဆင့်မြင့် ပညာရေးဥပဒေ မရေးဆွဲခင်တော့ အခု ပညာရေးစနစ်ကို ပြင်ဖို့ဆို တာ ခက်ပါတယ်။ ဘယ်လိုပုံစံ ပြင်မလဲဆိုတာ ကိုယ့်ဆီမှာ အစီ အစဉ်ရှိရမယ်။ Plan (အစီအစဉ်)မရှိဘဲ ဟိုနေရာ တစ်တို့၊ ဒီနေရာ တစ်တို့ လုပ်လို့မရပါဘူး’’ဟု ပြန် လည်ဖြေကြားခဲ့သည်။

ဇွန်လ ၂၅ ရက်က ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းရောက် တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ တွေ့ဆုံခဲ့ရာ၌ မြန်မာနိုင်ငံ၏ ပညာရေး
စနစ်အကြောင်း အဓိက ဆွေးနွေးခဲ့သည်။
7Day News

No comments:

Post a Comment